ယူကရိန်းနိုင်ငံမှာပြုလုပ်နေတဲ့ အထူးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ဘက်မျှစွာ ရပ်တည်လျက်ရှိ ကြောင်း ရုရှားသံအမတ်ကြီးပြော

PUBLISHED - March 19, 2022
နိုင်ငံတကာ၊ မတ် ၁၉
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးဆင်နွှဲတိုက်ခိုက်နေတဲ့ ရည်ရွယ်ချက်တွေကို အိန္ဒိယနိုင်ငံက သဘောပေါက်နားလည်ပြီး ယူကရိန်းအရေးနဲ့ပတ်သက်လို့ ဘက်မျှစွာရပ်တည်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး ဒီနစ်အလီပို့ဗ်က ရုရှား 24 TV channel နဲ့ အင်တာဗျူးလုပ်စဉ် ပြောကြားလိုက်ပါ တယ်။
“အိန္ဒိယနိုင်ငံဟာ အထူးစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တွေကိုသာမက ဥရောပဒေသရဲ့ လုံခြုံရေးမူလအခြေအနေ တွေ၊ လတ်တလောကာလနဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာလာတဲ့ ရုရှား-ယူကရိန်း ဆက်ဆံရေးအခြေအနေတွေ ကိုကောင်းကောင်းကြီးသဘောပေါက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပိုမိုဆိုးရွားလာ တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ဘက်မျှတဲ့ဘက်မှာရပ်တည်နေတဲ့ ရည်ရွယ်ချက်တွေထဲက ရည်ရွယ်ချက်တစ်ခုပါပဲ။” လို့ သံအမတ်ကြီး ဒီနစ်အလီပို့ဗ်ကပြောပါတယ်။
အနောက်နိုင်ငံတွေနဲ့မတူတာက အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံကို အဆိုးမြင်ဝါဒနဲ့ ပုံဖော်ပြောဆိုခြင်းမရှိကြောင်း ရုရှားသံအမတ်ကြီးကပြောပါတယ်။
“အိန္ဒိယနိုင်ငံဟာ ဘက်မလိုက်အနေအထားနဲ့ပဲ ရပ်တည်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ဒွန်းဘက်စ်ဒေသကခွဲထွက်လာတဲ့ ပြည်နယ်နှစ်ခုရဲ့ အကူအညီတောင်းဆိုမှုကြောင့် ရုရှားသမ္မတဗလာဒီမာပူ တင်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းနိုင်ငံထဲကို အထူးစစ်ဆင်ရေးအမည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်ထားဖို့ အစီအစဉ်မရှိကြောင်း သမ္မတပူတင်က အလေး ထား ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ယူကရိန်းနိုင်ငံမှာ စစ်ကင်းမဲ့ဇုန်အဖြစ်တည်ဆောက်ဖို့နဲ့ နာဇီဝါ ဒဖယ်ရှားရေးပဲဖြစ်ကြောင်း သမ္မတပူတင်က ပြောဆိုခဲ့ပါတယ်။
Ref: India adopts balanced position on Russia’s special operation in Ukraine — Russian envoy
#PeopleMedia
(unicode)
………………………………………
Ref: India adopts balanced position on Russia’s special operation in Ukraine — Russian envoy
#PeopleMedia