ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်သွားပါက ရုရှားနှင့် အနောက်အုပ်စုကြား စစ်မက်ဖြစ်ပွားရန် အစပျိုးပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပူတင်ပြော

PUBLISHED - February 2, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂ (People Media)
ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်သွားပါက ရုရှားနိုင်ငံနှင့် အနောက်အုပ်စုမဟာမိတ်နိုင်ငံများကြား စစ်မက်ဖြစ် ပွားစေရန် အစပျိုးပေးလိုက်ခြင်းဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြော ကြားလိုက်သည်။
ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာပါက ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံကသိမ်းပိုက်ထားသော ခရိုင်း မီးယားဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအသုံးပြုရေးအတွက် ယူကရိန်းအစိုးရက ကြိုးပမ်းလာမည် ဖြစ်ကြောင်း သမ္မတပူတင်က ပြောသည်။
“ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သွားပြီး အဲဒီလို စစ်ဆင်ရေးမျိုးဆောင်ရွက်လာပြီဆိုပါတော့ ကျွန်တော်တို့က နေတိုးအဖွဲ့နဲ့ တိုက်ရမှာလား။” ဟု ကရင်မလင်နန်းတော်တွင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပူတင်ကပြောကြားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့သို့ဝင်ရောက်ရန် နှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်းခဲ့သော်လည်း နေတိုး မဟာမိတ်အဖွဲ့က ယင်းအကြောင်းကိုပြောဆိုခြင်းမပြုသလို ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံမည့် အ ရိပ်အယောင်လည်းမပြခဲ့ပေ။
ဇွန်လအတွင်းက နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံသွားမည့်အဆင့်ရောက် ရှိနေခြင်းရှိမရှိ သတင်းထောက်များကမေးမြန်းခဲ့ရာ “ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေစရာမရှိသေးပါဘူး။” ဟု အ မေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတင်းထောက်များကိုပြောဆိုခဲ့သည်။
ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်ဖွဲ့ဝင်များ အင်အား ၁၀၀၀၀၀ ဝန်းကျင်စုဖွဲ့ထားသဖြင့် ယူကရိန်းနိုင်ငံ ကို ရုရှားနိုင်ငံက ကျူးကျော်လာနိုင်သည့်အရေးအတွက် စိုးရိမ်ပူပန်မှုများမြင့်တက်နေစဉ်အတွင်း ရုရှားသမ္မတ ပူတင်၏ မှတ်ချက်စကားများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရုရှားအစိုးရက ၎င်းတို့အနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်းပြောဆိုသော် လည်း အနောက်နိုင်ငံများက ယုံကြည်မှုမရှိပေ။
ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုမှာ မကြာမီကာလအတွင်းဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံက ပြော သော်လည်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ယင်းပြောဆိုချက်ကို ငြင်းဆိုထားသည်။ ယူကရိန်းနိုင်ငံ ၏ စီးပွားရေးကို ထိခိုက်စေနိုင်သည့် ထိန်းမနိုင်သိမ်းမရကြောက်စိတ်မွှန်ခြင်းမျိုးကို ရှောင်ရှားရန် အနောက်နိုင်ငံ များကို ဇီလန်စကီးက တိုက်တွန်းပြောဆိုလိုက်သည်။
Ref: Putin says if Ukraine ever joins NATO, it may trigger a war between Russia and the alliance
#PeopleMedia
(unicode)
………………………………………………………………………
Ref: Putin says if Ukraine ever joins NATO, it may trigger a war between Russia and the alliance
#PeopleMedia