ယူကရိန်းကိုထောက်ပံ့ထားတဲ့လက်နက်သုံးစွဲမှုကန့်သတ်ထားတာတွေကို အမေရိကန်က မကြာခင် ဖယ်ရှားပစ် တော့မယ်လို့ ရုရှားပြော
PUBLISHED - August 24, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၄
အမေရိကန်အစိုးရဟာ ယူကရိန်းကို ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေကို မကြာခင် ဖယ်ရှားပစ်လိမ့်မယ်လို့ ယုံကြည်ရလောက်တဲ့အကြောင်းရင်း ရှိကြောင်း အမေရိကန်နိုင်ငံဆိုင်ရာရုရှား သံအမတ်ကြီး အနာတိုလီအန်တိုနော့ဗ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်ထုတ်လက်နက်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်တဲ့နေရာမှာအသုံးမပြုဖို့ အမေရိ ကန်အစိုးရရဲ့ ကန့်သတ်တားမြစ်မှုကို “ဆွပေးတဲ့အနေနဲ့” ရုရှားသံအမတ်ကြီးက အခုလိုပြောလိုက်တာဖြစ်ပါ တယ်။
အဲဒီကန့်သတ်တားဆီးမှုတွေအားလုံးကို ဖယ်ရှားပစ်ရေးအတွက် ဆုံးဖြတ်ချက်ချဖို့ အမေရိကန်အစိုးရက စတင် ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“လက်ရှိအမေရိကန်အစိုးရဟာ လက်တစ်ဖက်က လက်ဆွဲနှုတ်ဆက်ဖို့ ရှေ့ကိုထွက်လာပြီး ဓားမြောင်ကိုင်ထား တဲ့ နောက်ထပ်လက်တစ်ဖက်ကို နောက်ဘက်မှာဝှက်ထားတဲ့သူလိုမျိုး ပြုမူဆောင်ရွက်နေပါတယ်။”လို့ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရကို ရည်ညွှန်းပြီး အန်တိုနော့ဗ်က ပြောပါတယ်။
ယူကရိန်းကို ထောက်ပံ့နေတာတွေနဲ့ မော်စကိုအစိုးရကို စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်ထားတာတွေအပါ အဝင် အမေရိကန်အစိုးရရဲ့ “ရန်လိုတဲ့ မူဝါဒ” ကို ရပ်ဆိုင်းမှသာ စစ်ရေးမဟာအင်အားကြီးနှစ်နိုင်ငံကြားမှာ အ ရေးကြီးတဲ့ဆွေးနွေးပွဲ စတင်ဖြစ်ပေါ်လာမှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။
ယူကရိန်းအစိုးရဟာ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာ ၎င်းတို့ကိုထောက်ပံ့ထားတဲ့လက်နက်တွေကို လုံးဝ လွတ်လပ်စွာအသုံးပြုခွင့်ပေးဖို့ မဟာမိတ်နိုင်ငံတွေကို တောက်လျှောက်တောင်းဆိုနေတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
နိုင်ငံအများစုက ယူကရိန်းအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို အထူးဂရုစိုက်စဉ်းစားသုံးသပ်နေပေမဲ့ အမေရိကန် အ စိုးရကတော့ ယူကရိန်းတောင်းဆိုတဲ့အတိုင်းခွင့်ပြုလိုက်ရင် စစ်ပွဲ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်တဲ့အတွက် ၎င်း တို့ထောက်ပံ့ထားတဲ့လက်နက်တွေကို ပိုမို လွတ်လပ်စွာအသုံးပြု ခွင့်ပေးဖို့ ချီတုံချတုံဖြစ်နေဆဲဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ၎င်းတို့ရဲ့ကန့်သတ်မှုတွေကို မေလအတွင်းက ဖြေလျှော့ပေးခဲ့ပေမဲ့ ခါကိဗ်ဒေသကို ကာ ကွယ်ဖို့အတွက်သာ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံအတွင်းပိုင်းထဲက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် အနောက်တိုင်းကထောက်ပံ့ထားတဲ့ လက်နက်တွေကို ပိုမိုလွတ်လပ်စွာသုံးစွဲခွင့်ရရှိရေးဟာ ယူကရိန်းအစိုးရအတွက် အလွန်အရေးကြီးကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စ်တင်းမ်ဥူမဲရော့ဗ်က ပြောပါတယ်။
“အနောက်တိုင်းက တာဝေးပစ်လက်နက်တွေနဲ့ ရုရှားနောက်ပိုင်းက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီး နိုင်စွမ်းရှိဖို့ဆိုတာ ထပ်တူတပ်မျှ အရေးကြီးပါတယ်။ ဒါဟာ ကျွန်တော်တို့ပြည်သူတွေကို ဂလိုက်ဗုံးတွေနဲ့ တခြား လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်ပါတယ်။” လို့ ၎င်း က ပြောပါတယ်။
Ref: Russia Believes US Will Soon Scrap Limits on Donated Weapons to Ukraine
#PeopleMedia