• Follow Us on
Latest News

Home ယူကရိန်းကိုထောက်ပံ့ဖို့ ဗြိတိန်နိုင်ငံမှာ စစ်လက်နက်ပစ္စည်းတွေကုန်ခမ်းနေပြီဖြစ်ကြောင်း ဗြိတိန်ထိပ်တန်း စစ် ခေါင်းဆောင်တစ်ဦးပြော

ယူကရိန်းကိုထောက်ပံ့ဖို့ ဗြိတိန်နိုင်ငံမှာ စစ်လက်နက်ပစ္စည်းတွေကုန်ခမ်းနေပြီဖြစ်ကြောင်း ဗြိတိန်ထိပ်တန်း စစ် ခေါင်းဆောင်တစ်ဦးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၇

 

ဗြိတိန်နိုင်ငံအနေနဲ့ ယူကရိန်းကို ဆက်လက်ထောက်ပံ့ကူညီဖို့ စစ်လက်နက်ပစ္စည်းတွေ ကုန်ခမ်းနေပြီဖြစ် ကြောင်း ဗြိတိန်စစ်ဘက်ဆိုင်ရာထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းစစ်ပွဲဒုတိယနှစ်ထဲဝင်ရောက်လာတဲ့အချိန်မှာ ယူကရိန်းအစိုးရအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်တွေနဲ့ အမြောက်ကျည်တွေ ပိုမိုလိုအပ်နေကြောင်း အမည်မဖော်လိုတဲ့ ဗြိတိန်ထိပ်တန်းအရာရှိတစ်ဦးက မကြာသေးခင်က The Telegraph မီဒီယာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

 

“စိတ်မကောင်းစွာနဲ့ ပြောရရင် ဗြိတိန်နိုင်ငံမှာ ရှိသမျှကုန်ပါပြီ။ ကျွန်တော်တို့တတ်နိုင်သမျှ အကုန်လုံးပေးခဲ့ပြီးပါ ပြီ။” လို့ အဲဒီစစ်ခေါင်းဆောင်က ပြောပါတယ်။

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် နောက်ထပ် ဒေါ်လာ ၂.၈ ဘီလျံ (ပေါင် ၂.၃ ဘီလျံ) ထောက်ပံ့သွားမှာဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်းဝေါလေ့စ်က ပြောဆိုခဲ့ပေမဲ့ ယူကရိန်းနိုင်ငံကို ဘီလျံနဲ့ချီပြီးတန်ဖိုး ရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ ဗြိတိန်နိုင်ငံမှာ တာဝန်မရှိကြောင်း ၎င်းကပြောပါတယ်။

 

အခုလိုထုတ်ဖော်ပြောကြားလိုက်ပေမဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့ ၎င်းရဲ့ဥရောပ မဟာမိတ်နိုင်ငံအတွက် ဆက်စပ်ပစ္စည်းတွေကို ဆက်လက်ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း အဲဒီပုဂ္ဂိုလ်က ပြော ပါတယ်။

 

အခုလိုပြောကြားပေမဲ့လည်း ယူကရိန်းနိုင်ငံကို တိုးမြှင့်ထောက်ပံ့သွားဖို့ ၎င်းက တခြားနိုင်ငံတွေကို အားပေး တိုက်တွန်းလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံကို ပြီးခဲ့တဲ့နှစ်ကထောက်ပံ့ခဲ့တဲ့နိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံဟာ ဒုတိယအဆင့်ထောက်ပံ့ခဲ့တဲ့ထိပ် တန်းနိုင်ငံဖြစ်ပြီး ဒေါ်လာ ၂.၈ ဘီလျံ (ပေါင် ၂.၃ ဘီလျံ) ထောက်ပံ့ခဲ့ပါတယ်။

 

အဲဒီပမာဏဟာ ယူကရိန်းနိုင်ငံကို ဒေါ်လာ ၇၅ ဘီလျံကျော်ကူညီခဲ့တဲ့ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယ နေရာကလိုက်နေတဲ့ ပမာဏဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ယူကရိန်းအတွက် သံချပ်ကာယာဉ်တွေ၊ တင့်ဖျက်လက်နက်တွေ၊ ဒုံးကျည်စနစ်တွေနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့ပါတယ်။

 

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဗြိတိန်နိုင်ငံတစ်ဝန်းက ကြည်းတပ်တပ်စခန်းတွေမှာ ယူကရိန်း တပ်ဖွဲ့ဝင် ၂၃၀၀၀ ကျော်ကို စစ်သင်တန်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

 

Ref: UK Has Run Out of Weapons to Send to Ukraine: Senior Official

 

#PeopleMedia


Share this post