ယူကရိန်းကိုပို့ပေးတဲ့ စစ်ရေးအကူအညီနဲ့ ရုရှားကို အနိုင်တိုက်ဖို့ မလုံလောက်ကြောင်း ဇီလန်စကီးပြော
PUBLISHED - June 17, 2024
နိုင်ငံတကာ၊ ဇွန် ၁၇
ကမ္ဘာ့နိုင်ငံ ၈၀ က ယူကရိန်းရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထောက်ခံနေစဉ်အတွင်း အနောက်နိုင်ငံတွေက ပို့ ဆောင်ပေးနေတဲ့ စစ်ရေးအကူအညီတွေဟာ ရုရှားကို အနိုင်တိုက်ခိုက်ခိုက်ဖို့အတွက် လုံလောက်ခြင်းမရှိသေး ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ဇွန်လ ၁၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အိန္ဒိယ၊ ဆော်ဒီအာရေးဘီးယားနဲ့ တောင်အာဖရိကနိုင်ငံတွေက တရားဝင်ထုတ်ပြန်ကြေညာချက်မှာ လက်မှတ် ထိုးဖို့ ပျက်ကွက်နေပေမဲ့လည်း “ငြိမ်းချမ်ရေးလမ်းစ” အဖြစ် သတ်မှတ်ဖော်ပြပြီး ဆွစ်ဇာလန်နိုင်ငံမှာ နှစ်ရက် ကြာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို အောင်မြင်မှုတစ်ရပ်အဖြစ် အစည်းအဝေးနောက်ဆုံးရက်မှာ မိန့်ခွန်းပြော ကြားစဉ် ယူကရိန်းသမ္မတက ချီးကျူးပြောဆိုခဲ့ပါတယ်။
သမ္မတပူတင်ဟာ ငြိမ်းချမ်းရေးအတွက် အသင့်မဖြစ်ကြောင်း၊ ယူကရိန်းဟာ ရုရှားနဲ့ စေ့စပ်ညှိနှိုင်းဖို့ အသင့်ရှိပေ မဲ့ ယူကရိန်းရဲ့တရားဝင်နယ်မြေထဲက ရုရှားတပ်တွေ ထွက်ခွာသွားမှသာ စေ့စပ်ဆွေးနွေးမှာဖြစ်ကြောင်း ကိုယ် စားလှယ်တွေကို ဇီလန်စကီးက ပြောပါတယ်။
အနောက်နိုင်ငံတွေက စစ်ရေးအကူအညီဒေါ်လာဘီလျံပေါင်းများစွာထောက်ပံ့နေပေမဲ့လည်း စစ်ပွဲနှစ်နှစ်ကျော် ကြာကာလမှာ ရုရှားတွေကို တိုက်ထုတ်ဖို့ ယူကရိန်းနိုင်ငံက နောက်ထပ်ကြိုးစားရုန်းကန်နေရစဉ်အတွင်း ဆွစ် ဇာလန်နိုင်ငံ ဘန်းဂန်းစတော့အပန်းဖြေစခန်းမှာ အခုလို နှစ်ရက်ကြာအစည်းအဝေးကျင်းပခဲ့တာဖြစ်ပါတယ်။
ဘယ်လိုငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတာပဲဖြစ်ဖြစ် ယူကရိန်းနိုင်ငံရဲ့ နယ်နမိတ်တည်တံ့ခိုင်မြဲမှုကို အခြေခံအချက် အဖြစ်သတ်မှတ်ဖို့ ရုရှားနိုင်ငံကို ဖိတ်ကြားခြင်းမရှိသလို ရုရှားရဲ့အဓိကမဟာမိတ် တရုတ်နိုင်ငံကလည်း တက် ရောက်ခြင်းမရှိတဲ့ အဲဒီအစည်းအဝေးအပြီးမှာ နိုင်ငံပေါင်း ၈၀ က ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
နျူကလီးယားလုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနဲ့ အကျဉ်းသားတွေလဲလှယ်ရေးကိစ္စတွေဟာလည်း အရေးကြီး ကြောင်း အဲဒီနိုင်ငံတွေက သဘောတူခဲ့ပါတယ်။
သမ္မတဇီလန်စကီးက အစည်းအဝေးရဲ့ရလဒ်တွေကို ကြိုဆိုလိုက်ပြီး လူပေါင်းမြောက်မြားစွာ သေဆုံး/ဒဏ်ရာ ရခဲ့ကြပြီး သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ဒုတိယ မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အခြေခံအချက်တွေကို ချမှတ်နိုင်ခဲ့ကြောင်း ပြောပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေက ၎င်းတို့နိုင်ငံကို ပို့ဆောင်ပေးနေတဲ့ လက်ရှိစစ်ရေးအကူအညီ ပမာဏဟာ ယူက ရိန်းစစ်ပွဲအောင်နိုင်ရေးအတွက် မလုံလောက်သေးကြောင်း ၎င်းက ပြောပါတယ်။
“ရုရှားတပ်တွေ ကျွန်တော်တို့ တရားဝင်နယ်မြေတွေထဲက ထွက်သွားမယ်ဆိုရင် ရုရှားဟာ ဘာကိုမှ စောင့်စရာ မလိုဘဲ မနက်ဖြန်/သဘက်ခါတောင် ကျွန်တော်တို့နဲ့ ဆွေးနွေးနိုင်ပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။
ဒါပေမဲ့ ပူတင်ဟာ စစ်ပွဲအဆုံးသတ်ဖို့ အလေးထားစဉ်းစားခြင်းမရှိတဲ့အတွက် ရုရှားနဲ့ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်း မှုတွေဟာ ဖြစ်နိုင်ခြေမရှိသေးကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဥူးဇူလားဗွန်ဒါလားယန်းက ပြောပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက သားဖြစ်သူစစ်သား အဖမ်းခံထားရတဲ့ အသက် ၅၆ နှစ်အရွယ် ယာနာရှိုင်ရိုကိရှ်က တော့ “အစည်းအဝေးဟာ သိသာတဲ့အကျိုးသက်ရောက်မှုရှိမယ်လို့ ယုံကြည်ချင်ပေမဲ့ အရေးကြီးတဲ့နိုင်ငံတချို့ က တရားဝင်ထုတ်ပြန်ကြေညာချက်မှာ လက်မှတ်မထိုးခဲ့ဘူး” လို့ ပြောပါတယ်။
Ref: Zelensky warns military aid sent to Ukraine will not defeat Russia
#PeopleMedia