ယူကရိန်းကိုရောင်းဖို့ရည်ရွယ်ပြီး သြစတေးလျကုမ္ပဏီနှစ်ခု ဒုံးကျည်တပ်ထားတဲ့စက်ရုပ်ယာဉ်ငယ်တစ်စီး ထုတ် ဖော်ပြသ

PUBLISHED - September 12, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂
သြစတေးလျကုမ္ပဏီနှစ်ခုဖြစ်တဲ့ Black Sky Aerospace ကုမ္ပဏီနဲ့ Funnel Web Systems ကုမ္ပဏီတို့ဟာ အနာဂတ်ကာလမှာ ယူကရိန်းကိုရောင်းချဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဒုံးကျည်တပ်ဆင်ထားတဲ့စက်ရုပ် ယာဉ်ငယ်တစ်စီးကို ထုတ်ဖော်ပြသလိုက်ပါတယ်။
လူနဲ့အတူသယ်ဆောင်သွားနိုင်တဲ့ “အဝေးထိန်းမောင်းသူမဲ့ယာဉ်ငယ် (remotely-operated portable unmanned ground vehicle -UGV) ကို အသုံးပြုပြီး တပ်ဖွဲ့ဝင်တစ်ဦးဟာ အဝေးကနေ ပစ်ခတ်နိုင်ကြောင်း Funnel Web Systems ကုမ္ပဏီတို့က ပြောပါတယ်။ “လူတွေက စက်ရုပ်တွေကို အာရုံခံကိရိယာတွေ၊ ဝန်တင် ယာဉ်တွေ၊ ထောက်လှမ်းရေးအလုပ်၊ စောင့်ကြည့် ထောက်လှမ်းရေးအလုပ်နဲ့ ကင်းထောက်အလုပ်တွေအတွက် အသုံးချဖို့ စဉ်းစားကြတယ်။ ကျွန်တော်တို့ကတော့ စက်ရုပ်တွေကို အစွယ်တွေတပ်ပေးလိုက်ပါတယ်။” လို့ Black Sky Aerospace ကုမ္ပဏီရဲ့အမှုဆောင် အရာရှိ ဘလိပ်နစ်ကိုလစ်စကားကို ကိုးကားပြီး” AUManufact uring က ရေးသားထားပါတယ်။
ယူကရိန်းစစ်မြေပြင်လို တပ်ဖွဲ့ဝင်တွေအတွက် အလွန်အန္တရာယ်များတဲ့အခြေအနေမျိုးမှာ အခုလို စက်ရုပ်ယာဉ် ငယ်ကနေ ဒုံးကျည်တစ်စင်းပစ်လွှတ်ဖို့အတွက် ရည်ရွယ်ပြီး သြစတေးလျကုမ္ပဏီတွေက စဉ်းစားထုတ်လုပ်ခဲ့ တာဖြစ်ကြောင်း နစ်ကိုလစ်က ပြောပါတယ်။
အလွန်အကြမ်းခံပြီး ရွေ့လျားနိုင်တဲ့ “အဝေးထိန်းမောင်းသူမဲ့ယာဉ်ငယ်” (unmanned ground vehicle –UGV) ကို တစ်ကိုယ်ရည်သုံးအဝေးထိန်းကိရိယာကို အသုံးပြုပြီး ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ အဝေးထိန်းမောင်းသူမဲ့ယာဉ်ငယ်မှာ ကင်မရာတစ်လုံးတပ်ဆင်ထားတဲ့အတွက် ပတ်ဝန်းကျင်အခြေအနေ အားလုံးကို ဗီဒီယိုရိုက်ယူပြီး “ဒုံးကျည်ဘယ်နေရာကို ပစ်ခတ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက်” ထိန်းချုပ် ထားတဲ့တပ်ဖွဲ့ဝင်ထံကို ပြန်လည်ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
၁.၅ ကီလိုဂရမ် (၃.၃၀ ပေါင်) အလေးချိန်ရှိတဲ့ ဒီအဝေးထိန်းမောင်းသူမဲ့ယာဉ်ငယ်ဟာ ၆၀ မမ အရွယ်အစားရှိ ဒုံးကျည်ကို ထည့်သွင်းပစ်ခတ်နိုင်ပြီး နောက်ထပ် ထပ်မံထုတ်လုပ်မယ့် မူကွဲအမျိုးအစားတွေမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဒုံးကျည်တွေ ထည့်သွင်းပစ်ခတ်နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်ဘက်က ကိုယ်စားလှယ်တွေက ဒီလက်နက်စနစ်ကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး လက်ရှိ ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အသုံးပြုဖို့အတွက် စီစဉ်နေတယ်လို့ ဗြိတိန်နိုင်ငံက လူပြိန်းကြိုက်သတင်းစာတွေက ရေး သားထားပါတယ်။
Ref: Australian Firms Eye Selling Rocket-Armed Robot to Ukraine
#PeopleMedia