ယူကရိန်းကို ကူညီမယ့် အမေရိကန်ရဲ့ရန်ပုံငွေလိုအပ်ချက်တွေကို ဥရောပသမဂ္ဂက ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း ပြောကြား

PUBLISHED - October 7, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၇
ဥရောပသမဂ္ဂအနေနဲ့ ယူကရိန်းနိုင်ငံကိုကူညီထောက်ပံ့ဖို့ ဆုံးဖြတ်ထားခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုကထား ခဲ့တဲ့ရန်ပံုံငွေလိုအပ်ချက်ကို ဆက်လက်ဖြည့်ဆည်းနိုင်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီး အပါအဝင် ဥရောပခေါင်းဆောင်တွေကို ကြာသပတေးနေ့ (အောက်တိုဘာလ ၅ ရက်နေ့) က ကျင်းခဲ့တဲ့အစည်း အဝေးတစ်ခုမှာ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် သမ္မတဂျိုးဘိုင်ဒန်က “ယူကရိန်းနိုင်ငံအ တွက် အမေရိကန်ထောက်ပံ့မှုတွေ လမ်းချော်သွားနိုင်တာကို စိုးရိမ်ပူပန်မိကြောင်း” ပြောဆိုလိုက်ပြီးနောက်မှာ စိုးရိမ်မှုတွေ စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
“အမေရိကန်ကထားခဲ့တဲ့ လိုအပ်ချက်တွေကို ဥရောပက ဖြည့်ဆည်းပေးနိုင်မလားတဲ့။ သေချာပါတယ် ဥရောပ ဟာ အမေရိကန်ထားခဲ့တဲ့လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ပါဘူး။” လို့ စပိန်မြို့မှာကျင်းပတဲ့ ဥရောပနိုင် ငံရေးအသိုင်းအဝိုင်း (EPC) အစည်းအဝေးတစ်ခုကိုတက်ရောက်လာတဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီး အကဲ ဂျိုးဇက်ဘောရယ်လ်က ပြောပါတယ်။
EPC အစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင်အများအပြားကို စကားပြောခဲ့တဲ့ ဇီလန်စကီးကတော့ ၎င်းအနေနဲ့ အ မေရိကန်နိုင်ငံရေးမုန်တိုင်းတွေကို စိုးရိမ်ပူပန်မိပေမဲ့ အမေရိကန်ပါတီကြီးှနှစ်ရပ်ရဲ့ထောက်ခံမှုကိုတော့ ယုံကြည် နေဆဲဖြစ်ကြောင်း ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ခုခံစစ်ပွဲမှာ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအများစုဟာ အလွန် အရေးပါတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေလွှဲပြောင်းပေးတာအပါအဝင် ယူကရိန်းစစ်ပွဲမှာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ထောက်ပံ့ သွားဖို့ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကတိပြုထားခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပါအဝင် ယူကရိန်းနိုင်ငံအတွက်ကူ ညီဖို့ ဒေါ်လာ ၁၁၃ ဘီလျံခွင့်ပြုလိုက်စဉ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံအတွက် စစ်ရေး အကူအညီအဖြစ် ဒေါ်လာ ၄၃ ဘီလျံ သုံးစွဲပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကသဘောတူညီချက်တစ်ရပ်ရဲ့အစိတ်အပိုင်းကြောင့် အတိုက်အခံရီပတ်ဘလီ ကန်ပါတီဝင်တွေက အမေရိကန်အစိုးရရဲ့လုပ်ဆောင်မှုတွေကို ရပ်တန့်ထားဖို့ ရုတ်တရက်တွန်းအားပေးခဲ့တာ ကြောင့် ယူကရိန်းနိုင်ငံအတွက် အမေရိကန်ကဆောင်ရွက်ပေးမယ့် ရန်ပုံငွေထောက်ပံ့မှု အစီအစဉ်သစ်တွေကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။
ဂျာမနီနိုင်ငံက ယူကရိန်းအတွက် နောက်ထပ် ပက်ထရီယော့ခ်ဒုံးကျည်တွေ ထပ်မံပေးပို့သွားဖို့ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက်ပေါ်မှာပြောကြားခဲ့ပြီးနောက် ဥရောပနိုင်ငံတွေကလည်း စစ်ရေးအကူ အညီတွေတိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
ဂျာမနီနိုင်ငံအနေနဲ့ ပက်ထရီယော့ခ်ဒုံးကျည်တစ်စုံ ယူကရိန်းကိုထောက်ပံ့ခဲ့ပြီးဖြစ်သလို အဲဒီလိုထောက်ပံ့ရတာ ဟာလည်း ၎င်းတို့အတွက် အလွန်ခက်ခဲကြောင်း၊ အခုထပ်မံထောက်ပံ့မယ့် ပက်ထရီယော့ခ်ဒုံးကျည်ဟာ ယူက ရိန်းအတွက် ပိုမိုအကာအကွယ်ဖြစ်စေမှာဖြစ်ကြောင်း ဂျာမန်အဓိပတိ အိုလက်ရှိုးက ပြောပါတယ်။
ရုရှားနိုင်ငံကဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ယူကရိန်းရွာသား ၅၁ ဦး သေဆုံးခဲ့တဲ့နေ့မှာပဲ ဂျာမနီက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကို ရေရှည်ထောက်ပံ့လာရတာကြောင့် အားအင်ကုန်ခမ်းနွမ်းနယ်လာပြီး ၎င်း အတွက် အောင်ပွဲရဖို့ လမ်းကြောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က မျှော်လင့်ထား ကြောင်း EPC အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
“ကျွန်မထင်ပါတယ်… ရုရှားအစိုးရက ကျွန်မတို့ကို မောပန်းသွားစေ့ချင်နေတာပါ။ ကျွန်မတို့ မောပန်းမသွားဘူး အားအင်ကုန်ခမ်းမသွားဘူးဆိုတာ သူတို့သိအောင် ပြသရမှာဖြစ်ပါတယ်။ စစ်ပွဲဖြစ်နေသမျှကာလပတ်လုံး ကျွန် မတို့ ယူကရိန်းကို ဆက်လက်ကူညီရမှာဖြစ်ပါတယ်။” လို့ အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကားလပ်စ် က ပြောပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့လည်း ယူကရိန်းကိုဆက်လက်ကူညီသွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက် ခရွန်ကလည်း ဇီလန်စကီးနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပနိုင်ငံတွေထဲမှာလည်း သဘောထားကွဲပြားမှုတွေ ပေါ်ထွက်လာပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီပေးနေတာကို ဆန့်ကျင်တဲ့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရလာပြီးနောက် အိမ် နီးချင်း ယူကရိန်းနိုင်ငံကို စစ်ရေးအရအကူအညီပေးဖို့ ဆုံးဖြတ်ထားတာတွေကို ရပ်တန့်ထားမယ်လို့ ဆလိုဗက် ကီးယားနိုင်ငံက မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။
Ref: EU Says Can’t Fill US Funding Gap Supporting Ukraine
#PeopleMedia