ယူကရိန်းကို စစ်ရေးအကူအညီပေးမယ့် ဆုံးဖြတ်ချက်တွေ ဆလိုဗက်ကီးယားရပ်ဆိုင်းထား

PUBLISHED - October 6, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၆
ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးနေတာကို ဆန့်ကျင်တဲ့ခေါင်းဆောင်တွေ ရွေးကောက်ပွဲမှာ အနိုင်ရလာ ခဲ့တဲ့အတွက် ဆလိုဗက်ကီးယားအစိုးရဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီတွေပေးနေတဲ့ဆုံး ဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ရပ်တန့်ထားလိုက်ကြောင်း ဆလိုဗက်ကီးယားသမ္မတရုံးက အောက်တိုဘာလ ၅ ရက်နေ့ (ကြာသပတေးနေ့) က ပြောကြားလိုက်ပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ လတ်တလောကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ထင်ဟပ်စေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ မကြာခင်အနားယူတော့မယ့် ဝန်ကြီးချုပ်ရဲ့အမြင်ကို သမ္မတဇူဇာနာကာပူတိုဗာက ပြန်လည်မျှဝေခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် မာတင်စတိဇင့်စ်က AFP သတင်းဌာနကိုပြောပါတယ်။
“အခုလိုအချိန်မှာ စစ်ရေးအကူအညီနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ အစိုးရသစ်အတွက် ထုံးတမ်းစဉ် လာတစ်ခုဖြစ်သွားပါလိမ့်မယ်။ မကြာခင်အနားယူတော့မယ့် အစိုးရအဖွဲ့ဟာ ၎င်းတို့ရဲ့လုပ်ပိုင်ခွင့်တွေကိုကန့် သတ်ထားလိုက်ပါပြီ။” လို့ မာတင်စတိဇင့်စ်က ပြောပါတယ်။
သမ္မတဇူဇာနာကာပူတိုဗာကတော့ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးနေတာနဲ့ပတ်သက်ပြီး ၎င်းရဲ့သ ဘောထားကို မပြောင်းလဲကြောင်း၊ သမ္မတအနေနဲ့ ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် မာတင်စတိဇင့်စ်က ပြောပါတယ်။
စနေနေ့ကရွေးကောက်ပွဲမှာ ပါတီက မဲအရေအတွက် ၂၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ထိပ်ကပြေးနေတဲ့အတွက် ယူက ရိန်းကို စစ်ရေးအကူအညီပေးနေတာတွေ ရပ်တန့်ပစ်မယ်လို့ ကတိပြုခဲ့တဲ့ ထင်ရှားတဲ့ခေါင်းဆောင် ရောဘတ်ဖီ ကို အစိုးရသစ်ဖွဲ့စည်းဖို့ တနင်္လာနေ့က တာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ထောက်ခံတဲ့ တိုးတက်သောဆလိုဗက်ကီးယားပါတီကတော့ ထောက်ခံမဲ ၁၈ ရာခိုင်နှုန်းသာရရှိပြီး ဒုတိယနေရာက လိုက်ခဲ့ပါတယ်။
Ref: Slovakia Freezes Decisions on Ukraine Military Aid
#PeopleMedia