ယူကရိန်းကို တပ်ဖွဲ့ဝင် ၂၀၀၀ ပို့ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့စွပ်စွဲချက် ပြင်သစ်ငြင်းဆို

PUBLISHED - March 20, 2024
နိုင်ငံတကာ၊ မတ် ၂၀
ပြင်သစ်နိုင်ငံက ယူကရိန်းကို တပ်ဖွဲ့ဝင် ၂၀၀၀ စေလွှတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့စွပ်စွဲချက်ကို ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (SVR) အကြီးအကဲက ပြောဆိုခဲ့တဲ့မှတ်ချက်ဟာ လုပ်ကြံသတင်းတွေကို ရုရှားက စနစ်တကျအသုံးပြုနေတယ်ဆိုတာကို ညွှန်ပြလိုက်တာဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာန က Anadolu သတင်းဌာနကို ပြောပါတယ်။
ပြင်သစ်နိုင်ငံဟာ တပ်ဖွဲ့ဝင်အင်အား ၂၀၀၀ ကို ယူကရိန်းကို စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (SVR) အကြီးအကဲ ဆာဂျီနာရှ်ကင်က အင်္ဂါနေ့ (မတ်လ ၁၉ ရက်နေ့) က ပြောကြားခဲ့ တာဖြစ်ပါတယ်။
ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ဟာ ၎င်းနိုင်ငံထဲမှာ အုံလိုက်ကျင်းလိုက် ဆန္ဒပြလာမှာကို ကာကွယ်တား ဆီးတဲ့အနေနဲ့ ယူကရိန်းမှာကျဆုံးခဲ့တဲ့ ပြင်သစ်တပ်ဖွဲ့ဝင်အရေအတွက် အမှန်ကို ဖုံးကွယ်နေတယ်လို့ ရုရှားအ စိုးရပိုင် TASS မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ဆာဂျီနာရှ်ကင်က ပြောပါတယ်။
ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံက တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ကိစ္စကို ထည့်မစဉ်းစားဘဲ နေမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့လက ပြင်သစ်သမ္မတမက်ခရွန်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ နှစ်နှစ်ကြာမြင့်လာတဲ့အချိန်မှာ ပြင်သစ်သမ္မတက အခုလိုပြောကြားလိုက်ပေမဲ့ မဟာမိတ်နိုင်ငံ တွေကတော့ အဲဒီပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။
Ref: France denies sending 2,000 troops to Ukraine
#PeopleMedia