• Follow Us on
Latest News

Home ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်ရင် အနောက်အုပ်စုဟာ ရုရှားနဲ့ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်လို့ ပူတင်ပြော

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်ရင် အနောက်အုပ်စုဟာ ရုရှားနဲ့ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်လို့ ပူတင်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

 

အနောက်အုပ်စုက ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်အတွင်းပိုင်းအထိ တိုက်ခိုက်ခွင့်ပြုလိုက်မယ်ဆိုရင် အနောက်အုပ်စုဟာ ရုရှားနိုင်ငံနဲ့ တိုက်ရိုက် တိုက်ခိုက်ရမှာဖြစ်ကြောင်း ရုရှား သမ္မတဗလာဒီမာပူတင်က ကြာသပတေးနေ့ (စက်တင်ဘာ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အဲဒီလိုခွင့်ပြုလိုက်တာဟာ စစ်ပွဲရဲ့သဘာဝနဲ့ ကျယ်ပြန့်မှုကို ပြောင်းလဲသွားစေမှာဖြစ်ကြောင်း ပူတင်က ပြော ပါတယ်။

 

ရုရှားတပ်တွေရဲ့ တိုက်စွမ်းရည်ကို ကန့်သတ်ဟန့်တားနိုင်ဖို့အတွက် အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေ နဲ့ ဗြိတိန်ထုတ် Storm Shadow ဒုံးကျည်တွေအပါအဝင် အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကိုအသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန် စကီးက လပေါင်းများစွာ တောင်းဆိုနေတာဖြစ်ပါတယ်။

 

ဂြိုဟ်တုပစ်မှတ်ရှာအချက်အလက်တွေနဲ့ ဒုံးကျည်ပျံသန်းမှုလမ်းကြောင်း ပရိုဂရမ်ထည့်သွင်းတာတွေကို ယူက ရိန်းနိုင်ငံက ကိုယ်တိုင်မလုပ်နိုင်တဲ့အတွက် နေတိုးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ပေးရမှာမို့လို့ အဲဒီလိုဆောင် ရွက်ခွင့်ပြုလိုက်မယ်ဆိုရင် ယူကရိန်းကိုထောက်ပံ့နေတဲ့နိုင်ငံတွေဟာ စစ်ပွဲထဲမှာ တိုက်ရိုက်ပါဝင် တိုက်ခိုက်တာ ဖြစ်သွားလိမ့်မယ်လို့ ပူတင်ကပြောပါတယ်။

 

“ဒါ့ကြောင့် ရုရှားကို အဲဒီလိုလက်နက်တွေ အသုံးပြုတိုက်ခိုက်ဖို့ ယူကရိန်းကို ခွင့်ပြုမှာလားဆိုတာက မေးခွန်းမ ဟုတ်ပါဘူး။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင် စစ်ပွဲထဲကို တိုက်ရိုက်ဝင်ပါမှာလား မပါဘူးလားဆိုတာက မေး ခွန်းဖြစ်ပါတယ်။” လို့ ပူတင်က ရုရှားအစိုးရရုပ်သံဌာနကို ပြောပါတယ်။

 

“အဲဒီလို ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံ တွေဟာ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်လာပြီဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ဒါဟာ သူတို့ တိုက် ရိုက်ပါဝင်ပတ်သက်တာပဲဖြစ်လာလိမ့်မယ်။ ဆိုတော့ အဲဒီလိုဖြစ်လာရင် စစ်ပွဲရဲ့ တကယ့်အနှစ်သာရနဲ့ တကယ့် သဘောသဘာဝဟာ သိသိသာသာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်တွေပေါ်အခြေခံပြီး သင့်လျော်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်တွေကို ဆောင်ရွက်ဖို့ ရုရှားနိုင်ငံကို ညွှန်ကြားသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကို တိတိကျကျမပြောပေမဲ့ အရင်တုန်းကတော့ “အနောက်နိုင်ငံတွေ ကို တိုက်ခိုက်ဖို့အတွက် အနောက်နိုင်ငံတွေရဲ့ ရန်ဘက်နိုင်ငံတွေကို ရုရှားလက်နက်တွေ တပ်ဆင်ပေးလိုက်မှာ ဖြစ်ကြောင်း” ပူတင်က ပြောဆိုခဲ့ဖူးပါတယ်။

 

ကမ္ဘာပေါ်မှာ အကြီးမားဆုံး နျူကလီးယားလက်နက်တွေပိုင်ဆိုင်ထားတဲ့ ရုရှားနိုင်ငံဟာ နျူကလီးယားအသုံးပြု ရေးနဲ့ပတ်သက်တဲ့ ၎င်းတို့နိုင်ငံရဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ဝိုင်းဝန်းထောက်ပံ့နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်ဖို့အတွက် နျူကလီးယားလက် နက်တွေအသုံးပြုရေး မူဝါဒတွေ ပြောင်းလဲဖို့အတွက်လည်း သမ္မတပူတင်ကို နိုင်ငံခြားရေးရာသြဇာလွှမ်းမိုးတဲ့ စစ်လိုလားသူ ခေါင်းဆောင်တစ်ဦးကလည်း တိုက်တွန်းနေပါတယ်။

 

Ref: Putin Says West Will Be Fighting Directly With Russia if It Lets Kyiv Use Long-Range Missiles: (Reuters)

 

#PeopleMedia


Share this post