• Follow Us on

Home ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လက်မခံရင် နျူကလီးယားလက်နက်တွေ ပြန်လည်ပိုင်ဆိုင်လာအောင် ဆောင်ရွက်သွားမယ်လို့ ဇီလန်စကီးပြော

ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လက်မခံရင် နျူကလီးယားလက်နက်တွေ ပြန်လည်ပိုင်ဆိုင်လာအောင် ဆောင်ရွက်သွားမယ်လို့ ဇီလန်စကီးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၁

 

ယူကရိန်းနိုင်ငံကို နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံဘူးဆိုရင် ၁၉၉၄ ခုနှစ်က စွန့်လွှတ်ခဲ့တဲ့ နျူက လီးယားလက်နက်တွေ ပြန်လည်ရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ကိူု ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားမယ်ဆိုရင် ရုရှားဟာ နေတိုးအဖွဲ့နဲ့ အလိုအလျောက် စစ်ဖြစ်လာတဲ့ အဓိပ္ပါယ်သက်ရောက်သွားမှာဖြစ်တဲ့အတွက် ယူကရိန်းအနေနဲ့ ကြားနေဝါဒကို အတိုင်းအတာတစ်ခုအထိ ထိန်း သိမ်းထားဖို့ လိုအပ်ကြောင်း ရုရှားနိုင်ငံက တောက်လျှောက်ပြောကြားနေပါတယ်။

 

ရုရှားက အဲဒီလို ပြောကြားနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၃၂ နိုင်ငံက နိုင်ငံအများစုဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ ချီတုံချတုံဖြစ်နေပါတယ်။

 

တခြားရွေးချယ်စရာလမ်းကတော့ ၎င်းတို့နိုင်ငံ ရုရှားထံက လွတ်လပ်ရေးရခါစက ရှိခဲ့တဲ့အတိုင်း နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိရေးပဲဖြစ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ (အောက်တိုဘာလ ၁၇ ရက်နေ့) က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂခေါင်းဆောင်များအစည်းအဝေး မှာ ဇီလန်စကီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။ ယူကရိန်းနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်အောင် ပြန်လုပ် ရမှာလား။ ဒါမှမဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်အောင်လုပ်ရမှာလား။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီးနောက် ယူကရိန်းနိုင်ငံဟာ ဆိုဗီယက်နျူကလီးယားလက်နက်တွေ ကျန်ခဲ့တဲ့နိုင်ငံ့ဖြစ်ပေမဲ့ ယူကရိန်းအချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ဘူဒါပက်သဘောတူညီချက်အစိတ်အပိုင်း တစ်ရပ်အဖြစ် ၁၉၉၄ ခုနှစ်မှာ အဲဒီနျူကလီးယားလက်နက်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

 

ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံဖို့ အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့က ဘာဖြစ်လို့ ဒီ လောက်အထိ စိုးရိမ်ကြောက်ရွံ့နေကြသလဲဆိုတာ ၎င်းအနေနဲ့ နားမလည်နိုင်ကြောင်း ဇီလန်စကီးက ပြောပါ တယ်။

 

“ဖိတ်ခေါ်ချက်တစ်ရပ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲနေတဲ့သူဟာ ရုရှားသမ္မတဗလာဒီမာပူတင်မဟုတ်ဘူးဆိုတာ သက်သေပြဖို့အတွက် ကာကွယ်ရေးအဆင့်တစ်ရပ်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းခေါင်းဆောင်အနေနဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ အမေရိကန်မှာ နောက်ဆုံးအကြိမ်သွားရောက် တွေ့ဆုံခဲ့စဉ်ကလည်း “နျူကလီးယားလက်နက်တွေ ပြန်လည်ရရှိအောင် ကြိုးစားသွားမယ့်အကြောင်း” ထရမ့် ကိုပြောကြားခဲ့တယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။

 

Ref: Zelensky vows to get nuclear weapons if Ukraine not invited to join NATO: National Pulse

 

#PeopleMedia


Share this post