• Follow Us on

Home ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ပင်တဂွန်အကြီးအကဲ တိုက်တွန်း

ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ပင်တဂွန်အကြီးအကဲ တိုက်တွန်း

Share this post

နိုင်ငံတကာ၊ မေ ၂

 

ပက်ထရီယော့ဒုံးကျည်တွေရှိတဲ့နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ဒုံးကျည်တွေထောက်ပံ့ပေးဖို့ အားပေးတိုက်တွန်း လျက်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က အင်္ဂါနေ့ (ဧပြီ ၃၀ ရက်နေ့) က ပြောကြား လိုက်ပါတယ်။

 

ယူကရိန်းအစိုးရက လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ပိုမိုထောက်ပံ့ပေးဖို့ တောင်းဆိုနေစဉ်အတွင်းမှာ ပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ပက်ထရီယော့ဒုံးကျည်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ရှိပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ဆောင်ရွက်နေတာ ကတော့ အဲဒီနိုင်ငံတွေနဲ့ ဆက်လက်ဆက်သွယ်နေတာပဲဖြစ်ပါတယ်။” လို့ သြစတင်က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီကြားနာပွဲမှာ ပြောပါတယ်။

 

“ပြီးခဲ့တဲ့သီတင်းပတ် နှစ်ကပတ်အတွင်း နိုင်ငံလေးငါးနိုင်ငံက ခေါင်းဆောင်တွေနဲ့ ကျွန်တော် စကားပြောခဲ့ပါ တယ်။ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပိုမိုထောက်ပံ့ပေးဖို့ ကျွန်တော် သူတို့ကို တိုက်တွန်းအားပေးခဲ့ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

စပိန်၊ ဂရိ၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်နဲ့ ဆွီဒင်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့မှာ ပက်ထရီယော့ဒုံး ကျည်တွေ ပိုင်ဆိုင်ထားပါတယ်။

 

ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားလေကြောင်းတိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ပက်ထရီယော့ဒုံးကျည် ဒါမှမဟုတ် တခြားအဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ၇ စုံထက်မနည်း လိုအပ်နေတာကြောင့် ယူကရိန်းအ တွက် စစ်ရေးအကူအညီတွေကို တိုးမြှင့်ပေးဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီး က အခုလ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

 

Ref: Pentagon Chief Pushes for Donation of More Patriot Systems to Kyiv

 

#PeopleMedia


Share this post