• Follow Us on
Latest News

Home ယူကရိန်းကို ပြင်သစ်က Mirage-2000 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့မည်

ယူကရိန်းကို ပြင်သစ်က Mirage-2000 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ ဇွန် ၇

 

ယူကရိန်းအစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအသစ်အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြင်သစ်နိုင်ငံက Mirage-2000 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို လွှဲပြောင်းပေးသွားမှာဖြစ်သလို ယူကရိန်းလေသူရဲတွေကိုလည်း လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ကြာသပတေးနေ့ (ဇွန်လ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ယူကရိန်းကို ပြင်သစ် Dassault ကုမ္ပဏီထုတ် Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးပြီး ယူ ကရိန်းလေသူရဲတွေကို ပြင်သစ်နိုင်ငံမှာ လေ့ကျင့်သင်ကြားပေးမယ့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သစ် ကိ မနက်ဖြန်မှာ ကျွန်တော်တို့ ကြေညာပါမယ်။” လို့ မက်ခရွန်က French TV ကို ပြောပါတယ်။

 

ယူကရိန်းလေသူရဲတွေကို အခုနှစ်နွေရာသီကစပြီး လေ့ကျင့်သင်ကြားပေးဖို့ ပြင်သစ်က အယ်လိဇေနန်းတော် မှာ တွေ့ဆုံတဲ့အချိန်မှာ သမ္မတဗလာဒီမာဇီလန်စကီးကို ပြောကြားသွားမှာဖြစ်ကြောင်း မက်ခရွန်ကသောကြာ နေ့က ပြောပါတယ်။

 

“ပုံမှန်အားဖြင့်ဆို ငါးလ-ခြောက်လလောက်ကြာပါမယ်။ ဒါ့ကြောင့် ဒီနှစ် နှစ်ကုန်ကပိုင်းလောက်ဆို လေသူရဲ တွေ လေ့ကျင့်ပြီးသားဖြစ်သွားမယ်။ လေသူရဲတွေကို ပြင်သစ်မှာ သင်ကြားလေ့ကျင့်သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

ဂျက်တိုက်လေယာဉ်တွေ ဘယ်နှစီးလွှဲပြောင်းပေးမယ်ဆိုတာ ၎င်းက အတိအကျမပြောသလို AFP သတင်းဌာန က ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာလည်း အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

ယူကရိန်းနိုင်ငံဟာ ရှေ့တန်းကိုစေလွှတ်ဖို့ တပ်ဖွဲ့ဝင်ပေါင်းမြောက်များစွာကို ကြိုးပမ်းစုစည်းနေရတဲ့အတွက် တပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်သင်ကြားဖို့ကိစ္စမှာ စိန်ခေါ်မှုကြီးကြီးမားမားရှိနေကြောင်း မက်ခရွန်က ပြောပါတယ်။

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေ သင်တန်းပြီးလို့ ၎င်းတို့နိုင်ငံကို ပြန်သွားတဲ့အချိန်မှာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်နိုင် အောင်လို့ ယူကရိန်းတပ်ဖွဲ့ဝင် ၄၅၀၀ နဲ့ဖွဲ့စည်းထားတဲ့ တပ်မဟာတစ်ခုလုံးကို ပြင်သစ်နိုင်ငံက ပြင်ဆင်လေ့ ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

မကြာသေးခင်လတွေအတွင်းက စစ်မြေပြင်မှာ ရုရှားဘက်က အသာစီးရလာတာကြောင့် စစ်ရေးအကူအညီ တွေပိုမိုတိုးမြှင့်ပေးဖို့ ယူကရိန်းနိုင်ငံက ဥရောပကို တောင်းဆိုနေပါတယ်။

 

Ref: France to Transfer Mirage-2000 Fighter Jets to Ukraine: Macron

 

#PeopleMedia


Share this post