• Follow Us on
Latest News

Home ယူကရိန်းကို အရှိန်မြှင့်တိုက်သွားမှာဖြစ်ကြောင်း သမ္မတပူတင်ပြော

ယူကရိန်းကို အရှိန်မြှင့်တိုက်သွားမှာဖြစ်ကြောင်း သမ္မတပူတင်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂

 

ရုရှားနိုင်ငံ ဘဲဂရပ်မြို့ကို စနေနေ့ (ဒီဇင်ဘာလ ၃၀ ရက်နေ့) က ယူကရိန်းကတိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း နိုင်ငံက စစ်ရေးပစ်မှတ်တွေကို ပိုမိုအရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က တနင်္လာနေ့ (ဇန်နဝါရီလ ၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ရုရှားဘက်က ယူကရိန်းမြို့ကြီးတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လာပြီးနောက်မှာ ယူကရိန်းက စနေနေ့က ရုရှားနိုင်ငံ ဘဲဂရမ်မြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၅ ဦးအပါ အဝင် ရုရှားပြည်သူ ၂၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ အရှိန်မြှင့် တိုက်ခိုက်သွားတော့မှာဖြစ်ပါတယ်။ အရပ်သားတွေအပေါ်ကျူးလွန်တဲ့ ဘယ်ရာဇဝတ် မှုမျိုးကိုမှု အပြစ်မပေးဘဲ ထားခဲ့မှာ မဟုတ်ပါဘူး။” လို့ စစ်ဆေးရုံတစ်ခုကို သွားရောက်စဉ်အတွင်း သမ္မတ ပူတင်က ပြောပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းစစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း သမ္မတ ပူတင်က ပြောပါတယ်။

 

“ကျွန်တော်တို့ ဒီကနေ့ တိုက်ခိုက်နေသလို မနက်ဖြန်လည်း ဆက်လက်တိုက်ခိုက်နေမှာပဲဖြစ်တယ်။” လို့ ပူတင် က ပြောပါတယ်။ တပြိုင်တည်းမှာပဲ ရုရှားနိုင်ငံဟာ နှစ်သစ်ကူးနေ့မှာ စံချိန်တင်လောက်တဲ့ ဒရုန်းအရေအတွက် အများအပြားနဲ့ ယူကရိန်းနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောပါတယ်။

 

“ဘဲဂရပ်က တိုက်ခိုက်မှုဟာ အကြမ်းဖက်မှုတစ်ခုပါ။ တခြားစကားလုံးနဲ့ ပြောစရာမရှိပါဘူး။” လို့ သမ္မတပူတင် က ဆေးရုံတက်ရောက်ကုသနေတဲ့ ရုရှားစစ်သည်တွေကို ပြောပါတယ်။

 

ယူကရိန်းစစ်တပ်ဟာ နှစ်သစ်ကူးအကြိုညမတိုင်ခင် အများပြည်သူတွေ လမ်းလျှောက်သွားလာနေကြတဲ့ မြို့ လယ်ကောင်တည့်တည့်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပူတင်က ပြောပါတယ်။

 

အသေအပျောက်စာရင်းက ၂၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ကလေးငယ်တစ်ဦး ကို ကျန်းမာရေးဝန်ထမ်းတွေ မကယ်တင်နိုင်ခဲ့ကြောင်း ဘဲဂရပ်မြို့အုပ်ချုပ်ရေးမှူး ဗီချေ လဗ်ဂလက်ကော့ဗ်က ပြောပါတယ်။

 

“ဒီနေ့ ကလေးဆေးရုံမှာတက်ရောက်ကုသနေတဲ့ ရင်ဘတ်နဲ့ အတွင်းကလီစာတွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ လေးနှစ်သမီးလေးတစ်ယောက် ဆုံးသွားပါပြီ။” လို့ လဗ်ဂလက်ကော့ဗ်က ပြောပါတယ်။

 

သေဆုံးသူ ၂၅ ဦးအပြင် အရပ်သား ၁၀၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဲဒီအထဲက ၄၅ ဦးဟာ ဆေးရုံမှာ ဆက် လက်ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းချင်ပြီဖြစ်ပေမဲ့ ရုရှားဘက်က လိုလား တဲ့စည်းကမ်းချက်အတိုင်းသာ ရပ်နားရမှာဖြစ်တယ်လို့ ၎င်းက ပြောဆိုကြောင်း ရုရှားအစိုးရမီဒီယာ TASS သတင်းဌာနမှာ ဖော်ပြထားပါတယ်။

 

Ref: Putin says Russia will ‘intensify’ attacks on Ukraine: AFP

 

#PeopleMedia


Share this post