• Follow Us on

Home ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေပေးပို့ရင် နျူကလီးယားခြိမ်းခြောက်မှုလို့ သတ်မှတ်သွားမှာဖြစ် ကြောင်း ရုရှားပြော

ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေပေးပို့ရင် နျူကလီးယားခြိမ်းခြောက်မှုလို့ သတ်မှတ်သွားမှာဖြစ် ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၄

 

F-16 ဂျက်တိုက်လေယာဉ်တွေဟာ နျူကလီးယားလက်နက်တွေကို သယ်ဆောင်နိုင်တဲ့အတွက် ယူကရိန်းနိုင်ငံ ကို အနောက်နိုင်ငံတွေက F-16 ဂျက်တိုက်လေယာဉ်တွေပေးပို့တာကို ရုရှားနိုင်ငံက နျူကလီးယားခြိမ်းခြောက် မှုတစ်ရပ်အဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ဇူလိုင်လ ၁၃ ရက် နေ့က ပြောကြားလိုက်ပါတယ်။

 

ရုရှားထိုးစစ်တွေကို ပြန်လည်ခုခံတိုက်ခိုက်နေစဉ်အတွင်း ယူကရိန်းနိုင်ငံက အနောက်နိုင်ငံတွေဆီက စစ်ရေးအ ကူအညီတောင်းခံတဲ့အထဲမှာ ခေတ်မီဂျက်တိုက်လေယာဉ်တွေ ထိပ်ဆုံးက ပါပါတယ်။

 

အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ငံကို တခြားနိုင်ငံတွေက ဂျက်တိုက်လေယာဉ်တွေပံ့ပိုးရေးကိစ္စကို ခွင့်မပြု ပေမဲ့ အမေရိကန်အစိုးရကိုယ်တိုင် F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို ပို့ပေးဖို့ စီစဉ်နေတယ်လို့ လာ ဗရော့က ပြောပါတယ်။

 

“အဲဒီဂျက်တိုက်လေယာဉ်တွေ နျူကလီးယားလက်နက်တွေသယ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ရုရှားနိုင်ငံက လျစ် လျူရှုထားနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုအာမခံချက်မျိုးတွေကမှ ဒီနေရာမှာ အထောက်အကူဖြစ်မှာ မဟုတ်ပါ ဘူး။” လို့ လာဗရော့က ပြောပါတယ်။

 

“စစ်ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရုရှားတပ်ဖွဲ့ဝင်တွေဟာ ဘယ်လေယာဉ်က နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတယ်၊ ဘယ်လေယာဉ်က နျူကလီးယားလက်နက်တွေတပ်ဆင်မထားဘူးဆိုတာ ရွေးထုတ်နေ မှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

“ယူကရိန်းတပ်ဖွဲ့တွေမှာ အဲဒီလိုလက်နက်မျိုးတွေရှိလာတယ်ဆိုရင် အနောက်နိုင်ငံတွေက နျူကလီးယားလက် နက်နဲ့ ခြိမ်းခြောက်တဲ့အနေအထားအဖြစ် ကျွန်တော်တို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါ တယ်။

 

နယ်သာလန်နိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံတို့ဟာ ၁၁ နိုင်ငံညွန့်ပေါင်းမဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူကရိန်းလေသူရဲတွေကို အမေရိကန်ထုတ်ဂျက်တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးမယ့်အစီအစဉ်ကို ဦး ဆောင်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုက အဲဒီအစီအစဉ်ကို ခွင့်ပြုလိုက်ပြီးနောက် သြဂုတ်လအတွင်းမှာ အဲဒီစီမံချက်ကို စတင်ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

 

Ref: Russia Says F-16 Jets in Ukraine Will Be Seen as ‘Nuclear’ Threat

 

#PeopleMedia


Share this post