ယူကရိန်းကို F-16 ဂျက် တိုက်လေယာဉ် ၁၈ စင်း ပို့ပေးဖို့ နယ်သာလန်ပြင်ဆင်နေ

PUBLISHED - December 23, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃
ယူကရိန်းနိုင်ငံ နယ်ပယ်အသီးသီးက ဖိအားတွေအောက်ရောက်နေတဲ့အချိန်မှာ အမေရိကန်ထုတ် F-16 ဂျက် တိုက်လေယာဉ် ၁၈ စင်းကို ယူကရိန်းကို ပေးပို့သွားဖို့ ပြင်ဆင်နေကြောင်း နယ်သာလန်နိုင်ငံက သောကြာနေ့ (ဒီဇင်ဘာလ ၂၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပေးပြီးတာနဲ့ အမေရိကန်ခွင့်ပြုချက်အရ F-16 ဂျက်တိုက်လေ ယာဉ် ၆၁ စင်းအထိ ပို့ပေးသွား မှာဖြစ်ကြောင်း အခုနှစ် သြဂုတ်လအတွင်းက ဒိန်းမတ်နဲ့ နယ်သာလန်က ကြေ ညာခဲ့ပါတယ်။
အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းတွေကို တခြားနိုင်ငံကို ပြန်လည်တင်ပို့မယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်ပြီး အခုပေးပို့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းကိုမပို့ခင် ထပ်မံစမ်း သပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း နယ်သာလန်အစိုးရက ပြောပါတယ်။
“ယူကရိန်းကို ပထမအသုတ်အဖြစ် F-16 ဂျက်တိုက်လေယာဉ် ၁၈ စင်း ပို့ပေးနိုင်ရေးအတွက် ပြင်ဆင်ဖို့ ကျွန် တော်တို့အစိုးရက ဆုံးဖြတ်ချက်ချထားတာကို သမ္မတဗလာဒီမာဇီလန်စကီးဆီကို ဒီကနေ့ပဲ ကျွန်တော်အ ကြောင်းကြားထားပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဒတ်ချ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်စစ်လက်နက်ပစ္စည်းကို ပြည်ပနိုင်ငံတင်ပို့ဖို့ ခွင့်ပြုချက်ရယူရတဲ့အပြင် အဲဒီပစ္စည်းတွေကို မတင်ပို့ ခင်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ/အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်တွေအပါအဝင် တခြားစံနှုန်းတွေအများ အပြားနဲ့လည်း ကိုက်ညီဖို့လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လက်ရှိဖြစ်ပွားနေတဲ့ ရုရှားကျူးကျော်စစ်ကို ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံက လိုအပ်တဲ့စစ်လက်နက် ပစ္စည်းတွေကို ထောက်ပံ့ဖို့ နယ်သာလန်နိုင်ငံရဲ့ ခိုင်မာတဲ့ကတိကဝတ်ကို အခုဆုံးဖြတ်ချက်က အတည်ပြု လိုက်တာဖြစ်ပါတယ်။” လို့ မကြာခင်အနားယူတော့မယ့် ဒတ်ချ်ဝန်ကြီးချုပ် မတ်ခ်ရပ်တာက ပြောပါတယ်။
ဇီလန်စကီးက ၎င်းအနေနဲ့ မတ်ခ်ရပ်တာနဲ့ စကားပြောဆိုခဲ့ပြီး အခုလိုထောက်ပံ့မှုအတွက် မတ်ခ်ရပ်တာကို ကျေးဇူုးတင်စကားပြောခဲ့ကြောင်း ပြောပါတယ်။
“ရှေ့တန်းစစ်မြေပြင်က တိုးတက်မှုတွေအကြောင်း၊ ပင်လယ်နက်ထဲက အခြေအနေတွေအကြောင်းနဲ့ ယူကရိန်း ရဲ့ လက်ရှိစစ်ရေးလိုအပ်ချက်တွေအကြောင်းကို ကျွန်တော်တု့ိ ဆွေးနွေးပြောဆိုခဲ့ပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။
နယ်သာလန်နိုင်ငံဟာ ပြီးခဲ့တဲလကလည်း ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ရိုမေးနီးယား နိုင်ငံကို F-16 ဂျက်တိုက်လေယာဉ် ၅ စင်း ပို့ဆောင်ခဲ့ပါတယ်။
Ref: Dutch Prepare Delivery of F-16 Jets to Ukraine
#PeopleMedia