• Follow Us on

Home ယူကရိန်းကို F-16 တွေ ရောက်လာပေမဲ့လည်း စစ်ပွဲအလှည့်အပြောင်းဖြစ်သွားမှာ မဟုတ်ကြောင်း လေ့လာသူများပြော

ယူကရိန်းကို F-16 တွေ ရောက်လာပေမဲ့လည်း စစ်ပွဲအလှည့်အပြောင်းဖြစ်သွားမှာ မဟုတ်ကြောင်း လေ့လာသူများပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃

 

ယူကရိန်းနိုင်ငံက ကာလရှည်စောင့်မျှော်နေတဲ့ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ်ကို လက်ခံရရှိလိုက်ပြီဖြစ်ပေမဲ့ အဲဒီဂျက်တိုက်လေယာဉ်တွေကြောင့် စစ်ပွဲတစ်ခုလုံး အလှည့်အပြောင်းဖြစ်သွားမှာမ ဟုတ်ကြောင်း ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

ရုရှားက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုက်စိတ်တိုက်ချထားတဲ့ နယ်မြေတွေမှာ အဲဒီခေတ်မီဂျက် တိုက်လေယာဉ်တွေကို ထိန်းချုပ်မောင်းနှင်ပြီး တိုက်ပွဲဝင်ဖို့ ယူကရိန်းတွေအတွက် ထင်သလောက်မလွယ်ကူ ဘဲ ခက်ခဲလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ်ရောက်ရှိလာပြီဆိုတာ အမေရိကန်နဲ့ လစ်သူယေးနီး ယားအရာရှိတွေက အတည်ပြုပြောကြားပါတယ်။

 

အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက F-16 တွေ ယူကရိန်းကိုပို့ဆောင်လိုက်ပြီဆိုတာအတည်ပြု ပြောကြားခဲ့သလို လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း “ယူကရိန်းအတွက် မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာခဲ့ပြီ။” လို့ ပြောပါတယ်။

 

ရောက်ရှိလာတဲ့ ပထမအသုတ် လေယာဉ်အစင်းရေကို တိတိကျကျ မသိရပေမဲ့ ယူကရိန်းအနေနဲ့ အခုနှစ်မကုန် ခင်မှာ F-16 အစင်းရေ ၂၀ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒိန်းမတ်နဲ့ နယ်သာလန်မှာရှိတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းကို ပို့ပေးမယ့်ကိစ္စကို အမေရိကန် အစိုးရက ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ခွင့်ပြုခဲ့ပါတယ်။

 

ဒိန်းမတ်အစိုးရက ယူကရိန်းအတွက် F-16 ဂျက်တိုက်လေယာဉ် ၁၉ စင်း၊ နယ်သာလန်အစိုးရက ၂၄ စင်း ပေး ပို့သွားမယ်လို့ ကတိပြုထားသလို ဘယ်လ်ဂျီယမ်နဲ့ နော်ဝေတို့ကလည်း ဂျက်တိုက်လေယာဉ် အစင်း ၃၀ ပေးပို့ သွားဖို့ ကတိပြုထားရာမှာ အဲဒီအစင်း ၃၀ ထဲမှာလည်း F-16 တိုက်လေယာဉ် ၆ စင်းပါရှိတယ်လို့ဆိုပါတယ်။

 

F-16 တွေ ယူကရိန်းကို ရောက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် “ရုရှားတပ်တွေအနေနဲ့ အမေရိ ကန်ထုတ် ဂျက်တိုက်လေယာဉ်တွေကို ပစ်ချဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း” ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထ ရီပက်စ်ကော့ဗ်က ပြောပါတယ်။

 

အဲဒီ F-16 ဂျက်တိုက်လေယာဉ်တွေဟာ စစ်ပွဲမှာ ဘာမှထိထိရောက်ရောက် စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ လည်း ပက်စ်ကော့ဗ်က ပြောပါတယ်။

 

Ref: First F-16 Fighter Jets Arrive in Ukraine: Officials

 

#PeopleMedia


Share this post