• Follow Us on
Latest News

Home ယူကရိန်းကို FPV ဒရုန်းတွေထောက်ပံ့မယ့်အစီအစဉ်အတွက် ဝိုင်းဝန်းကူညီကြဖို့ ဗြိတိန်နဲ့ လတ်ဗီးယား တိုက်တွန်းပြောကြား

ယူကရိန်းကို FPV ဒရုန်းတွေထောက်ပံ့မယ့်အစီအစဉ်အတွက် ဝိုင်းဝန်းကူညီကြဖို့ ဗြိတိန်နဲ့ လတ်ဗီးယား တိုက်တွန်းပြောကြား

Share this post

နိုင်ငံတကာ၊ ဇွန် ၈

 

ယူကရိန်းနိုင်ငံအတွက် ဒရုန်းစုပေါင်းထောက်ပံ့ရေးစီမံချက်အရ FPV (First-Person View) ဒရုန်းတွေဝယ်ယူ နိုင်ဖို့ အကူအညီတောင်းခံမှုအစီအစဉ်ကို ဗြိတိန်နဲ့ လတ်ဗီးယားနိုင်ငံတို့က စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

ဒီလိုအကူအညီပေးဖို့ တိုက်တွန်းပြောကြားတဲ့အစီအစဉ်ဟာ ရုရှားရန်ကိုကာကွယ်နေတဲ့ ယူကရိန်းကို ကူညီ ထောက်ပံ့ဖို့အတွက် နောက်ထပ်စစ်ရေးအကူအညီတွေ ကြိုးပမ်းရှာဖွေနေတဲ့ အမေရိကန်ဦးဆောင်တဲ့ ယူက ရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ (Ukraine Defense Contact Group – UDCG) ရဲ့ ဆောင်ရွက်မှုအစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံကို လာမယ့်လတွေအတွင်းမှာ FPV ဒရုန်းတွေ အများအပြားထောက်ပံ့ဖို့အတွက် UDCG ကို ဗြိတိန်၊ လတ်ဗီးယားနဲ့ ဆွီဒင်နိုင်ငံတို့က အခုနှစ်အစောပိုင်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားကျူးကျော်တို်က်ခိုက်ကတည်းက အရှေ့ဥရောပမှာ FPV ဒရုန်းတွေရဲ့ ထိရောက် မှုကို အခြေခံပြီး အဲဒီ ဒရုန်းတွေကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါ တယ်။

 

ဒီလက်နက်စနစ်တွေဟာ ရန်သူ့တပ်တည်တွေရှာဖွေဖို့နဲ့ ရန်သူ့ တင့်ကား/သံချပ်ကာယာဉ်နဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းတပ်မတော်ကို situational awareness ထောက်ပံ့သွားမှာဖြစ်ကြောင်း UDCG က ပြောပါတယ်။

 

စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ FPV ဒရုန်းတွေထုတ်လုပ်ဖို့ ၎င်းတို့ရဲ့ အဆိုပြုလွှာတွေကို ဗြိတိန်ကာကွယ် ရေးဝန်ကြီးဌာန sourcing portal (ဝက်ဆိုက်) ကို ဇွန်လ ၂၈ ရက်နေ့မတိုင်ခင်အထိ တင်ပြနိုင်ပါတယ်။

 

ရွေးချယ်ခံရတဲ့ကုမ္ပဏီတွေဟာ ယူကရိန်းနိုင်ငံအတွက် ဒရုန်းတွေထုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် ထုတ်လုပ်လိုက်တဲ့ ဒရုန်းတွေရဲ့ စစ်မြေပြင်စွမ်းရည်ဆန်းစစ်လေ့လာမှုတွေပေါ် အခြေခံပြီး နောက် ထပ် အမှာစာအများ အပြားထပ်မံရရှိနိုင်တယ်လို့ ဆိုပါတယ်။

 

အဲဒီနောက် စီမံချက်ကနဦးအဆင့်က ကောက်ခံရရှိထားတဲ့ သတင်းအချက်အလက်တွေကို အကျိုးရှိစွာအသုံးချ ပြီး ဗြိတိန်နဲ့ လတ်ဗီးယားနိုင်ငံတို့က နောက်ထပ် FPV ဒရုန်းယှဉ်ပြိုင်မှုတွေကို ထပ်မံဆောင်ရွက်သွားမှာဖြစ်ပါ တယ်။

 

“အဲဒီယှဉ်ပြိုင်ပွဲဟာ လိုအပ်တဲ့ FPV ဒရုန်း ပမာဏကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ရည် ရွယ်တာဖြစ်ပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

လတ်ဗီးယားအစိုးရဟာ ၎င်းတို့နိုင်ငံကထောက်ပံ့မယ့် UDCG အတွက် ပထမဦးဆုံး ဒရုန်းတွေကို ဧပြီလအတွင်း က လွှဲပြောင်းပေးခဲ့ပါတယ်။

 

ဗြိတိန်နိုင်ငံက အဲဒီစီမံချက်အတွက် ဒေါ်လာ ၁၅၅.၆ သန်းတန်ကြေးရှိတဲ့ ဒရုန်းအစင်းရေ ၁၀၀၀၀ ဝန်းကျင်ကို လှူဒါန်းဖို့ တစ်လကြိုပြီး ကတိပြုထားပါတယ်။

 

ကနေဒါနိုင်ငံက ယူကရိန်းအတွက် Teledyne FLIR ဒရုန်း အစင်းရေ ၈၀၀ ထောက်ပံ့သွား မယ်လို့ ဖေဖော်ဝါရီ လက ကြေညာခဲ့ပါတယ်။

 

Ref: UK, Latvia Open Bidding for Ukrainian First-Person View Drones

 

#PeopleMedia


Share this post