ယူကရိန်းကြည်းတပ်က တပ်သားသစ်စုဆောင်းရေးစင်တာအသစ်တစ်ခု ထပ်မံဖွင့်လှစ်
PUBLISHED - August 30, 2024
နိုင်ငံတကာ၊ သြဂုတ် ၃၀
ယူကရိန်းကြည်းတပ်က တပ်သားသစ်စုဆောင်းရေးစင်တာအသစ်တစ်ခု ချာနစ်ဗ်တီမြို့၊ ဟီရိုဗ်မိုင်ဒနူလမ်း မှာ ထပ်မံ ဖွင့်လှစ်လိုက်ရာ စုစုပေါင်း တပ်သားသစ်စုဆောင်းရေးစင်တာ ၃၃ ခုရှိသွားပြီဖြစ်ပါတယ်။
အဲဒီစုဆောင်းရေးစင်တာမှာ အသက် ၁၈ နှစ်ကနေ ၆၀ အထိ လျှောက်ထားသူတွေကို လက်ခံနေပြီး ၎င်းတို့ရဲ့ အရပ်သားဘဝက အတွေ့အကြုံတွေပေါ်မူတည်ပြီး မိမိတို့တာဝန်ထမ်းဆောင်လိုတဲ့ တပ်ရင်း/တပ်ဖွဲ့အသီးသီး ကို ရွေးချယ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
စုဆောင်းရေးစင်တာကို ပုံမှန်ရုံးဖွင့်ရက်တွေမှာ ဖွင့်လှစ်ထားရှိပြီး တပ်သားသစ်ဖြစ်လာရောက်လျှောက်ထားသူ တွေကို တပ်ရင်းအခြေအနေတွေနဲ့ တာဝန်ထမ်းဆောင်ရမယ့်အခြေအနေတွေကို ရှင်းပြနေတယ်လို့ဆိုပါတယ်။ အခြေခံစစ်သင်တန်းတွေကို တပ်သားသစ်အားလုံးကို သင်ကြားပေးသွားမှာဖြစ်ပြီး သီးသန့်စစ်သင်တန်းတွေကို တော့ လက်ရွေးစင်တပ်ဖွဲ့ဝင်တွေကိုသာ သင်ကြားပေးသွားမှာဖြစ်ကြောင်း ကြည်းတပ်က ပြောပါတယ်။
“နိုင်ငံသားအားလုံး ၎င်းတို့ဆန္ဒရှိရင် ယူကရိန်းတပ်မတော်ထဲကို ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ဒါ့ ကြောင့် မြို့ပြနေ ပြည်သူတွေနဲ့ ခရီးသွားတွေကိုလည်း တပ်သားသစ်စုဆောင်းရေးစင်တာကို လာရောက်ဆက် သွယ်ဖို့ ကျွန်တော်တို့ဘက်က တိုက်တွန်းလိုပါတယ်။” လို့ ချာနစ်ဗ်တီမြို့ မြို့တော်ဝန် ရိုမန်ကလီချပ်က်က ပြော ပါတယ်။
“ဒီစီမံချက်ကြောင့် နို်င်ငံသားအားလုံးဟာ ၎င်းတို့အရည်အချင်းပေါ်မူတည်ပြီး နိုင်ငံတော်ကာကွယ်ရာမှာ မိမိတို့ အရည်အချင်းတွေကို သက်သေပြနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီစီမံချက်ဟာ အရေးကြီးတဲ့စီမံချက်တစ်ခုဖြစ် ပါတယ်။” လို့ ချာနစ်ဗ်တီဒေသ စစ်အုပ်ချုပ်ရေးခေါင်းဆောင် ရူဆလန်ဇာပါရာနီယက်ခ်က ပြောပါတယ်။
မြေပြင်တပ်ဖွဲ့ဝင်တွေ၊ လေကြောင်းတပ်ဖွဲ့တွေ၊ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ အပြင် မောင်းသူမဲ့လေယာဉ်တွေ ကိုင်တွယ်မောင်းနှင်မယ့် နောက်ထပ် အော်ပရေတာတွေ ရွေးချယ်ဖို့ ဟီရိုဗ်မိုင်ဒနူ စင်တာဟာ စစ်ဘက်ဆိုင်ရာ ဒရုန်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ကြည်းတပ်က ပြောပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းစစ်တပ်ထဲကတပ်ဖွဲ့အမျိုးမျိုးအတွက် ယူကရိန်းအစိုးရက တပ်သားသစ် ၁၀,၀၀၀ ကျော်ကို ရှာဖွေစုဆောင်းနေပါတယ်။
“ဝင်လာတဲ့တပ်သားသစ်တိုင်း သူတို့တာဝန်ထမ်းဆောင်ချင်တဲ့ တပ်တွေမှာ တာဝန်ထမ်းဆောင်ခွင့်ရအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်ဆိုတာ အာမခံပါတယ်။ ဒါ့ကြောင့်လည်း မိမိဆန္ဒအလျောက်ဝင်ရောက် လာတဲ့ အရေအတွက် တိုးမြင့်လာပါတယ်။” လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန တပ်သားသစ်စုဆောင်းရေး အရာရှိ အိုလက်ဆီဘက်ဇ်ဟီဗက်တ်က ပြောပါတယ်။
Ref: Ukrainian Army Opens New Recruitment Hub in Chernivtsi
#PeopleMedia