• Follow Us on

Home ယူကရိန်းက ပထမဦးဆုံးအကြိမ်အဖြစ် ရုရှား Su-57 ဂျက်တိုက်လေယာဉ်တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

ယူကရိန်းက ပထမဦးဆုံးအကြိမ်အဖြစ် ရုရှား Su-57 ဂျက်တိုက်လေယာဉ်တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

Share this post

နိုင်ငံတကာ၊ ဇွန် ၁၀

 

ရုရှားနိုင်ငံတောင်ပိုင်းက လေယာဉ်ကွင်းတစ်ကွင်းမှာ ရပ်ထားတဲ့ ရုရှားရဲ့ နောက်ဆုံးပေါ် Su-57 ဂျက်တိုက်လေ ယာဉ်တစ်စင်းကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရက တနင်္ဂနွေနေ့ (ဇွန်လ ၉ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။

 

Su-57 ဂျက်တိုက်လေယာဉ်ဟာ Su-27 နဲ့ MiG-29 တို့လို ဆိုဗီယက်ခေတ် ဂျက်တိုက်လေယာဉ်တွေကို အစား ထိုးဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့ ခေတ်မီဂျက်တိုက်လေယာဉ်ဖြစ်ပြီး ရုရှားလေတပ်မှာ ၂၀၂၀ ပြည့်နှစ် က စတင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

 

“နယ်စပ်ကနေ ၅၈၉ ကီလိုမီတာ (၃၆၆ မိုင်) ကွာဝေးတဲ့ ရုရှားနိုင်ငံ အက်စ်ထရာခန်ဒေသက အတ်ထူဘင်းန်စခ် လေယာဉ်ကွင်းမှာရှိတဲ့ ကျူးကျော်တဲ့နိုင်ငံရဲ့ Su-57 ဘက်စုံသုံးဂျက်တိုက်လေယာဉ်ကိုယ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။” လို့ ယူကရိန်း GUR စစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

 

“Su-57 ဂျက်တိုက်လေယာဉ် တိုက်ခိုက်ခံလိုက်ရတာဟာ သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခံ လိုက်ရတာဖြစ်ပါတယ်။” လို့ GUR စစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

 

အဆိုပါ Su-57 ဂျက်တိုက်လေယာဉ်ကို မတိုက်ခင်မီက ပုံရော၊ တိုက်ခို်က်ပြီးနောက် မီးလောင်ပျက်စီးနေတဲ့ပုံ ရောပါဝင်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေကိုလည်း GUR အဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

ရုရှား Su-57 ဂျက်တိုက်လေယာဉ်ကို ဘယ်လိုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်/ ဘယ်သူ့လက်ချက်ဆိုတာကို တော့ GUR စစ်ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို GUR စစ်ထောက်လှမ်းရေးအဖွဲ့ကဆောင်ရွက်ခဲ့တာဖြစ်ပြီး ယူကရိန်းထုတ် တိုက်ခိုက် ရေးဒရုန်းတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံထဲက စစ်ဘက်ဆိုင်ရာအဆောက်အဦတွေနဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေ ကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး တချို့ပစ်မှတ်တွေဆိုရင် ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ရာ နဲ့ချီဝေးကွာတဲ့နေရာက ပစ်မှတ်တွေဖြစ်ပါတယ်။

 

အက်စ်ထရာခန်ဒေသမှာ စနေနေ့က ဒရုန်းသုံးစင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Ukraine Says Hit Su-57 Fighter Jet Inside Russia

 

#PeopleMedia


Share this post