ယူကရိန်းက လပိုင်းအတွင်း သာမန်နျူကလီးယားဗုံးတစ်လုံး ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြော
PUBLISHED - November 14, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄
ဒေါ်နယ်ထရမ့်က စစ်ရေးအကူအညီတွေကို ပြန်လည်ရုပ်သိမ်းလိုက်မယ်ဆိုရင် ယူကရိန်းနိုင်ငံဟာ လပိုင်းအ တွင်းမှာ သာမန်နျူကလီးယားဗုံးတစ်လုံး ထုတ်လုပ်နိုင်စွမ်းရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ယူကရိန်းဟာ ပလူတိုနီယမ်တွေနဲ့ ၁၉၄၅ ခုနှစ်က နာဂါစကီမြို့မှာကြဲချခဲ့တဲ့ နျူကလီးယားဗုံးက နည်းပညာတွေ ကို အသုံးပြုပြီး နျူကလီးယားဗုံးထုတ်လုပ်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၁၉၉၆ ခုနှစ်မှာ နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ခဲ့တယ်ဆိုပေမဲ့လည်း ယူကရိန်းနိုင်ငံဟာ လက်ရှိ အ သုံးပြုနေဆဲ နျူကလီးယားဓာတ်ပေါင်းဖို ၉ ခုကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး နျူကလီးယားဗုံးထုတ်လုပ်ဖို့အ တွက် နည်းပညာကျွမ်းကျင်မှု ကောင်းကောင်းရှိနေတယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ ဝင်ခွင့်မပြုရင် နျူကလီးယားအင်အားကြီးနိုင်ငံတစ်ခုဖြစ်အောင် လုပ်ရလိမ့်မယ်လို့ ဇီလန်စီးက ပြီးခဲ့တဲ့လက ပြောဆိုခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ အခုလို အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာပါ သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
မိမိတို့ လုံခြုံရေးအတွက် ဘာအာမခံချက်မှမရှိဘဲနဲ့ နျူကလီးယားဗုံး ပြုလုပ်ဖို့စဉ်းစားနေတယ်ဆိုတာကို ယူက ရိန်းနိုင်ငံက အဲဒီအချိန်ကတည်းက ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ဆိုလိုကြောင်း ဇီလန်စကီးက နောက်ပိုင်းမှာ ပြန် ပြောပါတယ်။
“မင်ဟက်တန်ပရောဂျက် မူဘောင်အတွင်းကနေ အမေရိကန်ပြည်ထောင်စု လုပ်ခဲ့သလို သမရိုးကျ အနုမြူဗုံး တစ်လုံးပြုလုပ်ဖို့ဆိုတာ နှစ်ပေါင်း ၈၀ ကြာတဲ့အချိန်မှာ ဘာမှခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး။” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
“ယူကရိန်းနိုင်ငံက အနုမြူဓာတ်ပေါင်းဖိုတွေမှာ ပလူတိုနီယမ် ခန့်မှန်း ၇ တန်လောက်ရှိနေနိုင်ပါတယ်။ နျူကလီး ယားဗုံးတစ်လုံးပြုလုပ်ဖို့ ပလူတိုနီယမ်က အဲဒီလောက်အများကြီးတောင် မလိုပါဘူး။” လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
ယူကရိန်းက လုပ်နိုင်တဲ့ နျူကလီးယားဗုံးဟာ ရုရှားလေတပ် အခြေစိုက်စခန်းတစ်ခုလုံးကို ဖြစ်စေ၊ စစ်ဘက်ဆိုင် ရာ/ စက်မှုဆိုင်ရာ ပစ်မှတ်တွေကိုဖြစ်စေ ကောင်းကောင်း တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိကြောင်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်က ၎င်းသမ္မတဖြစ်လာရင် ရက်ပိုင်းအတွင်း ရုရှား-ယူကရိန်းစစ်ပွဲကို ရပ်တန့်ပစ်မှာဖြစ်ပြီး ၎င်းအနေနဲ့ သမ္မတပူတင်နဲ့ ဆက်ဆံရေးအလွန်ကောင်းမွန်ကြောင်း ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ပင်တဂွန်အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်ခွင့်မပြုရင် နျူကလီးယားဗုံးထုတ်လုပ်ရလိမ့်မယ်ဆိုတဲ့ ပြီးခဲ့တဲ့လက ဇီလန်စကီး ရဲ့ ပြောဆိုချက်ကို ထရမ့်က ထောက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Ref: Ukraine ‘starts preparing to build a NUCLEAR bomb in case Donald Trump pulls US military aid’: Mail Online
#PeopleMedia