• Follow Us on

Home ယူကရိန်းက ဟောက်ဝစ်ဇာအမြောက်တုတွေ ထုတ်လုပ်ပြီး ရုရှားတွေကိုလှည့်စား

ယူကရိန်းက ဟောက်ဝစ်ဇာအမြောက်တုတွေ ထုတ်လုပ်ပြီး ရုရှားတွေကိုလှည့်စား

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

ရုရှားတွေရဲ့ တန်ဖိုးကြီးခဲယမ်းတွေ ပြုန်းတီးအောင် ရုရှားတပ်တွေကိုလှည့်စားဖို့အတွက် အနောက်နိုင်ငံထုတ် လက်နက်ကြီးတွေနဲ့ ပုံစံတူ လက်နက်ကြီးတုတွေကို ယူကရိန်းက ထုတ်လုပ်နေကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

တစ်လက်ကို ဒေါ်လာ ၁၀၀၀ နှှုန်းနဲ့ M777 155 မီလီမီတာ ဟောက်ဝစ်ဇာအမြောက် ပုံစံတူအတုတချို့ကို ရေဆိုး ပိုက်ဟောင်းတွေနဲ့ ထုတ်လုပ်လျှက်ရှိကြောင်း စတီးနဲ့ သတ္တု ကုမ္ပဏီ Metinvest က CNN သတင်းဌာန ကို ပြောပါတယ်။

 

ရည်ရွယ်ချက်က အဲဒီပစ်မှတ်တုတွေကို ပစ်ခတ်ခြင်းအားဖြင့် ရုရှားတပ်တွေရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အမြောက်ကျည်တွေ ပြုန်းတီးစေဖို့ ဖြစ်ပါတယ်။

 

အဲဒီလိုပစ်မှတ်တုတွေကို ရာနဲ့ချီပြီး ရုရှားတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို တည်ကြက်ပစ်မှတ်တုတွေကို ဖန်တီးဖို့အကြံဟာ Metinvest ကုမ္ပဏီရဲ့ စီနီယာမန်နေဂျာသုံးဦးထံက ဆင်း သက်လာတာလို့ဆိုပါတယ်။

 

အဲဒီမန်နေဂျာသုံးဦးဟာ ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ လက်နက်အင်အား သာလွန်မှုဒဏ်ကို လှိမ့်ခံနေရ တယ်လို့ ရှုမြင်ထားသူတွေဖြစ်ပါတယ်။

 

“လက်နက်တွေ အမြောက်အမြား ရုရှားတွေမြင်ရင် ရှေ့ဆက်ချီတက်ဖို့ သူတို့ကြောက်ရွံ့မှာပဲလို့ ကျွန်တော်တို့ စဉ်းစားတယ်။ ဒါဆိုရင် သူတို့ အဲဒီနေရာတွေကို အမြောက်နဲ့ပစ်မှာပဲ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။” လို့ ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က CNN သတင်းဌာနကို ပြောပါတယ်။

 

အဲဒီပစ်မှတ်တုတွေကို တပ်ဖြန့်ချထားပြီးနောက် ဘယ်လောက်ကြာအောင် အကောင်းပကတိဘယ်နှခုကျန် သေးလဲဆိုတာကြည့်ပြီး အဲဒီတည်ကြက်ပစ်မှတ်တုတွေရဲ့ အောင်မြင်မှုကို တိုင်းတာတယ်လို့ ကုမ္ပဏီက ပြော ပါတယ်။

 

ပစ်မှတ်တုတွေ မြန်မြန်ဖျက်ဆီးခံရလေ ယူကရိန်းစစ်တပ်အတွက် ပိုကောင်းလေဖြစ်ကြောင်း အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

 

ပျက်စီးသွားတဲ့ပစ်မှတ်တုတွေကို အောင်ပွဲရပစ္စည်းတွေအဖြစ် Metinvest ကုမ္ပဏီကို ပြန်ပို့ကြသလို ကာလရှည် အဖျက်ဆီးမခံရတဲ့ပစ်မှတ်တုတွေကိုတော့ ရန်သူပိုမိုယုံကြည်လာအောင် ဒီဇိုင်းပြန်လည်ရေးဆွဲထုတ်လုပ်လေ့ရှိ တယ်လို့ ဆိုပါတယ်။ ရုရှားတပ်တွေကိုလှည့်စားဖို့ လက်နက်တုတွေထုတ်လုပ်တာဟာ ယူကရိန်းနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် မ ဟုတ်ဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် သြဂုတ်လကလည်း ယူကရိန်းတပ်တွေဟာ ရန်သူကိုလှည့်စားရာမှာ သုံးထပ်သားတွေကိုအသုံးပြုပြီး ရော့ကက်လောင်ချာအတုတွေပြုလုပ်ခဲ့ပါတယ်။

 

အလားတူ ရုရှားတွေရဲ့ တာဝေးပစ်ခရုစ်ဒုံးကျည်တွေကို လှည့်စားဖို့အတွက်လည်း သစ်သားတွေကိုအသုံးပြုပြီး အမေရိကန်ထုတ် HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာအတုတွေ ဖန်တီးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တုပပြီးလုပ်ထားတဲ့ လေ့ကျင့်ရေး ပစ္စည်းတွေကို ပေးပို့ခဲ့ပါတယ်။

 

အဲဒီလေ့ကျင့်ရေးကိရိယာတွေက ရေဒီယိုအချက်ပြလှိုင်းတွေ ထုတ်လွှင့်တဲ့အတွက် ရုရှားလေသူရဲတွေအနေနဲ့ ပစ်မှတ်ရှာဖွေရာမှာ ရှုပ်ထွေးသွားစေတယ်လို့ ဆိုပါတယ်။

 

Ref: Ukraine Developing Fake Howitzers to Trick Russia

 

#PeopleMedia


Share this post