• Follow Us on

Home ယူကရိန်းက “အောင်ပွဲစီမံချက်” ကို အမေရိကန်ကို တင်ပြမည်

ယူကရိန်းက “အောင်ပွဲစီမံချက်” ကို အမေရိကန်ကို တင်ပြမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

ယူကရိန်းတပ်တွေ ရုရှားရဲ့ ကာ့စ်ခ်ဒေသကို ဝင်ရောက်တိုက်ခိုက်တာဟာ လာမယ့်လမှာ အမေရိကန်သမ္မတဂျိုး ဘိုင်ဒန်ကို တင်ပြမယ့် “အောင်ပွဲစီမံချက်” ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာ ဇီ လန်စကီးက အင်္ဂါနေ့ (သြဂုတ်လ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

စီမံချက်အောင်မြင်မှုဟာ သမ္မတဂျိုးဘိုင်ဒန်အပေါ်မူတည်မှာဖြစ်သလို အမေရိကန်အစိုးရက ယူကရိန်းကို ဒီစီမံ ချက်ထဲမှာပါတဲ့အရာကို ပေးမပေးနဲ့ မိမိတို့ကို ဒီစီမံချက်ကို လွတ်လပ်စွာဆောင်ရွက်ခွင့် ပေးမပေးအပေါ်မှာ မူ တည်နေတယ်လို့ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဇီလန်စကီးက ပြောပါတယ်။

 

“ဒီကိစ္စဟာ တချို့အတွက်တော့ အရမ်းကို အလှမ်းကျယ်လွန်းတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျွန်တော်တို့အတွက်တော့ အရေးကြီးတဲ့စီမံချက်တစ်ခုဖြစ်ပါတယ်။ ဒီစီမံချက်ကို အမေရိကန်သမ္မတလောင်း တွေဖြစ်တဲ့ ကမ်မလာဟားရစ်ကိုရော ဒေါ်နယ်ထရမ့်ကိုပါ ကျွန်တော် တင်ပြသွားမှာပါ။” လို့ ၎င်းက ပြောပါ တယ်။

 

ယူကရိန်းတပ်ဖွဲ့အများအပြားဟာ သြဂုတ်လ အစောပိုင်းကနေစပြီး ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသထဲကို ထိုးဖောက် ဝင်ရောက်တိုက်ခိုက်ရာမှာ အခုအချိန်အထိ ရုရှားတပ်တွေက ၎င်းတို့ကို ပြန်လည်မောင်းထုတ်နိုင်ခြင်းမရှိသေး ပါဘူး။

 

ယူကရိန်းတပ်တွေဟာ လက်ရှိအချိန်မှာ ရုရှားနယ်မြေ စတုရန်းကီလိုမီတာ ၁၂၉၄ (စတုရန်းမိုင် ၅၀၀) နဲ့ မြို့ရွာ ပေါင်း ၁၀၀ ဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ကြောင်း ယူကရိန်းစစ်ဘက်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အို လက်ဇန္ဒားဆူဆကီက အဲဒီအစည်းအဝေးမှာပဲ ပြောကြားခဲ့ပေမဲ့ BBC အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

 

ယူကရိန်းအနေနဲ့ အဲဒီနယ်မြေတွေကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေ အာရုံပြောင်းသွားအောင်သာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဆူဆကီက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံထဲက အရေးကြီးတဲ့မြို့ဖြစ်ပြီး အဓိကရထားလမ်းတည်ရှိရာ မြို့ဖြစ်တဲ့ ပေါ့ကရိုဗ်မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

သမ္မတဇီလန်စကီးဟာ မကြာသေးခင်က ယူကရိန်းပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုအောင်မြင်တဲ့ အတွက်လည်း ချီးကျူးပြောဆိုခဲ့ပေမဲ့ ဒုံးကျည်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ယူကရိန်းနိုင်ငံဟာ အမေရိကန်ထောက်ပံ့ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်နေပေမဲ့လည်း အနောက်နိုင်ငံအပေါ် အားကိုးမှုကို လျှော့ချဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို ပြည်တွင်းမှာလည်း အရှိန် မြှင့်ထုတ်လုပ်နေပါတယ်။

 

Ref: Ukraine to present ‘victory plan’ to US – Zelensky: BBC

 

#PeopleMedia


Share this post