• Follow Us on

Home ယူကရိန်းက F-16 သင်တန်းသား ထပ်မံစေလွှတ်ချင်ပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေ လက်မခံနိုင်

ယူကရိန်းက F-16 သင်တန်းသား ထပ်မံစေလွှတ်ချင်ပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေ လက်မခံနိုင်

Share this post

နိုင်ငံတကာ၊ ဇွန် ၈

 

ယူကရိန်းနိုင်ငံက ၎င်းတို့လေသူရဲတွေကို F-16 ဂျက်တိုက်လေယာဉ်မောင်းသင်တန်းသားအရေအတွက်ကို ဒီ့ ထက်ပိုမိုလေ့ကျင့်သင်ကြားပေးစေချင်ပေမဲ့ အနောက်မဟာမိတ်နိုင်ငံတွေက ယူကရိန်းဆန္ဒကို မလိုက်လျောနိုင် ကြောင်း သတင်းရင်းမြစ်သုံးခုကို ကိုးကားပြီး Politico မှာ ရေးသားဖော်ပြထားပါတယ်။

 

ယူကရိန်းလေသူရဲတွေကို ထပ်မံစေလွှတ်နိုင်ဖို့အတွက် ၎င်းတို့ရဲ့ F-16 ဂျက်တိုက်လေယာဉ်လေ့ကျင့်ရေးသင် တန်းကျောင်းတွေမှာ သင်တန်းသားထပ်မံလက်ခံနိုင်ရေး ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ နိုင်ငံတကာမိတ်ဖက် နိုင်ငံတွေကို ယူကရိန်းအရာရှိတွေက တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာ သင်တန်းတက်ရောက်ဖို့အရည်အချင်းပြည့်မီတဲ့ ယူကရိန်းလေသူရဲ ၃၀ ရှိပေမဲ့ အရီဇိုးနားပြည် နယ်တက္ကဆန်က F-16 လေ့ကျင့်ရေးကျောင်းဟာ အများဆုံး နောက်ထပ် သင်တန်းသား ၁၂ ဦးကိုသာ လက်ခံ နိုင်တော့မှာဖြစ်ပါတယ်။

 

လေ့ကျင့်ရေးသင်တန်းကျောင်းက အရွယ်အစားကြီးမားတယ်ဆိုပေမဲ့ တခြားနိုင်ငံတွေကလည်း ၎င်းတို့နိုင်ငံ တွေရဲ့ F-16 လေသူရဲတွေကို လေ့ကျင့်သင်ကြားပေးဖို့ အမေရိကန်နဲ့ စာချုပ်ချုပ်ထားတာရှိပါသေးတယ်။

 

“သူတို့ အဲဒီစာချုပ်တွေကို မဖျက်ချင်ဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့တွေ အမေရိကန် လေသူရဲတွေကို တခြားသင်တန်းကျောင်းနေရာတွေမှာ သင်ကြားပို့ချလို့ရပါတယ်။” လို့ ယူကရိန်းလွှတ်တော်အ မတ် ဆာရှာအော်စတီနိုဗာက ပြောပါတယ်။

 

ဒိန်းမတ်နဲ့ ရိုမေးနီးယားမှာလည်း F-16 ဂျက်တိုက်လေယာဉ်မောင်းသင်တန်းကျောင်းတွေရှိပေမဲ့ ရိုမေးနီးယား နိုင်ငံက ၎င်းတို့ရဲ့လေ့ကျင့်သင်ကြားရေးအစီအစဉ်ကို မစရသေးသလို ဒိန်းမတ်နိုင်ငံကလည်း ယူကရိန်းလေသူ ရဲ ရှစ်ဦးကိုသာ လက်ခံခဲ့ပါတယ်။

 

သင်တန်းစတင်မယ်ဆိုရင်တောင် ရိုမေးနီးယားကလည်း တစ်ကြိမ်မှာ ယူက ရိန်းသင်တန်းသား ရှစ်ဦးသာ လက်ခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

တခြားနိုင်ငံတွေက ကြိုတင်စာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့အတွက် F-16 ဂျက်တိုက်လေယာဉ်သင်တန်းကျောင်း မှာ လက်ရှိအချိန်မှာ အကန့်အသတ်နဲ့သာ လက်ခံနိုင်ကြောင်း အရီဇိုးနားအမျိုးသားလုံခြုံရေးတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးအဲရင်းဟန်နီဂန်က ပြောပါတယ်။

 

ရန်ပုံငွေထောက်ပံ့မှုကလည်း အခုလို နေရာအကန့်အသတ်နဲ့သာ လက်ခံနိုင်ရတဲ့အဓိကအကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ယူကရိန်းသင်တန်းသားတွေအပြင် တစ်နှစ်လုံး တခြားနိုင်ငံပေါင်းစုံက သင်တန်းသားတွေအတွက် ကြိုတင်စာ ရင်းသွင်းထားတာတွေရှိပါတယ်။ နိုင်ငံခြားသား လေသူရဲသင်တန်းသားအရေအတွက်နဲ့ ဘယ်နိုင်ငံကလာတဲ့ သင်တန်းသားတွေကို လက်ခံမယ်ဆိုတာက ကျွန်မတို့ကျောင်းက ဆုံးဖြတ်တာမဟုတ်ပါဘူး။” လို့ ဟန်နီဂန်က ပြောပါတယ်။

 

သင်တန်းနည်းပြနဲ့ နေရာအခက်အခဲကြောင့် အခုနှစ်အကုန်မှာ ယူကရိန်းလေသူရဲ ၂၀ ကိုသာ လေ့ကျင့်သင် ကြားပြီးသားဖြစ်မှာလို့ ခန့်မှန်းထားပါတယ်။

 

အဲဒီလေသူရဲအရေအတွက်ဟာ လေယာဉ် ၁၈ စင်းကနေ ၂၄ စင်းအထိ ဖွဲ့စည်းထားတဲ့ လေယာဉ်အုပ်တစ်အုပ် အတွက် လုံလောက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

 

ဒိန်းမတ်၊ နော်ဝေ၊ ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန်နိုင်ငံတို့ဟာ ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ် ၈၅ စင်း ထောက်ပံ့မယ်လို့ ကတိပြုထားပြီး အခုနျစ် ဒုတိယသုံးလပတ်အတွင်း ပထမအသုတ်ရောက်ရှိလာမယ်လို့ ခန့် မှန်းထားပါတယ်။

 

Ref: Ukraine Wants More Pilots Trained on F-16 but Allies Have No More Room: Report

 

#PeopleMedia


Share this post