ယူကရိန်းဂျုံသင်္ဘောတွေဂျုံတင်ပို့နေတဲ့ ပင်လယ်နက် ဂျုံတင်ပို့ရေးလမ်းကြောင်း သဘောတူညီချက်ကို ရုရှားဘက်က ရပ်ဆိုင်းလိုက်
PUBLISHED - July 18, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၈
ယူကရိန်းနိုင်ငံကနေ အာဖရိ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတိုက်ကို ဂျုံတွေတင်ပို့ဖို့အတွက် ပင်လယ်နက်အတွင်း လမ်းကြောင်းဖွင့်ပေးထားတဲ့ “ပင်လယ်နက် ဂျုံတင်ပို့ရေးလမ်းကြောင်း သဘောတူညီချက်” ကို ရုှရားဘက်က ဇူလိုင်လ ၁၇ ရက်နေ့က ရပ် တန့်လိုက်ပါတယ်။
ရုရှားနိုင်ငံက စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတွေအတွက် ကမ္ဘာတစ်ဝန်းက ဝယ်လိုအားတွေမရမချင်း ပင်လယ် နက်ထဲက အဲဒီဂျုံတင်ပို့မှုလမ်းကြောင်းကို ယာယီပိတ်ဆို့ထားလိုက်ကြောင်း ကရင်မလင်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။
ဒီဂျုံတင်သင်္ဘောတွေလမ်းကြောင်းကိုပိတ်ဆို့တာဟာ တနင်္လာနေ့က ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားကိုဆက် သွယ်ထားတဲ့ တံတားကို တိုက်ခိုက်မှုနဲ့ ဘာမှမဆိုင်ဘူးလို့ ၎င်းက ပြောပါတယ်။
“ရုရှားနဲ့ပတ်သက်တဲ့ ပင်လယ်နက် ဂျုံတင်ပို့ရေးလမ်းကြောင်း သဘောတူညီချက်ဟာ အကောင်အထည်ဖော် ဆောင်ရွက်ရတော့မယ်ဆိုရင် ရုရှားနိုင်ငံဘက်က အဲဒီသဘောတူညီချက်ကို ချက်ချင်း ပြန်လည်အကောင်အ ထည်ဖော်မှာဖြစ်ပါတယ်။” လို့ ပက်စ်ကော့ဗ်က ပြောပါတယ်။
သင်္ဘောနဲ့ကုန်စည်တင်ပို့ရေးအပေါ် ကန့်သတ်ချက်တွေနဲ့ အာမခံလုပ်ငန်းက ရုရှားရဲ့ကုန်စည်တင်ပို့မှုတွေ အ ပေါ် နှောင့်နှေးကြန့်ကြာစေတယ်လို့ ရုရှားဘက်ကပြောပေမဲ့ ရုရှားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ဂျုံတန် ချိန်စံချိန်တင်ပမာဏတင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု ရုရှားဘက်က ရပ်တန့်လိုက်တဲ့အတွက် ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ပင်လယ်နက်ဒေ သကနေ စားနပ်ရိက္ခာတွေတင်ပို့နိုင်ဖို့ ကုလသမဂ္ဂနဲ့ တူရကီနိုင်ငံတို့ ပြီးခဲ့တဲ့နွေရာသီက ကြားဝင်စေ့စပ်ဆောင် ရွက်ခဲ့တဲ့ သဘောတူညီချက်ဟာ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
ဒီသဘောတူညီချက်အရ ပင်လယ်နက်ကိုဖြတ်သန်းပြီး စားနပ်ရိက္ခာတွေ တင်ပို့နိုင်တဲ့အတွက် ကမ္ဘာတစ်ဝန်း ဂျုံ၊ ဟင်းသီး ဟင်းရွက်ဆီနဲ့ တခြားစားနပ်ရိက္ခာဈေးနှုန်းတွေကို လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ယူကရိန်းရော ရုရှားနိုင်ငံပါ ဂျုံ၊ ဘာလီ၊ နေကြာဆီနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မှီခိုအားထားနေရတဲ့ တခြားစားနပ် ရိက္ခာတွေကို ထုတ်လုပ်တဲ့အဓိက နှစ်နိုင်ငံဖြစ်ပါတယ်။
ရုရှားဘက်က အခုလိုပိတ်လိုက်တဲ့အတွက် ရှီကာဂိုဈေးကွက်ထဲမှာ ဂျုံဈေး ၃% မြင့်တက်သွားရာ ရှစ်ဂါလံဝင်ပုံး တစ်ပုံးကို ၆.၈၁ ဒေါ်လာအထိမြင့်တင်သွားပေမဲ့ ညနေပိုင်းမှာတော့ ဈေးပြန်ကျသွားတယ်လို့ဆိုပါတယ်။
ရုရှားနဲ့ ဘရာဇီးလို နိုင်ငံမျိုးတွေက ဂျုံနဲ့ ပြောင်းတွေ ပြည်ပတင်ပို့မှုကို မြှင့်တင်နေတဲ့အတွက် အခုဈေးနှုန်းယာ ယီတက်တာထက် ပိုပြီးကျော်လွန်လာလိမ့်မယ်လို့ ဆန်းစစ်လေ့လာသူတွေက မျှော်လင့်မထားဘူးလို့ဆိုပါ တယ်။
ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခများ၊ စီးပွားရေးအကျပ်အတည်းများနဲ့ ရုန်းကန်နေရ တဲ့အတွက် ကမ္ဘာတစ်ဝန်းစားနပ်ရိက္ခာမလုံလောက်မှုနဲ့ ဒေသတွင်းဈေးနှုန်းတွေကတော့ မြင့်တက်လာခဲ့တယ် လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံပြင်ပ တခြားနိုင်ငံတွေက စားနပ်ရိက္ခာတွေထောက်ပံ့နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေကြည့်ရာမှာ ဈေးနှုန်းပိုမိုမြင့်မားလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ရုရှားက ပင်လယ်နက်ထဲမှာ ကုန်တင်သင်္ဘောတွေဖြတ်သန်းသွားလာတာကို လုံခြုံရေးတာဝန်မယူတော့ဘူးဆို ပေမဲ့ ယူကရိန်းနိုင်ငံကတော့ အဲဒီသဘောတူညီချက်အတိုင်းပဲ ဆက်လက်ဆောင်ရွက်လိုတယ်လို့ ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။
“ကျွန်တော်တို့ မကြောက်ပါဘူး။ သင်္ဘောကုမ္ပဏီတွေက ကျွန်တော့်ကိုပြောပါတယ်။ ယူကရိန်းနဲ့ တူရကီဘက် က အသင့်ဖြစ်တယ်ဆိုရင် ဂျုံတွေဆက်လက်တင်ပို့ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။” လို့ ၎င်းကပြောပါတယ်။
ပင်လယ်နက် အနောက်မြောက်ဒေသဟာ ယာယီအန္တရာယ်ရှိတဲ့ဒေသဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာ နက ထပ်မံကြေညာထားပါတယ်။ သတိပေးချက်တွေကို ယူကရိန်းဘက်က မလိုက်နာဘူးဆိုရင် ရုရှားဘက်က ယူကရိန်းဆိပ်ကမ်းတွေကို တိုက် ခိုက်ပြီး သင်္ဘောလမ်းကြောင်းတွေတလျှောက် မိုင်းတွေခင်းချသွားနိုင်ကြောင်း မော်စကိုအခြေစိုက် နိုင်ငံရေးဆန်းစစ်လေ့လာသူ ဆာဂျီမာကော့ဗ်က ပြောပါတယ်။
Ref: Russia halts landmark deal that allowed Ukraine to export grain at time of growing hunger
#PeopleMedia