• Follow Us on
Latest News

Home ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အာရှတိုက်က နိုင်ငံ့ခေါင်းဆောင်အများစု မတက်ရောက်

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အာရှတိုက်က နိုင်ငံ့ခေါင်းဆောင်အများစု မတက်ရောက်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၇

 

ယူကရိန်းနိုင်ငံမှာ “တရားမျှတပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး” ရရှိဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြဖို့ ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါက ဇွန်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

 

ဆွစ်ဇာလန်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အာရှတိုက်ကခေါင်းဆောင်တွေ မဆိုစလောက်သာ တက် ရောက်ခဲ့တဲ့အထဲက ဂျပန်ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

အဲဒီဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးက မေတ္တာ ရပ်ခံခဲ့ပေမဲ့ ဘာဂန်းစတော့မှာကျင်းပတဲ့ အဲဒီအစည်းအဝေးကို ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ တီမောလက်စ်တီ ဝန် ကြီးချုပ်ဆာနားနားဂက်စ်မိုတို့ကလွဲလို့ အာရှနိုင်ငံ အများစုက နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခြင်းမရှိဘဲ ဝန်ကြီးအဆင့်၊ အရာရှိအဆင့်နဲ့ ကိုယ်စားလှယ်အဆင့်တွေသာ တက်ရောက်ခဲ့ကြပါတယ်။

 

“ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်တိုက်ခိုက်တဲ့အတွက် ဂျုံထောက်ပံ့ရေးနဲ့ လောင်စာဆီဈေးတွေကို ထိခိုက်မှု တွေရှိနေတာတောင်မှ အာရှနိုင်ငံအများက ယူကရိန်းစစ်ပွဲဟာ သူတို့နဲ့အဝေးကြီးမှာဖြစ်နေတာဖြစ်ပြီး အဓိက စိုးရိမ်ရမယ့်ပြဿနာမဟုတ်ဘူးလို့ မြင်ကြတယ်။” လို့ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) နိုင်ငံရေးသိပ္ပံဌာန က တွဲဖက်ပါမောက္ခ ချောင်းဂျာအီယန်က ပြောပါတယ်။

 

ဒီအစည်းအဝေးကို ရုရှားမတက်ရောက်တာကြောင့် အာရှနိုင်ငံက ခေါင်းဆောင်တွေလည်း မတက်ရောက်ခဲ့တာ ဖြစ်နိုင်ကြောင်း ISEAS – Yusof Ishak အင်စတီကျုက ထိပ်တန်းအဖွဲ့ဝင် အီယန်စတိုရီက ပြောပါတယ်။

 

“အထူးသဖြင့် ရုရှားက ဒီအစည်းအဝေးကို မတက်တာကြောင့် ဒီအစည်းအဝေးဟာ အရေးကြီးတဲ့အောင်မြင်မှု တစ်ခုရမှာမဟုတ်တဲ့အတွက် ရုရှားကျူးကျော်မှုကို ဆန့်ကျင်တဲ့နိုင်ငံတချို့က အကြီးအကဲတွေဟာ အစည်းအ ဝေးမတက်ရောက်တာဖြစ်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အာရှတိုက်ခေါင်းဆောင်တွေ တက်ရောက်မှုနည်းပါးတဲ့အတွက် ယူကရိန်းစစ်ပွဲမှာ ကမ္ဘာ့ထောက်ခံမှုရဖို့ ကြိုး ပမ်းနေတဲ့ သမ္မတဇီလန်စကီးဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဒီအစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံတွေပါဝင်ရေးဟာ အလွန်အရေးကြီးကြောင်း ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက ပြောပါ တယ်။

 

“တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းရေး ရရှိရေးဟာ ခွဲခြားပစ်ဖို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဟုတ်ဘဲ ကမ္ဘာ ကြီး သဟဇာတဖြစ်ရေး ထိန်းကျောင်းမောင်းနှင်နိုင်ဖို့ အမှတ်သင်္ကေတဖြစ်သလို အရေးလည်းကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“စစ်ပွဲရဲ့သဘောသဘာဝနားလည်မှုကို အခြေခံစဉ်းစားရင် ဒီကနေ့ ယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲဟာ မနက်ဖြန် မှာ အရှေ့အာရှမှာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံဟာ ရုရှားကို တင်းကျပ်တဲ့အရေးယူပိတ်ဆို့ မှုတွေ ချမှတ်ပြီး ယူကရိန်းကို အပြည့်အဝထောက်ခံခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အဆိုပါအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံ့ခေါင်းဆောင် တွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေမဲ့ အာရှတို်က်က နိုင်ငံ ၈ နိုင်ငံကတော့ ကိုယ်စားလှယ် တွေကိုသာ စေလွှတ်ခဲ့ပါတယ်။

 

Ref: Asian leaders’ low attendance at Ukraine peace summit shows different priorities: The Straits Times

 

#PeopleMedia


Share this post