• Follow Us on

Home ယူကရိန်းစစ်ပွဲကြားမှာ အနောက်တိုင်းစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေ စစ်လက်နက်ပစ္စည်း တိုးမြှင့် ထုတ်လုပ်နိုင်ခြင်းမရှိခဲ့

ယူကရိန်းစစ်ပွဲကြားမှာ အနောက်တိုင်းစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေ စစ်လက်နက်ပစ္စည်း တိုးမြှင့် ထုတ်လုပ်နိုင်ခြင်းမရှိခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

 

လက်ရှိဖြစ်ပွားနေဆဲယူကရိန်းစစ်ပွဲကြောင့် စစ်လက်နက်ပစ္စည်းလိုအပ်ချက်မြင့်မားနေပေမဲ့လည်း အနောက် တိုင်းစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်လက်လက်နက်ပစ္စည်းတွေ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ခြင်းမရှိကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

ကမ္ဘာ့စစ်လက်နက်ထုတ်လုပ်ရေးအကြီးဆုံးကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ်မှာ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅၉၇ ဘီလျံဖိုး ထုတ်လုပ်ခဲ့ပေမဲ့ ထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃.၅ ရာခိုင်နှုန်းလျော့ကျသွားခဲ့တယ်လို့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) က ပြောပါတယ်။

 

အမေရိကန်တစ်နိုင်ငံတည်းမှာပဲ အနောက်နိုင်ငံကုမ္ပဏီတွေရဲ့ စုစုပေါင်းလက်နက်အရောင်း ၅၁ ရာခိုင်နှုန်းကို နေရာယူထားတဲ့ စစ်လက်နက်ထုတ်လုပ်ရေး ၄၂ ခုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၃၀၂ ဘီလျံ ရှာဖွေနိုင်ခဲ့ပေမဲ့ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ထုတ်လုပ်မှု ၇.၉ ရာခိုင်နှုန်း လျော့ကျသွားတယ်လု့ိ ဆိုပါတယ်။

 

စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေအများအပြားဟာ မြင့်တက်လာတဲ့စစ်ပွဲတွေနဲ့ ၎င်းတို့ရဲ့ထုတ်လုပ်မှုတွေ ကို ကြိုးစားချိန်ညှိနေရတယ်လို့ SIPRI ရဲ့ ညွှန်ကြားရေးမှူး လူဆီဘရော့ဒ်ဆူဒရိုက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲကြောင့် အခြေအနေပိုမိုဆိုးရွားလာစေတဲ့ လုပ်သားအင်အားပြတ်လပ်မှု၊ ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ထောက်ပံ့မှုကွင်းဆက်အခက်အခဲတွေကြောင့် အခုလိုထုတ်လုပ်မှုလျော့ကျခဲ့တာလို့ ဆိုပါတယ်။

 

နောက်ဆုံးတွေ့ရှိချက်အရ ထုတ်လုပ်မှုကျဆင်းနေပေမဲ့ အနောက်တိုင်းစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေ ဟာ လက်ရှိအမှာစာရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေအားလုံးကို ထုတ်လုပ်ပြီးတာနဲ့ နှစ်နှစ်/သုံးနှစ်အတွင်း မှာ ဝင်ငွေမြင့်တက်လာမှာဖြစ်ကြောင်း SIPRI ရဲ့ ထိပ်တန်းသုတေသီ နန်တီယန်က ပြောပါတယ်။

 

အမေရိကန်နဲ့ ဥရာပဒေသက စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ မတူတာကတော့ အာရှတိုက်နဲ့ အရှေ့ အလယ်ပိုင်းဒေသ စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ၂၀၂၂ ခုနှစ်မှာ ဝင်ငွေ သိသိသာသာတိုးတက် ခဲ့တယ်လု့ိ ဆိုပါတယ်။

 

တောင်ကိုရီးယားရဲ့ ဟန်ဝါလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ LIG Nex1 လေယာဉ်နဲ့ စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီအပါအဝင် အာရှတိုက်နဲ့ ပစိဖိတ်ကျွန်းစုဒေသမှာရှိတဲ့ ကုမ္ပဏီ ၂၂ ခုဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၃၄ ဘီလျံ ရှာဖွေနိုင်ခဲ့ရာ ၂၀၂၁ နဲ့ နှိုင်းယှဉ်ရင် ၃.၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။

 

အဲဒီကုမ္ပဏီတွေရဲ့ ဝင်ငွေတိုးမြှင့်ရှာဖွေနိုင်မှုဟာ အချိန်တိုအတွင်း မြင့်တက်လာတဲ့ဝယ်လိုအားနဲ့ပတ်သက်ပြီး အဲဒီကုမ္ပဏီတွေရဲ့တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းကို သက်သေပြလိုက်တာပဲဖြစ်ကြောင်း SIPRI အစီရင်ခံစာမှာဖော် ပြထားပါတယ်။

 

“ဒေသတွင်းဝယ်လိုအားနဲ့ ကုမ္ပဏီတွေအပေါ်မှီခိုအားထားမှုက ၂၀၂၂ ခုနှစ်အတွင်းမှာ အာရှစစ်လက်နက်ထုတ် လုပ်ရေးကုမ္ပဏီတွေကို ထောက်ပံ့ရေးကွင်းဆက်အခက်အခဲတွေကနေ ကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။” လို့ SIPRI ရဲ့ သုတေသီ ရှောင်လန်က ပြောပါတယ်။

 

Ref: West Unable to Ramp up Arms Production amid Ukraine War: Report

 

#PeopleMedia


Share this post