• Follow Us on
Latest News

Home ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်သူလျှိုလုပ်နေတဲ့ ရုရှားနိုင်ငံသားတစ်ဦးကို ရုရှားထောက်လှမ်းရေး ဖမ်းဆီး

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်သူလျှိုလုပ်နေတဲ့ ရုရှားနိုင်ငံသားတစ်ဦးကို ရုရှားထောက်လှမ်းရေး ဖမ်းဆီး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

ယူကရိန်းစစ်ပွဲသတင်းတွေကို အမေရိကန်သံတမန်တွေကို သတင်းပေးနေတဲ့ ဗလာဒစ်ဗော့စတော့မြို့က ရုရှား နိုင်ငံသား အမေရိကန်ကောင်စစ်ဝန်ရုံးဝန်ထမ်းဟောင်းကို ရုရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သြ ဂုတ်လ ၂၈ ရက်နေ့ (တနင်္လာနေ့) က ပြောကြားလိုက်ပါတယ်။

 

မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးအတွက် သူလျှိုအလုပ်တွေလုပ်ပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး ရောဘတ် ရော ဘတ်တိုဗစ်ချ် ရှှိုနော့ဗ်ရဲ့ ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေကိုတားဆီးလိုက်ပြီဖြစ်ကြောင်း ဖက်ဒရယ်လုံခြုံရေး အဖွဲ့ (The Federal Security Service – FSB) က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေတဲ့ ရုရှားနဲ့ အမေရိကန်အစိုးရရဲ့ သံတမန်တင်းမာမှုတွေ တစ်သီတစ်တန်းကြီးကြားက အခုကြေညာချက်ဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ကြေညာချက်ဖြစ်ပါတယ်။

 

စစ်ပွဲပဋိပက္ခ၊ စစ်စည်းရုံးမှုနဲ့ ရုရှားတပ်မတော်ထဲက သက်ကြီးရွယ်အိုစစ်မှုထမ်းတွေ အစုလိုက်အပြုံလိုက် ထွက်ခွာမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းက ရှိုနော့ဗ်ဟာ အမေရိကန်သံတမန်တွေကို သတင်းအချက်အလက်တွေ စတင်လွှဲပြောင်းပေးခဲ့တယ်လို့ FSB က ပြောပါတယ်။

 

ဒါ့အပြင် လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမစခင်မှာ ရုရှားနိုင်ငံထဲကဒေသတွေမှာ ဆန္ဒပြမှုတွေဖြစ်ပွားလာ အောင် လှုံ့ဆော်လုပ်ဆောင်ဖို့အတွက် ရှှိုနော့ဗ်ကို တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

 

ရှိုနော့ဗ်ဟာ မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးက နိုင်ငံရေးဦးစီးဌာနက သံတမန်နှစ်ဦးဖြစ်တဲ့ ဂျက်ဖရီဆီလင်းနဲ့ ဒေးဗစ်ဘန်းစတိန်းတို့ကို သတင်းပို့အစီရင်ခံခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ စီစဉ်နေပြီဖြစ် ကြောင်း FSB က ပြောပါတယ်။

 

ရုရှားအစိုးရနဲ့ အနောက်နိုင်ငံတွေကြား အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကြား သံတမန်ဆက်ဆံရေးတင်း မာမှုတွေဟာ နှစ်ပေါင်းများစွာကြာအောင် အခြေအနေတွေပိုမိုဆိုးရွားလာနေပြီး နှစ်ဖက်စလုံးက တခြားတစ် ဖက်ကို ၎င်းတို့ရဲ့သံတမန်အရေအတွက်တွေကို လျှော့ချခိုင်းနေသလို သံတမန်လုပ်ငန်းတွေကိုပါ ဟန့်တား နှောင့်ယှက်လျက်ရှိပါတယ်။

 

Ref: Russia Says Detained US Embassy ‘Informant’ On Ukraine

 

#PeopleMedia


Share this post