• Follow Us on
Latest News

Home ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေ ရိက္ခာပြတ်လပ်နေဟုဆို

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေ ရိက္ခာပြတ်လပ်နေဟုဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

 

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေနဲ့အတူ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယားတပ်တွေ ဟာ ၎င်းတို့စစ်မြေပြင်ရောက်ရှိပြီး ငါးလအတွင်းမှာ ရိက္ခာပြတ်လပ်နေကြကြောင်း ယူကရိန်းထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။

 

နေ့စဉ်တိုက်ပွဲဝင်ဖို့ ရိက္ခာထောက်ပံ့မှုတွေ ပြတ်လပ်နေတဲ့အတွက် ရုရှားအစိုးရရဲ့ နိုင်ငံခြားတပ်တွေဟာ အဟာ ရချို့တဲ့မှုဒဏ်ခံစားနေရကြောင်း ယူကရိန်း ပင်မထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (UUR) က မကြာသေးခင် ကပဲ တယ်လီဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

 

အဲဒီ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အများစုကို သြဂုတ်လအတွင်းက ယူကရိန်းတပ်တွေ အငိုက်ဖမ်းဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ရုရှားပိုင် ကာ့စ်ခ်ဒေသကို စေလွှတ်ခဲ့တာဖြစ်ပြီး အဆိုပါ ကာ့စ်ခ်ဒေသမှာလည်း တိုက်ပွဲတွေ အရှိန်မြင့်နေတယ်လို့ဆိုပါတယ်။

 

အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရုရှားအစိုးရက ထိပ်တန်းအရာရှိကြီးတစ်ဦးကို တာဝန်ပေး လိုက်တယ် လို့ဆိုပါတယ်။

 

အဆိုပါ အရာရှိကြီးအမိန့်နဲ့ ရုရှားလေကြောင်းချီတပ်မတွေအတွက် အရန်စုပုံရိက္ခာထဲက ရိက္ခာတွေကို မြောက် ကိုရီးယားတပ်ဖွဲ့ဝင်တွေအတွက် ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

 

နှစ်နိုင်ငံစစ်ရေးစာချုပ်ချုပ်ဆိုပြီးနောက် ရုရှားတပ်တွေကို ထောက်ပံ့ကူညီဖို့အတွက် မြောက်ကိုရီးယား အစိုးရ ဟာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ ကျော်ကို ရုရှားနိုင်ငံကို စေလွှတ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

 

အဆိုပါ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ကာ့စ်ခ်ဒေသအပါအဝင် ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ တပ်ဖြန့် ချထားတယ်လို့ ဆိုပါတယ်။

 

“ရရှိထားတဲ့အထောက်အထားတွေအရ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးမှာဖြစ်စေ တိုက်ခိုက် ရေးအထောက်အကူလုပ်ငန်းတွေမှာဖြစ်စေ ဝင်ရောက်ထောက်ပံ့ကူညီပါလိမ့်မယ်။” လို့ အမေရိကန်လေတပ် ဗိုလ်ချုပ် ပတ်ရွိုင်ဒါက ပြောပါတယ်။

 

“ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့ သူတို့လုပ်ရမယ့်အလုပ်တွေကို ဆောင်ရွက်သွားမယ် လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

စစ်မြေပြင်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အကျအဆုံးရှိကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောကြားဖူးပါတယ်။ ဒ့ါအပြင် ယူကရိန်းဘက်က အသေခံဒရုန်းကိုအသုံးပြုပြီး မြောက်ကိုရီးယားရဲ့ Bulsae-4 တင့်ဖျက်ဒုံးတစ်စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

 

Ref: North Korean Troops in Ukraine Struggling with Food Shortages: Intel

 

#PeopleMedia


Share this post