• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ ရုရှားအသာစီးရနေကြောင်း နော်ဝေ စစ်ထောက်လှမ်းရေးပြော

ယူကရိန်းစစ်ပွဲမှာ ရုရှားအသာစီးရနေကြောင်း နော်ဝေ စစ်ထောက်လှမ်းရေးပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃

 

တပ်ဖွဲ့ဝင်အင်အားအများအပြားပိုင်ဆိုင်ထားမှုနဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ တခြားနိုင်ငံတွေက စစ်လက်နက် ပစ္စည်းတွေ ဝိုင်းဝန်းထောက်ပံ့မှုကြောင့် ယူကရိန်းစစ်ပွဲမှာ ရုရှားက အသာစီးရနေကြောင်း နော်ဝေစစ်ထောက် လှမ်းရေးအဖွဲ့က တနင်္လာနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အခြေအနေတွေ ပြောင်းလဲလာဖို့အတွက် ယူကရိန်းအနေနဲ့ အနောက်တိုင်းအကူအညီတွေ ပိုမိုရရှိဖို့ လိုအပ် ကြောင်း တခြားနော်ဝေလုံခြုံရေးအဖွဲ့အစည်းတွေနဲ့အတူ တင်ပြခဲ့တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ နော်ဝေ စစ် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ နေးလ်အန်းဒရီးစ်စတန်းဆိုးနက်စ်က ပြောပါတယ်။

 

“ဒီစစ်ပွဲမှာ ရုရှားတပ်တွေဟာ လက်ရှိအချိန်မှာ လွန်ခဲ့တဲ့တစ်နှစ်ကထက် ပိုပြီး အင်အားကောင်းလာသလို ပိုပြီး အသာစီးရနေပါတယ်။” လို့ စတန်းဆိုးနက်စ်က ပြောပါတယ်။

 

ရုရှားနို်င်ငံဟာ ယူကရိန်းထက် စစ်စည်းရုံးနိုင်စွမ်းပိုမိုကောင်းမွန်သလို တပ်သားသစ်ကိုလည်း ယူကရိန်းထက် သုံးဆ ပိုမိုစုဆောင်းနိုင်ကြောင်း၊ စီးပွားရေးပိတ်ဆို့အရေးယူမှုကိုလည်း မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန် အောင်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ရုရှားတပ်ဖွဲ့ဝင်တွေ စစ်ပွဲကို တစ်နှစ်ပတ်လုံးထိန်းသိမ်းထားနိုင်အောင် လက်နက်ခဲယမ်းတွေ၊ တိုက် ခိုက်ရေးယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကိုလည်း အလုံအလောက်ထုတ်လုပ်နိုင်ကြောင်း ၎င်းက ပြောပါ တယ်။

 

ရုရှားနိုင်ငံဟာ မြောက်ကိုရီးယား၊ အီရန်၊ ဘယ်လာရုစ်နဲ့ တရုတ်နိုင်ငံတို့ကလည်း စစ်ရေးအကူအညီတွေရရှိ နေကြောင်း ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံကတော့ ရုရှားကို လက်နက်တွေမထောက်ပံ့ပေမဲ့ ရုရှားအစိုးရရဲ့ လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ ယာဉ်တွေ၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ ကြောင်း ၎င်းက ပြောပါတယ်။

 

“ယူကရိန်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ရော စစ်ပွဲမှာ အသာစီးပြန်ရဖို့ပါ အနောက်တိုင်းအကူ အညီတွေ တိုးမြင့်ရရှိဖို့ လိုအပ်ပါတယ်။” လို့ စတန်းဆိုးနက်စ်က ပြောပါတယ်။

 

ယူကရိန်းအစိုးရက အနောက်နိုင်ငံတွေဆီက ခဲယမ်းတွေ၊ တာဝေးပစ်လက်နက်တွေ၊ လေကြောင်းရန်ကာကွယ် ရေးစနစ်တွေ၊ တင့်ကားတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ အကူအညီတောင်းခံထားတာကို ၎င်းက အလေးထား ပြောဆိုသွားပါတယ်။

 

ယူကရိန်းနိုင်ငံက မဟာမိတ်နိုင်ငံတွေထံ အကူအညီတောင်းထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ဒိန်း မတ်၊ နယ်သာလန်နိုင်ငံတို့နဲ့အတူ နော်ဝေနိုင်ငံက ထောက်ပံ့သွားဖို့အတွက် သဘောတူညီထားပါတယ်။

 

“နော်ဝေနိုင်ငံနဲ့ ဥရောပဟာ ၎င်းတို့နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးကို ပိုမိုဂရုစိုက်ပြီး တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေရမှာဖြစ်ပါတယ်။” လို့ နော်ဝေကာကွယ်ရေးဝန်ကြီး ဘီယွန်းအရယ်လ်ဂရမ်က ပြောပါတယ်။

 

Ref: Russia Gaining Upper Hand in Ukraine: Norway Intel

 

#PeopleMedia


Share this post