• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က နျူကလီးယားလက်နက်သုံးမယ့် အရိပ်လက္ခဏာ လုံးဝ မတွေ့ရကြောင်း အမေရိကန်ပြော

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က နျူကလီးယားလက်နက်သုံးမယ့် အရိပ်လက္ခဏာ လုံးဝ မတွေ့ရကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က နျူကလီးယားလက်နက်ထုတ်သုံးမယ့် အရိပ်လက္ခဏာ လုံးဝ မတွေ့ရသေး ကြောင်း အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့ (မတ်လ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခံလာရပြီဆိုရင် နျူကလီးယားလက်နက်တွေထုတ်သုံးဖို့အ ဆင်သင့်ပဲလို့ သမ္မတဗလာဒီမာပူတင်က ပြောဆိုလိုက်ပြီးနောက်မှာ အိမ်ဖြူတော်က အခုလို သတင်းထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး ရုရှားအစိုးရဟာ နျူကလီးယားလက် နက်အသုံးပြုရေးနဲ့ပတ်သက်လို့ အခုလိုပဲ မဆင်မဆင်ပြောဆိုလေ့ရှိကြောင်း သတင်းထုတ်ပြန်ရေးအတွင်းရေး မှူး ကရိန်းဂျန်းပီးယားက ပြောပါတယ်။

 

“ကျွန်မတို့ရဲ့ နျူကလီးယားလက်နက်အနေအထားတွေကို ပြန်လည်ချိန်ညှိပြင်ဆင်ဖို့ ဘယ်လိုအကြောင်းရင်းမှ မတွေ့သလို ယူကရိန်းမှာ နျူကလီးယားလက်နက်သုံးပြီး တိုက်ခိုက်ဖို့ ရုရှားဘက်က ပြင်ဆင်နေတဲ့ အရိပ်လက္ခ ဏာလည်း လုံးဝမတွေ့ရပါဘူး။” လို့ ဂျန်းပီးယားက ပြောပါတယ်။

 

နျူကလီးယားလက်နက်အသုံးပြုရေးနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ မေးမြန်းခံရတဲ့အခါ ပူတင်က ရုရှားနိုင်ငံရဲ့ နျူကလီးယားမူဝါဒကို ထပ်မံပြောကြားလိုက်ပုံရကြောင်း သမ္မတဂျိုးဘိုင်ဒန်နဲ့အတူ သွားရောက်ခဲ့တဲ့ မဲလ်ဝပ်ကီး ခရီးစဉ်အတွင်း ဂျန်းပီးယားက ပြောပါတယ်။

 

“ဘယ်လိုပဲဖြစ်ဖြစ် အခုဖြစ်ပွားနေတဲ့ စစ်ပွဲတစ်လျှောက် နျူကလီးယားလက်နက်သုံးစွဲမယ်လို့ ခြိမ်းခြောက်နေ တဲ့ ရုရှားရဲ့ ပြောဆိုမှုတွေဟာ အဆင်အခြင်မဲ့ပြောဆိုမှုတွေဖြစ်သလို တာဝန်မဲ့ပြောဆိုမှုတွေလည်းဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ရန်စခြင်းမရှိဘဲ တရားမျှတတဲ့အကြောင်းပြချက်မရှိဘဲ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာ ရုရှားဖြစ်ပါ တယ်။ ဒါ့ကြောင့် ရုရှားကျူးကျော်ရန်ကနေ မိမိပြည်သူတွေနဲ့ နယ်နိမိတ်ပိုင်နက်တွေကို ယူကရိန်းတွေက ကာ ကွယ်နေတာဖြစ်တဲ့အတွက် ကျွန်မတို့က ယူကရိန်းကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သမ္မတပူတင်ဟာ ရုရှားရဲ့ နျူကလီးယားလက်နက်တွေကို ချီးကျူးပြောဆိုလိုက်ပြီး ရုရှားနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လာမယ်ဆိုရင် အဲဒီနျုူကလီးယားလက်နက်တွေကို ထုတ်သုံးဖို့ အသင့်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲတစ်လျှောက်လုံး ရုရှားအစိုးရဟာ နျူကလီးယားလက်နက်တွေအကြောင်း ဂုဏ်တင်ပြောဆိုလေ့ ရှိပါတယ်။

 

အမေရိကန်ကွန်ဂရက်လွှတ်တော်က နောက်ထပ်အကူအညီတွေအတွက် ဟန့်တားပိတ်ဆို့ထားပေမဲ့ စစ်ပွဲမှာ ရုရှားဘက်က အသာရလာပြီးနောက် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၃၀၀ တန်ကြေးှရှိ အရေးပေါ်အကူ အညီတွေ ထပ်မံပေးပို့သွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

 

Ref: US Says No Sign Russia Preparing to Use Nukes in Ukraine

 

#PeopleMedia


Share this post