• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ဖို့ ချေချင်းတပ်ဖွဲ့ဝင် ၈၄,၀၀၀ စေလွှတ်ပေးဖို့ ချေချင်း ခေါင်းဆောင်ကာဒီရော့ဗ် စီစဉ်နေ

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ဖို့ ချေချင်းတပ်ဖွဲ့ဝင် ၈၄,၀၀၀ စေလွှတ်ပေးဖို့ ချေချင်း ခေါင်းဆောင်ကာဒီရော့ဗ် စီစဉ်နေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၄

 

ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇမ်ကာဒီရော့ဗ်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က စစ်အင်အားဖြည့်တင်း နိုင်ဖို့အတွက် ချေချင်းတပ်ဖွဲ့ဝင် ၈၄,၀၀၀ ကို စေလွှတ်သွားဖို့ စီစဉ်နေတယ်လို့ National Resistance Center (NRC) က သတင်းထုတ်ပြန်ခဲ့ကြောင်း RBC Ukraine မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။

 

ယူကရိန်းစစ်ပွဲကို စေလွှတ်မယ့် ချေချင်းတပ်ဖွဲ့ဝင်တွေကို အတင်းအကျပ်ခေါ်ယူမှာ မဟုတ်ဘဲမိမိတို့သဘော ဆန္ဒအလျောက်ဝင်ရောက်လာသူတွေကိုသာ စေလွှတ်သွားဖို့ ရမ်ဇမ်ကာဒီရော့ဗ်က ရည်ရွယ်ထားတယ်လို့ ဆို ပါတယ်။

 

ဥပဒေအရ စစ်သားစုဆောင်းတာကို ရှောင်ရှားဖို့အတွက် ချေချင်းအစိုးရဟာ ကရင်မလင်အစိုးရချမှတ်ပေးထား တဲ့ တာဝန်တွေအားလုံးကို အပြည့်အဝ ဆောင်ရွက်ခဲ့ကြောင်း ကာဒီရော့ဗ်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

 

“တိုက်ပွဲဝင်မယ့် အကြမ်းဖက်သမား အများအပြားကို ၎င်းတို့သဘောဆန္ဒအလျောက် ရှာဖွေစုဆောင်းခဲ့တာဖြစ် ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သူ့ကို (ရမ်ဇမ်ကာဒီရော့ဗ်ကို) ကျေးဇူးတင်သင့်ပါတယ်။” လို့ NRC က ပြောပါတယ်။

 

ရုရှားအစိုးရစတင်ခဲ့တဲ့ စစ်ပွဲဟာ ကာလကြာရှည်လာပြီဖြစ်တဲ့အလျောက် အင်အားပြုန်းတီးလာတဲ့အတွက် ရုရှားနိုင်ငံရေးခေါင်းဆောင်ဟာ အခြေအနေကို ထိန်းချုပ်နိုင်အောင် ကြိုးစားရုန်းကန်နေရကြောင်း CNS သတင်းဆောင်းပါးမှာလည်း ရေးသားထားပါတယ်။

 

“ဒါ့ကြောင့်မို့လို့ ချေချင်းအစိုးရဟာ ချေချင်းတပ်ဖွဲ့ဝင်တွေနဲ့ တခြားတိုင်းရင်းသားလူနည်းစုတပ်ဖွဲ့ဝင်တွေကို စစ် မြေပြင်ကို စေလွှတ်ဖို့ ရရှိတဲ့အခွင့်အရေးကို အသုံးချပြီး တတ်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်။” လို့ NRC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ချေချင်းတပ်ဖွဲ့ဝင်တွေကို ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က အသုံးပြုဖို့အတွက် စေလွှတ်ပေးဖို့ ချေချင်းခေါင်း ဆောင် ရမ်ဇမ်ကာဒီရော့ဗ်က အောက်တိုဘာလ အစောပိုင်းမှာလည်း ကမ်းလှမ်းခဲ့ပါတယ်။

 

ဒါ့အပြင် အင်အား ၁၅၀၀ ပါဝင်တဲ့ ချေချင်းတပ်ရင်းသစ် တစ်ခုကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီအင်အားနဲ့ဆို ရင် ရုရှားတွေအတွက် စစ်ကူစေလွှတ်ဖို့ သင့်လျော်တယ်လို့ အဲဒီအချိန်က ရမ်ဇမ်ကာဒီရော့ဗ်က ပြောပါတယ်။

 

အောက်တိုဘာလ ၂၉ ရက်နေ့က ချေချင်းညာအထူးတပ်ဖွဲ့သင်တန်းကျောင်းကို ဒရုန်းတွေနဲ့ လာရောက်တိုက် ခိုက်ခဲ့တဲ့အတွက် အဆောက်အဦတစ်ခု မီးလောင်ခဲ့ပါတယ်။

 

Ref: Kadyrov wants to send 84 000 Chechens to war against Ukraine – NRC: RBC Ukraine

 

#PeopleMedia


Share this post