• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ လိမ်လည်လှည့်ဖျားခံရပြီး ဝင်ရောက်တိုက်ခိုက်နေရတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူ နိုင်ဖို့ သီရိလင်္ကာ အဆင့်မြင့်ကိုယ်စားလှယ်အဖွ့ဲ ရုရှားကို စေလွှတ်မည်

ယူကရိန်းစစ်ပွဲမှာ လိမ်လည်လှည့်ဖျားခံရပြီး ဝင်ရောက်တိုက်ခိုက်နေရတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူ နိုင်ဖို့ သီရိလင်္ကာ အဆင့်မြင့်ကိုယ်စားလှယ်အဖွ့ဲ ရုရှားကို စေလွှတ်မည်

Share this post

နိုင်ငံတကာ၊ မေ ၁၇

 

ရုရှား-ယူကရိန်း စစ်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို စုံစမ်းရှာဖွေ ပြန်လည်ခေါ်ယူဖို့အတွက် အဆင့်မြင့်ကိုယ်စားလှယ်တစ်ဖွဲ့ကို ရုရှားနိုင်ငံကို စေလွှတ်သွားမှာဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ကြာ သပတေးနေ့ (မေလ ၁၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

သီရိလင်္ကာစစ်မှုထမ်းဟောင်းတွေကို လစာကောင်းကောင်းနဲ့ နိုင်ငံသားပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လူမှုကွန် ရက်တစ်ခုဖြစ်တဲ့ WhatsApp ကနေ ပစ်မှတ်ထားရှာဖွေခဲ့တာဖြစ်တဲ့အတွက် ၎င်းတို့နိုင်ငံသားတွေဟာ လိမ် လည်လှည့်ဖျားခံဖို့ မဟုတ်ဘူးလို့ သီရိလင်္ကာကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အွန်လိုင်းကတစ်ဆင့် စုဆောင်းခေါ်ယူတဲ့ အေးဂျင့်တွေက စာရွက်စာတမ်းတွေနဲ့ လေယာဉ်ခရီးစဉ်စီစဉ်ပေးခဲ့ တာဖြစ်ပါတယ်။

 

နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံးအခြေအနေကနေ ကြိုးစားရုန်းကန်ထွက်နေတုန်း ကိုဗစ်အကြိုကာလ မှာ ဆင်းရဲမွဲတေမှု နှစ်ဆမြင့်တက်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံက နိုင်ငံသားအများအပြားဟာ ပြည်ပနိုင်ငံတွေကိုထွက် ခွာကြစဉ် အခုလို စစ်သားစုဆောင်းတဲ့ကိစ္စကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ခိုင်းဖို့အတွက် စစ်သင်တန်းတက်ပြီးသားနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့ကိစ္စကို အခုလအစောပိုင်းက သီရိလင်္ကာအာဏာပိုင်တွေက စတင်စုံစမ်းစစ်ဆေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး သာရ ကာဘလာဆူရီယာက ပြောပါတယ်။

 

“အရေးကြီးတဲ့စိန်ခေါ်မှုက ရုရှားမှာရောက်နေတဲ့ သိရိလင်္ကာနိုင်ငံသားအရေအတွက် အတိအကျကို သိဖို့ပဲဖြစ် ပါတယ်။ အပြင်သတင်းတွေကြားရတာကတော့ ခန့်မှန်း ၆၀၀ ကနေ ၈၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါ တယ်။” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

 

သီရိလင်္ကာအာဏာပိုင်တွေဟာ တရားမဝင်စုဆောင်းခံရပြီး ယူကရိန်းမှာစစ်တိုက်နေရတဲ့ နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဆီက တိုင်တန်းလွှာ ၂၈၈ စောင်ကို ရရှိခဲ့ပြီးနောက် လူကုန်ကူးမှုနဲ့ ဆက်နွယ်ပြီး အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးအပါအဝင် လူ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ သီရိလင်္ကာနိုင်ငံသား အငြိမ်းစားစစ်မှုထမ်းဟောင်း ၁၆ ဦးထက်မနည်း သေဆုံးသွားပြီဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

သီရိလင်္ကာကာကွယ်ရေးဝန်ကြီး ကာမယ်လ်ဂူနာရက်နီနဲ့ ရုရှားနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ဟောင်းတို့ ပါ ဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင် ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း ဘလာဆူရီယာက ပြောပါ တယ်။

 

ခွဲထွက်ရေးဝါဒီတမီလ်သူပုန်တွေနဲ့ သီရိလင်္ကာတပ်မတော်ကြားက ၂၆ နှစ်ကြာ ပြည်တွင်းစစ်ပွဲဟာ ၂၀၀၉ ခုနှစ် မှာ ရပ်စဲခဲ့ပါတယ်။

 

စစ်ကြီးပြီးတဲ့နောက် သီရိလင်္ကာတပ်မတော်သား အများအပြားဟာ တပ်မတော်ထဲကနေ အငြိမ်းစားယူခဲ့ကြပါ တယ်။

 

Ref: Sri Lanka to send delegation to Russia to help repatriate men duped into Ukraine fighting

 

#PeopleMedia


Share this post