ယူကရိန်းစစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အ ထောက်အထားတွေ တွေ့ရှိရကြောင်း ပထမဦးဆုံးအကြိမ် အမေရိကန်ပြော
PUBLISHED - October 24, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၄
ယူကရိန်းစစ်မြေပြင်ကို စစ်ကူပို့ပေးဖို့အတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀၀၀ ကို ရုရှားနိုင်ငံကို စေလွှတ် လိုက်တဲ့ အထောက်အထား ရရှိထားကြောင်း အမေရိကန်ပြည်ထောင်စုက ပထမဦးဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူး နေ့ (အောက်တိုဘာ ၂၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းအစိုးရက စွပ်စွဲထားသလို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေက ရုရှားတပ်တွေနဲ့အတူ လက်တွဲပြီး ယူက ရိန်းစစ်ပွဲမှာ တိုက်ခိုက်လာမယ်ဆိုရင် အလွန့်အလွန် အန္တရာယ်ကြီးမားကြောင်း ရောမမြို့မှာ မိန့်ခွန်းပြောကြား စဉ် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်သြစတင်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အဲဒီနေရာမှာ ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ လိုသေးတယ် လို့ သြစတင်က ပြောပါတယ်။
“မြောက်ကိုရီးယား (DPRK) တပ်ဖွဲ့ဝင်တွေ ရုရှားမှာရောက်နေတယ်ဆိုတာ အထောက်အထား ရရှိထားပါ တယ်။” သြစတင်က သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀၀၀ ထက်မနည်း ရုရှားနိုင်ငံအရှေ့ပိုင်းက စစ်စခန်း ၃ ခုမှာ လေ့ကျင့်သင်ကြားနေ တယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ထားကြောင်း ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို မြောက်ကိုရီးယားနိုင်ငံ ဝန်ဆန်ဒေသကနေ ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့ စတော့ခ်မြို့ကို အောက်တိုဘာလ အစောပိုင်း/လလယ်ပိုင်းလောက်မှာ သင်္ဘောနဲ့တစ်ဆင့် ပို့ဆောင်ခဲ့တာဖြစ် နိုင်ကြောင်း ဂျွန်ကာဘီက ပြောပါတယ်။
“သူတို့တွေ ယူကရိန်းကိုတိုက်ခိုက်ဖို့ တပ်ဖြန့်ချထားမယ်ဆိုရင် သူတို့ဟာ တရားဝင်ပစ်မှတ်တွေ ဖြစ်သွားမှာဖြစ် တယ်။ ယူကရိန်း စစ်တပ်က ရုရှားစစ်သားတွေကို ခုခံတိုက်ခိုက်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မြောက် ကိုရီးယားစစ်သားတွေကိုလည်း ခုခံတိုက်ခိုက်ပါလိမ့်မယ်။” လို့ ကာဘီက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ရုရှားကို တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ အကူအညီပေးသွားမယ်လို့ ကတိပြုထားပြီး အခုနှစ် ဒီဇင်ဘာလအတွင်း ကတိပြုထားတဲ့အတိုင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို အပြီးစေလွှတ် သွားမယ်လို့ ခန့်မှန်းထားကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီအစည်းအဝေးအပြီး မှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက သတင်းထောက်တွေကို ပြောပါတယ်။
“မြောက်ကိုရီးယားနိုင်ငံထဲမှာ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနေတာကို စက်တင်ဘာလနဲ့ အောက် တိုဘာလအတွင်းမှာ ခြေရာခံထောက်လှမ်း သိရှိထားပါတယ်။” လို့ လွှတ်တော်ထောက်လှမ်းရေးကော်မတီအဖွဲ့ ဝင် ပက်ဆန်ဝန်က ပြောပါတယ်။
Ref: US says evidence shows North Korea has troops in Russia, possibly for Ukraine war
#PeopleMedia