ယူကရိန်းစစ်ပွဲရပ်တန့်ရေး ရုရှားကို တွန်းအားပေးရန် ဗြိတိန်က တရုတ်ကို တိုက်တွန်း
PUBLISHED - May 17, 2024
နိုင်ငံတကာ၊ မေ ၁၇
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ ဆွေးနွေးနေတဲ့အချိန်မှာ ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့အတွက် ရုရှားကို တွန်းအားပေးဖို့ တရုတ်နိုင်ငံကို ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ကြာသာပတေးနေ့က နှစ်နိုင်ငံဆက်ဆံရေးညီညွတ်ခိုင်မြဲမှုကို ထုတ်ဖော်ပြသနေစဉ်အတွင်း “ရုရှားရဲ့တရားမဝင် စစ်ပွဲ” ကို ရပ်တန့်ဖို့ တရုတ်အနေနဲ့ ရုရှားကို တိုက်တွန်းသင့်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။
ယူကရိန်းစစ်ပွဲရပ်တန့်ရေး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ပူတင်က ၎င်းကို ကျေးဇူးတင်စကားပြောကြားခဲ့ သလို ၎င်းအနေနဲ့လည်း ဥရောပဒေသ “ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး” ပြန်လည်ရရှိလာလိမ့်မယ်လု့ိ မျှော်လင့် ကြောင်း တရုတ်ခေါင်းဆောင်က ပြောပါတယ်။
“တရားမဝင်ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးအတွက် ရုရှားနိုင်ငံကို တွန်းအားပေးဖို့ တရုတ်ကို ကျွန်တော်တို့ တိုက် တွန်းသွားမှာဖြစ်ပါတယ်။ ယူကရိန်းနို်င်ငံရဲ့ အချုပ်အခြာနဲ့ နယ်နိမိတ်ပိုင်နက် ကာကွယ်ရေး အရေးကြီးကြောင်း တရုတ်က အရင်ကတည်းက ပြောကြားခဲ့ပြီးဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ် ရိုင်ရှီဆူနက်ရုံးက ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့ ညနေပိုင်းမှာ ပြောပါတယ်။
ပြီးခဲ့တဲ့လက တရုတ်ခရီးစဉ်မှာ ဗြိတိန်နိုုင်ငံခြားရေးဝန်ကြီး အန်းမရီးထရီဗဲလ်လျန်က တရုတ်နိုင်ငံခြားရေးဝန် ကြီးနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်လို့ ယူကရိန်းစစ်ပွဲရပ်တန့်ရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို တိုက်တွန်းတာဟာ အ ဆင့်အားလုံးမှာ ဗြိတိန်က တရုတ်နဲ့ ဆက်သွယ်ထားပြီးဖြစ်တဲ့ အကြောင်းအရာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရုံးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ရုရှားကိုအဓိကထောက်ခံတဲ့နိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ သိသိသာသာ သြဇာရှိတဲ့နိုင်ငံဖြစ်ပါတယ်။
ရုရှားက ယူကရိန်းစစ်ပွဲအတွက် တရုတ်စစ်လက်နက်ပစ္စည်းတွေကို လိုအပ်နေသလို ရုရှားရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကို ဝယ်ယူနေတာကလည်း ရုရှားစီးပွားရေးမြှင့်တင်ရာမှာ အထောက်အကူဖြစ်စေတဲ့အတွက် တ ရုတ်နိုင်ငံဟာ ရုရှားကို ဆက်လက်ထောက်ခံနေတာဖြစ်ပါတယ်။
တခြားပြိုင်ဘက်တွေကို ထိန်းချုပ်နှိပ်ကွပ်ထားတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးနောက် အာဏာကိုတင်းကျပ် စွာဆုပ်ကိုင်ထားချိန်မှာ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပူတင်ဟာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ တာဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နွေးထွေးပျူငှာစွာ ဆက်ဆံကြပါတယ်။
နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ တည်ဆောက်သွားမှာဖြစ် ကြောင်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားဟာ ဘက်မလိုက်/ထိပ်တိုက်မတွေ့ဆုံရေး ရပ်တည်မှုကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ကြောင်း ရှီ ကျင့်ဖျင်က ပြောပါတယ်။
Ref: UK calls for China to push Russia to end war in Ukraine: PA
#PeopleMedia