• Follow Us on
Latest News

Home ယူကရိန်းစစ်ပွဲဟာ ရုရှားအတွက် ရလဒ်ပြောင်းပြန်ထွက်ပေါ်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဖွင့်ဟဝန်ခံ

ယူကရိန်းစစ်ပွဲဟာ ရုရှားအတွက် ရလဒ်ပြောင်းပြန်ထွက်ပေါ်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဖွင့်ဟဝန်ခံ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂

 

ယူကရိန်းမှာ ရုရှားဆင်နွှဲနေတဲ့စစ်ပွဲဟာ ရုရှားအစိုးရအတွက် ရလဒ်ပြောင်းပြန်ထွက်ပေါ်လာနေကြောင်း ပထမ ဦးဆုံးအကြိမ်အဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးဆာဂျီရှိုင်ဂူက ဝန်ခံပြောကြားလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ယူကရိန်းနိုင်ငံမှာ ရုရှားအတွက် အ နှောင့်အယှက်အတားအဆီးတွေက သိသိသာသာ ပိုမိုကြီးမားလာကြောင်း ကာကွယ်ရေးဝန်ကြီးဌာနအစည်းအ ဝေးမှာ ဗလာဒီမာပူတင်ရဲ့ထိပ်တန်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

 

ရုရှားအစိုးရလက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲကတစ်ခုက ရုရှားနိုင်ငံရဲ့ကျူးကျော်မှုကြောင့် ပေါ်ထွက်လာ တဲ့ ဒေသတွင်းလုံခြုံရေးခြိမ်းခြောက်မှုအရ နေတိုးအဖွဲ့တွေ ရုတ်တရက် အင်အားတိုးချဲ့လာတာပဲဖြစ်ပါတယ်။

 

ဖင်လန်နိုင်ငံက ဧပြီလအတွင်းက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သွားသလို ဆွီဒင်နိုင်ငံကလည်း နေတိုးအဖွဲ့ ထဲဝင်ရောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

 

အဲဒီလိုနေတိုးအဖွဲ့ကို တိုးချဲ့ဝင်ရောက်လာတာတွေကြောင့် နေတိုးအဖွဲ့တိုးချဲ့မှုကြောင့် ယူကရိန်းကို တိုက်ခိုက် ရတာပါလို့ အကြောင်းပြခဲ့တဲ့ ရုရှားနိုင်ငံအတွက် ရှက်ရွံစရာလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

 

ရုရှားနိုင်ငံအတွက် ပိုဆိုးတာက နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားနဲ့ တိုက်ရိုက်စစ်ပွဲဖြစ်ပွားလာခဲ့ရင် ဘာလုပ်ရမ လဲဆိုတာကို စစ်ဆင်ရေးစီမံချက်တွေ ကြိုတင်ရေးဆွဲနေပြီဖြစ်ကြောင်း Daily Express က ပြောပါတယ်။

 

ရုရှားကျူးကျော်မှုကြောင့် နောက်ထပ်ထွက်ပေါ်လာတဲ့ အဓိကအနှောက်အယှက်အတားအဆီးတစ်ခုကတော့ ရု ရှားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုကို ထိခိုက်စေတဲ့ အနောက်နိုင်ငံတွေရဲ့ ကြီးမားတဲ့ စီးပွားရေးပိတ် ဆို့မှုတွေပဲ ဖြစ်ပါတယ်။

 

စီးပွားရေးပိတ်ဆို့မှုကြောင့် အီလက်ထရောနစ်စက်ပစ္စည်းအစိတ်အပိုင်းတွေကို ပိတ်ထားတဲ့အတွက် ပဲ့ထိန်းဒုံး ကျည်တွေကို အစားထိုးဖို့ သမ္မတပူတင်အနေနဲ့ လက်ရှိအချိန်မှာ အတော်လေးရုန်းကန်နေရကြောင်း အမေရိ ကန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးက ပြောပါတယ်။

 

စီးပွားရေးအရေးယူပိတ်ဆို့မှုတွေဟာ ရုရှားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းအသစ်တွေထုတ်လုပ်ရေးကိုလည်း ထိ ခိုက်နေသလို ရုရှားအစိုးရအနေနဲ့ ရှေ့တန်းနယ်မြေက တပ်ဖွဲ့ဝင်အသစ်တွေ ပြန်လည်ဖြည့်တင်းရေးအတွက် လည်း အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

 

“အမေရိကန်အစိုးရက မဟာမိတ်နိုင်ငံတွေက ပိုပြီးတာဝေးပစ်နိုင်တဲ့လက်နက်တွေနဲ့ ပိုမိုအစွမ်းထက်တဲ့လက် နက်တွေကို ကြိုးပမ်းရှာဖွေရင်း (ယူကရိန်းကို) တဖြည်းဖြည်း တိုးမြှင့်ပို့ဆောင်ပေးနေပါတယ်။ ရုရှားတပ်မတော် အတွက် ဒီခြိမ်းခြောက်မှုတွေကို အချိန်ကိုက်၊ လုံလုံလောက်လောက် တုံ့ပြန်နိုင်ဖို့ လိုပါတယ်။” လို့ ဆာဂျီရှိုင်ဂူ က ပြောပါတယ်။

 

Ref: Russia’s Defense Minister Admits Ukraine War Backfiring on Moscow: The Defense Post

 

#PeopleMedia


Share this post