• Follow Us on
Latest News

Home ယူကရိန်းစစ်ပွဲအတွက် ကာဇက်စတန်အရပ်သားတွေကို တပ်သားသစ်အဖြစ် ရုရှားစစ်တပ်က စုဆောင်းနေ

ယူကရိန်းစစ်ပွဲအတွက် ကာဇက်စတန်အရပ်သားတွေကို တပ်သားသစ်အဖြစ် ရုရှားစစ်တပ်က စုဆောင်းနေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅

 

ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်ပွဲမှာ အင်အားဖြည့်တင်းဖို့အတွက် အိမ်နီးချင်း ကာဇက်စတန်နိုင်ငံက အရပ်သား တွေကို တပ်သားသစ်အဖြစ်စုဆောင်းနေကြောင်း ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

 

အရင်က ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ကာဇက်စတန်နိုင်ငံမှာ “ဘုံရည်မှန်းချက်တူ လက်ချင်း တွဲ၍” ဆိုတဲ့ဆောင်ပုဒ်နဲ့ တပ်သားသစ်စုဆောင်းရေးကြော်ငြာ သုံးလေးခုကို တွေ့မြင်ရပါတယ်။

 

တပ်သားသစ်အဖြစ်ဝင်ဝင်ချင်း တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ရုရှားရူဘယ်လ်ငွေ ၄၉၅၀၀၀ (ဒေါ်လာ ၅၃၀၀) နဲ့ လစာငွေအဖြစ် တစ်လကို ရူဘယ်လ် ၁၉၀၀၀၀ (ဒေါ်လာ ၂၀၀၀) ပေးအပ်သွားမှာဖြစ်ကြောင်း ကြော်ငြာထဲ မှာဖော်ပြထားပါတယ်။

 

အဲဒီကြော်ငြာတွေကြောင့် ကာဇက်စတန်တပ်သားသစ်တွေဟာ ရုရှားနိုင်ငံ အရှေ့ဘက်နယ်စပ်က ဆာခါလင်း ဒေသမှာတည်ရှိတဲ့ ရုရှားတပ်မတော်ထဲကို ဝင်ရောက်လာနိုင်တယ်လု့ိဆိုပါတယ်။

 

ကာဇက်စတန်နိုင်ငံဟာ ၎င်းတို့နိုင်ငံသားတွေကို ပြည်ပနိုင်ငံတွေမှာ ကြေးစားစစ်သားလုပ်ကိုင်ခွင့် ပိတ်ပင်တား မြစ်ထားပါတယ်။

 

တခြားနိုင်ငံက တပ်သားသစ်တွေစုဆောင်းနေတာ ဒါမှမဟုတ် တပ်သားသစ်ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဒီတစ် ကြိမ်ဟာ ရုရှားနိုင်ငံအတွက် ပထမဦးအကြိမ်မဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဆိုဗီယက်အဖွဲ့ဝင်ဟောင်းနိုင်ငံတချို့က နိုင်ငံသားတွေက ၎င်းတို့ကို ရုရှားတပ်မတော် ဒါမှမဟုတ် ရုရှားအစိုးရ လက်အောက်ခံ ကြေးစားစစ်တပ်တွေက လာရောက်ငှားရမ်းဖူးကြောင်း ပြောဆိုပါတယ်။

 

ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ခေးဂစ္စတန်နိုင်ငံတွေက နိုင်ငံသားရာပေါင်းများစွာကို ရုရှားနိုင်ငံက ပစ် မှတ်ထား စုဆောင်းခဲ့တယ်လို့ဆိုပါတယ်။

 

“ကျွန်မညီမရဲ့ ယောကျ်ား ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက လီဆေချန့်စ်ခ်က တိုက်ပွဲမှာကျသွားတယ်။ ကျွန်မတူတွေထဲက တစ်ယောက်လည်း ရုရှားမှာထောင်ကျနေရင်း ဝဂ္ဂနာကြေးစားတပ်ထဲကို ဝင်သွားပါတယ်။” လို့ တာဂျစ်ကစ္စတန်ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ရုရှားနိုင်ငံက ကာဇက်စတန်အရပ်သားတွေကို အခုလို တပ်သားသစ်အဖြစ်စုဆောင်းဖို့ ကြိုးပမ်းနေတာဟာ ၎င်း တို့မြေပြင်တပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်တင်းဖို့အတွက် လုပ်မိလုပ်ရာ လုပ်နေတာဖြစ်တယ်လို့ ဝေဖန်ကြပါ တယ်။

 

ရုရှားနိုင်ငံထဲမှာလည်း ရုရှားစစ်တပ်ထဲဝင်ဖို့ အရပ်သားတွေကို စည်းရုံးတဲ့အနေနဲ့ ရုရှားတပ်မတော်က စစ်သည် တွေရဲ့လစာကို ၁၀ ဆ တိုးမြှင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းစည်းရုံးခဲ့ပါတယ်။

 

Ref: Russian Military Recruiting From Kazakhstan to Fight Ukraine: The Defense Post

 

#PeopleMedia


Share this post