ယူကရိန်းစစ်ပွဲအတွက် အီဂျစ်နိုင်ငံသားတွေကို တပ်သားသစ်အဖြစ် ရုရှားစုဆောင်းနေ
PUBLISHED - August 6, 2024
နိုင်ငံတကာ၊ သြဂုတ် ၆
ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်မျက်နှာကို ထောက်ပံ့ဖို့အတွက် အီဂျစ်လူမျိုးတွေကို တပ်သားသစ်အဖြစ် စု ဆောင်းနေကြောင်း ယူကရိန်းစစ်ဆင်ရေးနည်းဗျူဟာအဖွဲ့က ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေကို ခါကိဗ်အော့ဘလက်တ်ဒေသမှာ တိုက်ပွဲဝင်ဖို့အတွက် အသုံး ပြုနေကြောင်း အဆိုပါအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ရုရှားအစိုးရဟာ ၎င်းတို့ရဲ့မြေပြင်တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းဖို့အတွက် စီးပွားရေးအခြေအနေမကောင်း တဲ့နိုင်ငံတွေက ကြေးးစားစစ်သားတွေကို အသုံးပြုဖို့ ကြိုးစားရာမှာ ဒီအစီအစဉ်ဟာ ရုရှားအစိုးရ မဟာဗျူဟာ ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
အီဂျစ်နိုင်ငံသားတွေကို မစည်းရုံးခင်က ရုရှားစစ်တပ်ဟာ အာဖရိက နိုင်ငံသားတွေ၊ ဆီးရီးယားနိုင်ငံသားတွေနဲ့ ကာဇက်စတန်နိုင်ငံသားတွေကို တပ်သားသစ်တွေအဖြစ် စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားစစ်တပ်ထဲကို ဝင်ရောက်ခဲ့တဲ့ နီပေါနိုင်ငံသား ၃၀၀၀ ကျော်လောက် ရှိနိုင်ကြောင်း ဖမ်းမိခဲ့တဲ့ နီပေါနိုင်ငံ သားတစ်ဦးကလည်း ဇွန်လအတွင်းမှာ ယူကရိန်းအာဏာပိုင်တွေထံ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
၎င်းတို့ကို လူသစ်စုဆောင်းစဉ်က ရှေ့တန်းစခန်းနဲ့ ဝေးကွာတဲ့နေရာတွေမှာ အလုပ်လုပ်ရမှာဖြစ်ပြီး ဆုကြေးချီး မြှင့်ငွေနဲ့ ထောက်ပံ့ကြေးတွေ အများအပြားရရှိမှာဖြစ်ကြောင်း ပြောဆိုစည်းရုံးသိမ်းသွင်းခဲ့တယ်လို့ နီပေါစစ်သုံ့ ပန်းတွေက ပြောပါတယ်။
၎င်းတို့ကို သုံးလ စစ်သင်တန်းပေးမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာ စစ်သင်တန်းမတက်ခဲ့ရဘူးလို့လည်း အဲဒီ သုံ့ပန်းတွေက ပြောပါတယ်။
ရုရှားအစိုးရကဆောင်ရွက်နေတဲ့ တပ်သားသစ်စုဆောင်းရေးအစီအစဉ်မှာ စစ်တပ်ထဲဝင်ဝင်ချင်း ရူဘယ်ငွေ ၄၉၅,၀၀၀ (ဒေါ်လာ ၅,၃၀၀) ပေးအပ်သွားမှာဖြစ်ပြီး လစာအဖြစ် တစ်လကို ရူဘယ်ငွေ ၁၉၀,၀၀၀ (ဒေါ်လာ ၂,၀၀၀) ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံခြားသားတွေကို စည်းရုံးရာမှာ ကျန်းမာရေးအာမခံအစီအစဉ်တွေ၊ ၎င်းတို့နဲ့ မိသားစုဝင်တွေအတွက် ရုရှား ပတ်စ်ပို့ထုတ်ပေးမယ့်အစီအစဉ်တွေပါ ထည့်သွင်းထားပါတယ်။
“ရုရှားစစ်တပ်ထဲဝင်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ငွေရှာဖို့ပါပဲ။ နီပေါနိုင်ငံမှာ ပုဂ္ဂလိက အလုပ် တစ်ခုလုပ်မယ်ဆိုရင် အများဆုံး တစ်လကို ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်သာ ရမှာလေ။” လို့ နီပေါစစ်သုံ့ပန်း တွေက Kyiv Independent မီဒီယာကို ပြောပါတယ်။
Ref: Russia Recruiting Egyptians to Fight in Ukraine: Report
#PeopleMedia