• Follow Us on

Home ယူကရိန်းစစ်ပွဲ မြောက်ကိုရီးယားပါဝင်ပတ်သက်မှုကို ဖုံးကွယ်မထားဘဲ တုံ့ပြန်ဖို့ မဟာမိတ်နိုင်ငံတွေကို ဇီလန်စကီး တောင်းဆို

ယူကရိန်းစစ်ပွဲ မြောက်ကိုရီးယားပါဝင်ပတ်သက်မှုကို ဖုံးကွယ်မထားဘဲ တုံ့ပြန်ဖို့ မဟာမိတ်နိုင်ငံတွေကို ဇီလန်စကီး တောင်းဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၃

 

ယူကရိန်းနိုင်ငံက ရုရှားကျူးကျော်စစ်မှာ မြောက်ကိုရီးယားက ဝင်ရောက်ပတ်သက်နေတဲ့အထောက်အထားကို ဖုံးကွယ်မထားဘဲ တုံ့ပြန်ဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက မဟာမိတ်နိုင်ငံတွေကို အင်္ဂါနေ့ (အောက် တိုဘာ ၂၂ ရက်နေ့) က တောင်းဆိုလိုက်ပါတယ်။

 

တပ်မတစ်ခုမှာ အင်အား ၆,၀၀၀ ပါရှိတဲ့ မြောက်ကိုရီးယားတပ်မနှစ်ခု အင်အား ၁၂,၀၀၀ ဟာ ရုရှားတပ်တွေနဲ့ အတူ ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ လေ့ကျင့်သင်ကြားနေတဲ့သတင်းကို ရရှိထားကြောင်း ၎င်းက ပြောပါ တယ်။

 

“ဒါဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမဲ့ ဒီစိန်ခေါ်မှုကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ မိတ်ဖက် နိုင်ငံတွေကလည်း ဒီစိန်ခေါ်မှုကို ဖုံးကွယ်မထားဖို့ အရေးကြီးပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

သြဂုတ်လအတွင်းက ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံတောင်ပိုင်း ကာ့စ်ခ်ဒေသမှာ ဗုဒ္ဓ ဟူးနေ့မှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို တွေ့ရလိမ့်မယ်လို့ ယူကရိန်းနိုင်ငံက မျှော်လင့်ထားကြောင်း ယူက ရိန်းထောက်လှမ်းရေးအကြီးအကဲက အမေရိကန်မီဒီယာ “The War Zone” ကို ပြောပါတယ်။

 

“ကာ့စ်ခ်ဒေသမှာ မနက်ဖြန်မှာ ပထမဦးဆုံးတပ်ဖွဲ့တွေကို တွေ့ရဖို့ ကျွန်တော်တို့ စောင့်နေပါတယ်။ အင်အား ဘယ်လောက်ကို ဘယ်လိုလက်နက်တွေ လေ့ကျင့်တပ်ဆင်ထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ တစ်ရက်နှစ်ရက်လောက်နေရင် တွေ့ရတော့မှာပါ။” လို့ ဒုတိယဗိုလ်ချုပ်ကြီးကီရီလိုဘူဒါနော့ဗ်က ပြောပါတယ်။

 

စစ်ပွဲမှာ ဘယ်လောက်အထိ သေကြေပျက်စီးမယ်ဆိုတာကို မြောက်ကိုရီးယားရော ရုရှားကပါ ထည့်သွင်းစဉ်း စားခြင်းမရှိကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

“ကမ္ဘာပေါ်က ကျွန်တော်တို့အားလုံးကတော့ စစ်ပွဲကို ကြာရှည်မဖြစ်စေချင်ဘဲ စစ်ပွဲအဆုံးသတ်နိုင်ရေးကိုသာ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ရုရှားနဲ့ ရုရှားရဲ့ကြံရာပါ မဟာမိတ်အဖွဲ့တွေ ကို တားဆီးရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“မြောက်ကိုရီးယားက ဥရောပတိုက်က စစ်ပွဲတစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်လာနိုင်ပြီဆိုရင် မြောက်ကိုရီးယား အစိုးရကို ဖိအားပေးနေတာတွေဟာ မလုံလောက်တော့ဘူးဆိုတာ သေချာပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

နှစ်နှစ်ခွဲကျော်ကြာလာတဲ့ ဒီစစ်ပွဲမှာ ရုရှားဘက်က ကူညီတိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အများအပြား စေလွှတ်သွားမယ်ဆိုတာ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီက အင်္ဂါနေ့က ပြောပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှား အခုလို စစ်ရေးပူးပေါင်းဆောင်ရွက်လာတယ်ဆိုရင် ယူကရိန်းကို စစ်လက်နက်ပစ္စည်း တွေတိုက်ရိုက်ထောက်ပံ့ဖို့ တောင်ကိုရီးယားအစိုးရက စဉ်းစားကောင်း စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ တောင်ကိုရီး ယားသမ္မတယွန်ဆောက်ယိုရဲ့ရုံးက ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

မြောက်ကိုရီးယားပါဝင်ပတ်သက်မှုအရေးကို အမေရိကန်အစိုးရက မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး ဒီသတင်းသာ အမှန်ဆိုရင် အန္တရာယ်ရှိပြီး အလွန်စိုးရိမ်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်ထိပ် တန်းသံတမန်တစ်ဦးက တနင်္လာနေ့က ပြောပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စေလွှတ်မှုဟာ ပဋိပက္ခကို သိသိသာသာ အရှိန်မြင့်တက်စေမှာဖြစ်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရူူးတပ်က တနင်္လာနေ့က ပြောပါတယ်။

 

Ref: Zelenskiy Calls on Allies ‘Not to Hide’, Respond to North Korean Involvement in War

 

#PeopleMedia


Share this post