ယူကရိန်းစစ်မြေပြင်ကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်ဆိုတဲ့ကိစ္စ မဟာမိတ်နိုင်ငံတွေနဲ့ အမေရိကန်ဆွေးနွေးမည်

PUBLISHED - October 22, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၂
ရုရှားအစိုးရဟာ မြောက်ကိုရီးယားကို တန်ဖိုးကြီးကြီးမားမား ပေးရနိုင်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားနဲ့ ဗြိတိန် နိုင်ငံတို့က သတိပေးပြောကြားနေစဉ်အတွင်း ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့အတွက် မြောက်ကိုရီးယားက ၎င်းတို့တပ်ဖွဲ့ဝင်တွေကို ရုရှားကို စေလွှတ်သွားမယ်ဆိုရင် “အန္တရာယ်ရှိပြီး အလွန်စိုးရိမ်စရာကောင်းတဲ့လုပ်ရပ်” ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့ (အောက်တိုဘာ ၂၁ ရက်) က ပြောကြားလိုက်ပါတယ်။
“အခုလို အရေးကြီးတဲ့ဖြစ်စဉ်ကနေ ဂယက်ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။” လို့ ကုသမဂ္ဂဆိုင်ရာ အမေရိကန်ဒုတိယသံအမတ် ရော ဘတ်ဝုဒ်က လုခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို ပြောပါတယ်။
ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ရုရှားကို စေလွှတ်သွားဖို့ စီစဉ်နေကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက စွပ်စွဲထားပါတယ်။
“အဲဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၁ ရက်နေ့မတိုင်ခင် ယူကရိန်းစစ်ပွဲမှာ ဝင်ရောက်တိုက် ခိုက်ဖို့ အသင့်ဖြစ်နေလိမ့်မယ်။” လို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ဆာဂျီကစ်စလေးတျာက တနင်္လာ နေ့က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ လေ့ကျင့်ရေးနဲ့ နယ်မြေကျွမ်းကျင်ရေးအတွက် အထူးတပ်ဖွဲ့ဝင် ၁၅၀၀ ကို ရုရှား အရှေ့ဖျားကို စေလွှတ်ထားပြီး အဲဒီအထူးတပ်ဖွဲ့ဝင်တွေကိုလည်း ယူကရိန်းစစ်ပွဲမှာ အသုံးပြုသွားနိုင်ဖွယ်ရှိနေ ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
“ဒီသတင်းမှန်ခဲ့ရင် အန္တရာယ်ရှိပြီး အလွန်စိုးရိမ်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားဒီမိုကရက် တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) နဲ့ ရုရှားနိုင်ငံတို့ စစ်ဘက်ဆက်ဆံရေး ဘယ်လောက်နက်ရှိုင်းမှုရှိတယ်ဆိုတာ ထုတ်ဖော်ပြသလိုက်တာလည်းဖြစ်ပါတယ်။” လို့ ဝုဒ်က ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းမှာ တိုက်ပွဲဝင်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဖြေဆိုဖို့ ရုရှား အစိုးရက တနင်္လာနေ့က ငြင်းဆိုခဲ့ပေမဲ့ ရုရှားနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုတွေဟာ တတိယနိုင်ငံ တစ်နိုင်ငံကို တိုက်ရိုက်ဆန့်ကျင်တိုက်ခိုက်ဖို့မဟုတ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ် က ပြောပါတယ်။
Ref: US consults allies about North Korea troops in Ukraine
#PeopleMedia