• Follow Us on

Home ယူကရိန်းတပ်တွေ ကာ့စ်ခ်ဒေသမှာ ရန်သူ့အင်အား ၅၀,၀၀၀ နီးပါးကို ရင်ဆိုင်နေရကြောင်း ဇီလန်စကီးပြော

ယူကရိန်းတပ်တွေ ကာ့စ်ခ်ဒေသမှာ ရန်သူ့အင်အား ၅၀,၀၀၀ နီးပါးကို ရင်ဆိုင်နေရကြောင်း ဇီလန်စကီးပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂

 

ရုရှားအစိုးရဟာ ယူကရိန်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံတောင်ပိုင်း ကာ့စ်ခ်ဒေသမှာ တပ်ဖွဲ့ဝင် အင်အား ၅၀၀၀၀ ဝန်းကျင် တပ်ဖြန့်ချထား ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက တနင်္လာနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းတပ်တွေဟာ ကာ့စ်ခ်ဒေသမှာ ရန်သူ့အင်အား ၅၀၀၀၀ နီးပါးကို ဆက်လက် ရင်ဆိုင်ကာကွယ်နေရ ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဆူဆီကီးနဲ့ ပြောဆိုပြီးနောက် သမ္မတဇီလန်စကီးက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

 

ယူကရိန်းတပ်တွေက သြဂုတ်လအတွင်းက ရုရှားပိုင် ကာ့စ်ခ်ဒေသကို ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ်ထားနိုင် ခဲ့တဲ့အတွက် ရုရှားအစိုးရတင်မကဘဲ မဟာမိတ်နိုင်ငံတွေကပါ အံ့သြခဲ့ကြပါတယ်။

 

ရုရှားတပ်တွေဟာ အဲဒီဒေသကနေ ရုရှားနိုင်ငံထဲကို ထိုးစစ်အသစ်တစ်ခု ဆင်နွှဲတိုက်ခိုက်ဖို့ စီစဉ်နေတဲ့အတွက် ကာ့စ်ခ်ဒေသကို လိုအပ်လို့ တိုက်ခိုက်ခဲ့ရတာဖြစ်ကြောင်း ယူကရိန်းက ပြောပါတယ်။

 

နောက်ထပ် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်ပွားအောင် ကာ့စ်ခ်ဒေသကို ကြားခံနယ်မြေတစ်ခုအ ဖြစ် ဖန်တီးသွားမှာဖြစ်ကြောင်း ယူကရိန်းနိုင်ငံက ပြောပါတယ်။

 

ဒုတိယကမ္ဘာစစ်ပြီးကတည်းက နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ ရုရှားမြေပေါ်ကို ပထမဦးဆုံးကျူးကျော်တိုက်ခိုက် လာတဲ့ ကာ့စ်ခ်ဒေသ ထိုးစစ်ဟာ ရုရှားအစိုးရကို လုံးဝ အငိုက်မိသွားစေခဲ့ပါတယ်။

 

ရုရှားအတွင်းပိုင်းထဲအထိ ရောက်ရှိလာတဲ့ ယူကရိန်းတပ်တွေရဲ့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုဟာ မြန်ဆန် ပြီး အဲဒီအချိန်ကတည်းက စတုရန်းမိုင်ရာနဲ့ချီတဲ့ ရုရှားနယ်မြေတွေကို ယူကရိန်းတပ်တွေက ထိန်းသိမ်းထားနိုင် ခဲ့ပါတယ်။

 

နယ်မြေတချို့ကို ပြန်လည်ရရှိခဲ့တယ်လို့ ရုရှားဘက်က ကြေညာခဲ့ပေမဲ့ ပြီးခဲ့တဲ့လတွေအတွင်း ယူကရိန်းတပ် တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ သိသိသာသာ အပြောင်းအလဲ မရှိဘူးလို့လည်း ဆိုပါတယ်။

 

ကာ့စ်ခ်ဒေသမှာ ထိန်းချုပ်နေရာယူထားတဲ့ ယူကရိန်းတပ်တွေကို တိုက်ခိုက်ဖို့အတွက် မကြာသေးခင်က ရောက်ရှိလာတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အပါအဝင် တပ်ဖွဲ့ဝင် အများအပြားကို ရုရှားစစ်တပ်က စုဖွဲ့နေ ကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN ကို ပြောပါတယ်။

 

ရုရှားနိုင်ငံမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေတဲ့အကြောင်းနဲ့ပတ်သက်ပြီး ရုရှားအစိုးရကတော့ ဘာမှ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပါဘူး။

 

ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုမှာ ရုရှားမြေပေါ်ရောက် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေတပ်ဖြန့်ချထားမှုအကြောင်း အမေရိကန်က မေးမြန်းရာမှာ ရုရှားနိုင်ငံက ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ ပါဘူး။

 

Ref: Ukraine is fighting 50,000 troops in Russia’s Kursk region, Zelensky says: CNN

 

#PeopleMedia


Share this post