• Follow Us on
Latest News

Home ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ဗြိတိန်နိုင်ငံရဲ့လေ့ကျင့်သင်ကြားမှုအစီအစဉ်မှာ အက်စ်တိုးနီးယားစစ်သင် တန်းနည်းပြတွေ ပါဝင်သင်ကြားပေးမည်

ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ဗြိတိန်နိုင်ငံရဲ့လေ့ကျင့်သင်ကြားမှုအစီအစဉ်မှာ အက်စ်တိုးနီးယားစစ်သင် တန်းနည်းပြတွေ ပါဝင်သင်ကြားပေးမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ဗြိတိန်နိုင်ငံက စီစဉ်ဆောင်ရွက်တဲ့ သင်တန်းအစီအစဉ်မှာ အက်စ်တိုးနီးယား စစ်သင်တန်းနည်းပြတွေ ပါဝင်သင်ကြားပေးသွားမှာဖြစ်ကြောင်း အက်စ်တိုးနီးယားအစိုးရက ကြေညာလိုက်ပါ တယ်။

 

Interflex စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ဒီလေ့ကျင့်သင်ကြားမှုဟာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက် ရာမှာ ယူကရိန်းနိုင်ငံရဲ့ ခြေလျင်တပ်ဖွဲ့ဝင်တွေ၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်အရည်အသွေး တွေ ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ၂၀၂၂ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာအစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံမှာဆောင်ရွက်နေတဲ့ သင်တန်းတွေနဲ့ အက်စ်တိုးနီးယားနိုင်ငံမှာဆောင်ရွက်နေတဲ့ အထူးသင်တန်း တွေအတွက် အခြေခံသင်တန်းနည်းပြတွေကို အက်စ်တိုးနီးယားအစိုးရက ထောက်ပံ့သွားမှာဖြစ်ကြောင်း အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီး ဟန်နိုပက်ကာက ပြောပါတယ်။ ယူကရိန်းနိုင်ငံအတွက် ဥရောပသမဂ္ဂရဲ့ စစ်ရေးအထောက်အပံ့အဖွဲ့အတွက်လည်း အက်စ်တိုးနီးယားနိုင်ငံက ထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“လက်နက်ခဲယမ်းတွေ အဆက်မပြတ် ရရှိနေရုံသာမက ယူကရိန်းနိုင်ငံအနေနဲ့ ဒီစစ်ပွဲမှာ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးနေတဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အသစ်တွေလည်း ရရှိဖို့ လိုအပ်နေပါ တယ်။” လို့ ပက်ကာက ပြောပါတယ်။

 

“ဒါ့ကြောင့် အက်စ်တိုးနီးယားနိုင်ငံက Interflex စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော် တို့တပ်မတော်က စစ်သင်တန်းနည်းပြတွေ မကြာခင်မှာ ဗြိတိန်မှာသင်တန်းတက်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ကို သွားရောက်သင်ကြားပို့ချတော့မှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို ကျူးကျော်တိုက်ခိုက်လာတာကို တုံ့ပြန်ဖို့အတွက် ယူကရိန်းတပ်ဖွဲ့ဝင် တွေကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့ Orbital စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ လေ့ကျင့်သင်ကြားမှုအစီအစဉ်အ ဖြစ် Interflex စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

Orbital စစ်ဆင်ရေးအပြီးမှာ ဗြိတိန်နိုင်ငံနဲ့ မိတ်ဖက်နိုင်ငံတွေဟာ ယူကရိန်းတပ်ဖွဲ့ဝင် ၂၂,၀၀၀ ဦးကို လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ယူကရိန်းကိုသွားရောက်လည်ပတ် စဉ် Interflex စစ်ဆင်ရေး အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ် ဇွန်လမတိုင်ခင် Interflex စစ်ဆင်ရေးက ယူကရိန်းတပ်ဖွဲ့ဝင်သစ် ၁၇၀၀၀ ကျော်ကို စွမ်းရည်မြှင့် တင်သင်တန်းတွေ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့တပ် ဖွဲ့ဝင်ဦးရေ ၃၀,၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

 

“Interflex စစ်ဆင်ရေးဟာ ယူကရိန်းတပ်ဖွဲ့ဝင်သစ်တွေအတွက် အကြီးမားဆုံး နိုင်ငံတကာလေ့ကျင့်သင်ကြား မှုအစီအစဉ်ဖြစ်ပါတယ်။ အစီအစဉ်ကို မြှင့်တင်ရာမှာ အက်စ်တိုးနီးယားစစ်သင်တန်းနည်းပြတွေရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေကို ကြိုဆိုခွင့်ရတာ ကျွန်တော့်အနေနဲ့ အလွန်ဝမ်းမြောက်ပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန် ကြီး ဂရန့်ရှပ်စ်က ပြောပါတယ်။

 

Ref: Estonia Joins UK-Led Military Training Program for Kyiv

 

#PeopleMedia


Share this post