ယူကရိန်းတပ်မတော်အတွက် ဒေါ်လာ ၁ သန်းတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ သမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကို ထောက်ပံ့

PUBLISHED - October 21, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၁
ယူကရိန်းသမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကိုက ဒေါ်လာ ၁ သန်း တန်ကြေးရှိတဲ့ FPV ဒရုန်းအစင်း ၁၆၀၀ နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းတပ်မတော်ကို ထောက်ပံ့ပေးအပ်လိုက်ပါတယ်။
ဝယ်ယူထောက်ပံ့လိုက်တဲ့စစ်လက်ပစ္စည်းတွေထဲမှာ အင်ဂျင်နီယာ/ တိုက်ခိုက်ရေးအဖွဲ့တွေအတွက် မြေတူးစက် တွေ၊ Mavic ဒရုန်းတွေ၊ Vanilla Tsukorok ဒရုန်း ၂၅၇ စင်းနဲ့ မြေပြင်အမျိုးမျိုးသွားလာနိုင်တဲ့ စစ်သုံးယာဉ်တွေ ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ် ရုရှားကျူးကျော်စစ် စတင်လာကတည်းက ယူကရိန်းသမ္မတဟောင်းဟာ ၎င်းရဲ့ဖောင်ဒေးရှင်းက တစ်ဆင့် ယူကရိန်းတပ်မတော်ကို ပုံမှန်ထောက်ပံ့လာခဲ့ပါတယ်။
ပြီးခဲ့တဲ့လ နှောင်းပိုင်းကလည်း သမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကိုဟာ ဖောင်ဒေးရှင်းကတစ်ဆင့် ယူကရိန်း တပ်မတော်ကို Ai-Petri အီလက်ထရောနစ်စစ်ဆင်ရေးစနစ် သုံးစုံ လွှဲပြောင်းပေးခဲ့ပါတယ်။
“Ai-Petri အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ဟာ ရုရှားရဲ့ Orlans ၊ Supercams ၊ Lancets, ၊ Maviks ဒရုန်း တွေသာမက FPV ဒရုန်းတွေကိုတောင် ကာကွယ်နိုင်တဲ့အတွက် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို အကာအကွယ် ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။” လို့ ပိုရိုရှန်ကိုက ပြောပါတယ်။
အဲဒီအီလက်ထရောနစ်စနစ်မှာ ရေဒီယို-အီလက်ထရောနစ်စစ်ဆင်ရေးစတေရှင်တစ်ခု၊ ခေတ်မီရေဒါစတေရှင် တစ်ခုနဲ့ တန်ပြန်ဒရုန်းတိုက်ဖျက်ရေးကိရိယာတစ်ခုတို့ ပါဝင်ပါတယ်။
သမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကိုဟာ Ai-Petri အီလက်ထရောနစ်စစ်ဆင်ရေးစနစ် ဖွံံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေါ်လာ ၄.၈ သန်း ရင်းနှီးမြှုပ်နံှခဲ့တယ်လို့ ဆိုပါတယ်။
Ref: Former President Poroshenko Donates $1 Million in Military Aid to Ukraine
#PeopleMedia