• Follow Us on
Latest News

Home ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားစစ်လေယာဉ် ၆ စင်း ပျက်စီးဟုဆို

ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားစစ်လေယာဉ် ၆ စင်း ပျက်စီးဟုဆို

Share this post

နိုင်ငံတကာ၊ ဧပြီ ၆

 

ယူကရိန်းအရှေ့ပိုင်းမြို့တစ်မြို့က ခေါင်းဆောင်တစ်ဦးက ၎င်းတို့အနေနဲ့ ရုရှားတပ်တွေရဲ့ အဆက်မပြတ်ပစ် ခတ်မှုကို ခံနေရတယ်လု့ိ ပြောဆိုနေစဉ်အတွင်းမှာပဲ ယူကရိန်းတပ်တွေက ရုရှားလေတပ်စခန်းတစ်ခုမှာရှိတဲ့ ရုရှားစစ်လေယာဉ် ၆ စင်းထက်မနည်းဖျက်ဆီးနိုင်ခဲ့ကြောင်း သောကြာနေ့ (ဧပြီ ၅ ရက်နေ့) က ပြောကြားလိုက် ပါတယ်။

 

ယူကရိန်းအစိုးရဟာ သီတင်းပတ်များစွာအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုအဖြစ် ဒရုန်းအစင်းရေ ၅၀ ကျော်ကို ရုရှားပိုင်နက်ထဲကို စေလွှတ်တိုက်ခိုက်ခဲ့ရာ ဒရုန်း ၄၄ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာန အရာရှိတွေက ပြောပါတယ်။

 

ရုရှားနိုင်ငံ တောင်ပိုင်းရိုစတော့ဗ်ဒေသက မာရိုဇိုဗက်စ်ခ်လေတပ်စခန်းကို တိုက်ခိုက်ခဲ့ရာမှာ ရုရှားလေယာဉ် ၆ စင်းထက်မနည်း ပျက်စီးသွားခဲ့ပြီး နောက်ထပ်လေယာဉ် ၈ စင်းလည်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ ကြောင်း ယူကရိန်းလုံခြုံရေးတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

 

ရုရှားတပ်တွေဟာ မကြာသေးခင်က ယူကရိန်းဓာတ်အားပေးစက်ရုံတွေအပါအဝင် အရပ်ဘက်အခြေခံအ ဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

 

မာရိုဇိုဗက်စ်ခ်လေတပ်စခန်း တိုက်ခိုက်မှုကို ယူကရိန်းကြည်းတပ်နဲ့ ပူးပေါင်းပြီး ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းထောက်လှမ်းရေးအရာရှိတစ်ဦးက NBC သတင်းဌာနကို ပြောပါတယ်။

 

“မာရိုဇိုဗက်စ်ခ်လေတပ်စခန်းကို ကြည်းတပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ SBU တပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။ ရုရှားလေယာဉ် ၆ စင်းထက်မနည်း ပျက်စီးသွားခဲ့ပြီး လေတပ်တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် လောက် ဒဏ်ရာရ/သေဆုံးရှိခဲ့ကြောင်း သိရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းမြို့ကြီးတွေနဲ့ ရှေ့တန်းစခန်းတွေကို တိုက်ခိုက်နေတဲ့ ပဲ့ထိန်းဗုံးတွေကို အသုံးပြုကြဲချနေတဲ့ ရုရှားဗုံးကြဲ လေယာဉ်တွေဟာ အဲဒီမာရိုဇိုဗက်စ်ခ်လေတပ်စခန်းကို အသုံးပြုနေတာဖြစ်ကြောင်း အဆိုပါအရာရှိက ပြောပါ တယ်။

 

“ဒီတိုက်ခိုက်မှုဟာ ရုရှားတိုက်ခိုက်ရေးစွမ်းရည်ကို လျှော့ချပစ်မယ့် အရေးကြီးတဲ့ အထူးစစ်ဆင်ရေးတစ်ရပ်ဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။ ဒီသတင်းသာမှန်ကန်ခဲ့ရင် ဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ အောင်မြင်တဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေထဲ က တိုက်ခိုက်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

 

Ref: Ukraine claims it destroyed 6 Russian warplanes in a major drone attack

 

#PeopleMedia


Share this post