• Follow Us on

Home ယူကရိန်းနယ်စပ်ကို တပ်ဖွဲ့ဝင်တွေ၊ လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ ထပ်မံစေလွှတ်ထားကြောင်း ဘယ်လာရုစ်ပြော

ယူကရိန်းနယ်စပ်ကို တပ်ဖွဲ့ဝင်တွေ၊ လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ ထပ်မံစေလွှတ်ထားကြောင်း ဘယ်လာရုစ်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀

 

ဘယ်လာရုစ်နိုင်ငံဟာ ယူကရိန်းနယ်စပ်ကို နောက်ထပ် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ လေယာဉ် တွေနဲ့ သံချပ်ကာယာဉ်တွေကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဘယ်လာရုလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အကြီး အကဲ ဗိုလ်မှူးချုပ် အန်ဒရီလူခီနိုဗစ်က သြဂုတ်လ ၁၉ ရက်နေ့ (တနင်္လာနေ့) က ပြောကြားလိုက်ပါတယ်။

 

အခုနွေရာသီမှာ ဘယ်လာရုစ်တပ်မတော်အင်အား သုံးပုံတစ်ပုံကို နယ်စပ်ဒေသကို ပို့ဆောင်ခဲ့ကြောင်း ဘယ် လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ဗိုလ်မှူးချုပ် အန်ဒရီလူခီနို ဗစ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

နယ်စပ်ဒေသတစ်လျှောက် အခုလို တပ်ဖြန့်ချထားတာဟာ ဘယ်လာရုစ်နဲ့ ယူကရိန်းနိုင်ငံကြား နားလည်မှုလွဲ မှားခဲ့တဲ့ရလဒ်ကြောင့်ဖြစ်တယ်လို့ လူကာရှန်ကိုက ပြောပါတယ်။

 

လေယာဉ်တွေအပြင် လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ ရေဒီယိုနည်းပညာတပ်ဖွဲ့တွေကိုလည်း နယ်စပ်ဒေသကို စေ လွှတ်ထားကြော်း လူကာရှန်ကိုက အစိုးရပိုင်ရုပ်သံဌာနက ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါ တယ်။

 

ယူကရိန်းကတက်လာတဲ့ လေကြောင်းပစ်မှတ်တချို့ကို ဘယ်လာရုစ်လေကြောင်းရန်ကာကွယ်ရေးက ပစ်ချခဲ့ ပြီးနောက် နယ်စပ်ဒေသကို ဘယ်လာရုစ်တပ်တွေ စေလွှတ်ဖို့ သမ္မတလူကာရှန်ကိုက သြဂုတ်လ ၉ ရက်နေ့မှာ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

 

သမ္မတလူကာရှန်ကိုက အဲဒီဒရုန်းတွေဟာ ယူကရိန်းဒရုန်းတွေဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပေမဲ့ ၎င်းရဲ့စွပ်စွဲပြော ဆိုချက်ဟာ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲပြောဆိုချက်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ လူကာရှန်ကိုက တပ်တွေစေလွှတ်ဖို့ အမိန့်ပေးထားတယ်ဆိုပေမဲ့ ဘယ်လာရုစ်-ယူကရိန်း နယ်စပ်တစ်လျှောက် မှာ တပ်အင်အားဖြည့်တင်းထားတဲ့အရိပ်လက္ခဏာ လုံးဝမတွေ့ရကြောင်း ယူကရိန်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့က သြဂုတ်လ ၁၁ ရက်နေ့က ပြောပါတယ်။

 

နယ်စပ်ကို တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်မံစေလွှတ်ထားတယ်ဆိုတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ပြောစကားနဲ့ပတ်သက်ပြီး ယူကရိန်းနိုင်ငံဘက်က ပြန်လည်အတည်ပြုထားတာမရှိပါဘူး။

 

Ref: Belarus sends more troops, aircraft to border with Ukraine

 

#PeopleMedia


Share this post