• Follow Us on

Home ယူကရိန်းနိုင်ငံက စစ်မြေပြင်မှာ 3D ကင်းထောက်ဒရုန်းတွေ စမ်းသပ်နေ

ယူကရိန်းနိုင်ငံက စစ်မြေပြင်မှာ 3D ကင်းထောက်ဒရုန်းတွေ စမ်းသပ်နေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄

 

ယူကရိန်းကြည်းတပ်ဟာ တာဝေးပျံသန်းနိုင်တဲ့ 3D ကင်းထောက်ဒရုန်း (သုံးဖက်မြင်ရုပ်လုံးကြွကင်းထောက် ဒရုန်း) တွေကို စစ်ဆင်ရေးနယ်မြေတွေမှာ စမ်းသပ်နေပါတယ်။

 

အမေရိကန်-ယူကရိန်း NGO တစ်ခုကိုယ်စား ဂျာမန် Donaustahl GmbH ကုမ္ပဏီက တိုက်တန်ဖော်ကန်ဒရုန်း (Titan Falcon drone) တချို့ကို ယူကရိန်းစစ်တပ်အတွက် ထုတ်လုပ်ပေးနေကြောင်း Defense Blog မှာရေး သားဖော်ပြထားပါတယ်။

 

ဂျာမန်ကုမ္ပဏီကပို့ဆောင်ပေးလိုက်တဲ့ Titan Falcon ဒရုန်းသုံးစင်းထဲက နှစ်စင်းကို လက်ရှိအချိန်မှာ စစ်မြေပြင် မှာ စမ်းသပ်နေတယ်လို့ Defense Blog က ပြောပါတယ်။

 

Titan Dynamics Inc ဒီဇိုင်းရေးဆွဲထားတဲ့ အဲဒီ Titan Falcon ဒရုန်းဟာ တစ်ဆက်တည်း ၆ နာရီကြာပျံသန်း နိုင်ပြီး ကီလိုမီတာ ၄၀၀ (၂၄၈ မိုင်) အထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

စောင့်ကြည့်ထောက်လှမ်းတာဝန်ထမ်းဆောင်ရာမှာ First Person View ကင်မရာတစ်လုံးပါဝင်တဲ့ ဒီဒရုန်းမှာ စွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် ၂.၅ လက်မ မှန်ပြောင်းတစ်ခု တပ်ဆင်ထားပါတယ်။

 

ယူကရိန်းကိုထောက်ခံနေတဲ့နိုင်ငံတွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းနည်းနဲ့ ယူကရိန်းနိုင်ငံကို လက်နက် တွေ ပိုပြီး မြန်မြန်ဆန်ဆန်တင်ပို့နိုင်ရေးအတွက် 3D ရိုက်ကူး/ထုတ်လုပ်ရေးတို့လို နည်းပညာအသစ်တွေကို စတင်အသုံးပြုနေကြပါတယ်။

 

ဗြိတိန်နိုင်ငံဟာ လျှို့ဝှက်စီမံချက်တစ်ခုအနေနဲ့ ယူကရိန်းနိုင်ငံအတွက် 3D ဒရုန်းတွေကို အခုနှစ်အစောပိုင်းကာ လက စမ်းသပ်မှုအများအပြားပြုလုပ်ခဲ့ပါတယ်။

 

အလားတူ တပ်ဖွဲ့ဝင်သယ်ယူပို့ဆောင်ရေးယာဉ် (လေယာဉ်/သံချပ်ကာယာဉ်/သင်္ဘော) တွေနဲ့ လက်နက်တွေ လို စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ရာမှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေ လျင်မြန်စွာထုတ်လုပ်နိုင်ရေး အ ထောက်အကူဖြစ်ဖို့အတွက် သြစတေးလျ ကုမ္ပဏီတစ်ခုကလည်း ယူကရိန်းနိုင်ငံကို ပြီးခဲ့တဲ့လက 3D metal printer ခြောက်လုံး တင်ပို့ပေးခဲ့ပါတယ်။

 

Ref: Ukraine Testing Long-Range 3D-Printed Drones on Frontline

 

#PeopleMedia


Share this post