• Follow Us on
Latest News

Home ယူကရိန်းနိုင်ငံက ၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့စုစုပေါင်းဘတ်ဂျက်ထက်ဝက်ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်

ယူကရိန်းနိုင်ငံက ၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့စုစုပေါင်းဘတ်ဂျက်ထက်ဝက်ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

 

ယူကရိန်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် နိုင်ငံတောဘတ်ဂျက်အားလုံးရဲ့ထက်ဝက်ကို စစ်ရေးအသုံးစရိတ်အဖြစ်အသုံးပြု ဖို့ ယူကရိန်းလွှတ်တော်အမတ်တွေက ကြာသပတေးနေ့ (နိုဝင်ဘာလ ၉ ရက်နေ့) က ထောက်ခံမဲပေးပြီး ခွင့်ပြု လိုက်ပါတယ်။

 

ကာလပိုမိုကြာရှည်လာနိုင်တဲ့စစ်ပွဲအတွက် နှစ်ဖက်စလုံးကပြင်ဆင်နေကြရင်း ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံး ဟာ လက်နက်ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ်နေသလို စစ်ပွဲစတင်ကတည်းက စစ်ရေးအသုံးစရိတ်ကို သိသိသာ သာတိုးမြှင့်သုံးစွဲခဲ့ကြပါတယ်။

 

၂၀၂၃ ခုနှစ်က အသုံးစရိတ်ဝန်းကျင်ရှိတဲ့ ယူကရိန်းငွေ ဟာရစ်နီးယား ၁.၇ ထရီလီယန် (ဒေါ်လာ ၄၇ ဘီလျံ ဝန်းကျင်) ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲသွားမှာဖြစ်ကြောင်း ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အခုသုံးစွဲမယ့်ခွင့်ပြုငွေပမာဏဟာ ပညာရေး၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနသုံးခုပေါင်း သုံးစွဲမယ့် ဘတ်ဂျက်ထက်ပိုနေပြီး နိုင်ငံရဲ့စုစုပေါင်းခန့်မှန်းအသုံးစရိတ် ဒေါ်လာ ၉၃ ဘီလျံရဲ့ တစ်ဝက်ဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။

 

စစ်ဖြစ်နေစဉ်ကာလအတွင်း နိုင်ငံရဲ့စီးပွားရေး ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ယူကရိန်းနိုင်ငံဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ အမေရိကန်ပြည်ထောင်စုလို အနောက်မဟာမိတ်နိုင်ငံတွေဆီက ဘဏ္ဍာရေး အ ထောက်အပံ့တွေပေါ်ကို အများအပြား မှီခိုအားထားနေရပါတယ်။

 

ယူကရိန်းအစိုးရက ၎င်းတို့အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း IMF က ခန့်မှန်းထားတဲ့လိုအပ် ချက်ပမာဏအတိုင်း လာမယ့်နှစ်အတွက် နေ့စဉ်အသုံးစရိတ်ထောက်ပံ့ဖို့ ပြင်ပအကူအညီ ဒေါ်လာ ၄၁ ဘီလျံလိုအပ်ကြောင်း ပြော ပါတယ်။

 

“နိုင်ငံတော်ဘတ်ဂျက်ဦးစားပေးခွဲဝေမှုတွေက ရှင်းပါတယ်။ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရေး၊ ပြည်သူ့ကာ ကွယ်ရေး၊ စစ်မှုထမ်းဟောင်းများထောက်ပံ့ရေး၊ လူမှုအဆင့်အတန်းမြှင့်တင်ရေးနဲ့ စီးပွားရေးပြန်လည်ကောင်း မွန်လာစေရေးတို့အတွက်ဖြစ်ပါတယ်။” လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

 

“စစ်ပွဲအနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ ဒရုန်းတွေ ပိုမိုဝယ်ယူရမှာဖြစ်သလို ပြည်တွင်းမှာလည်း လက်နက်တွေ ပိုမိုထုတ်လုပ်ရမှာဖြစ်ပါတယ်။” လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

 

စစ်ပွဲအောင်မြင်ရေးအတွက် ဘတ်ဂျက်ရင်းမြစ်တွေကို ခွဲဝေသုံးစွဲရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာ ဇီ လန်စကီးက တနင်္လာနေ့ညနေပိုင်းက မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

 

“ဘတ်ဂျက်တွေကို လမ်းခင်းဖို့၊ လမ်းတွေပြင်ဖို့ထက် စစ်ရေးအထောက်အကူဖြစ်စေဖို့အတွက် ခွဲဝေသုံးစွဲဖို့ ပြည် သူတွေကတောင်းဆိုနေကြောင်း ကျွန်တော်တို့ အားလုံးသိကြပါတယ်။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ အရင်းအမြစ်အားလုံးကို ယူကရိန်းနိုင်ငံ ပိုမိုအားကောင်းလာအောင် သုံးစွဲသင့်ပါတယ်။” လို့ ဇီလန်စကီးက ပြော ပါတယ်။

 

Ref: Ukraine to Spend Half of 2024 Budget on Defense

 

#PeopleMedia


Share this post