• Follow Us on
Latest News

Home ယူကရိန်းနိုင်ငံတွင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရာမှာ ကူညီဖို့ ယူကရိန်းနဲ့ အမေရိကန် သဘောတူစာချုပ် လက်မှတ်ရေးထိုး

ယူကရိန်းနိုင်ငံတွင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရာမှာ ကူညီဖို့ ယူကရိန်းနဲ့ အမေရိကန် သဘောတူစာချုပ် လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၉

 

ယူကရိန်းကိုအနောက်နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေ လျော့ကျသွားရင် ယူကရိန်းစစ်ပွဲမှာ ရုရှား အနိုင်ရသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်လာနေစဉ်အတွင်း ယူကရိန်းနိုင်ငံ လက်နက်ခဲယမ်းထုတ် လုပ်ရာမှာ ကူညီဖို့အတွက် ယူကရိန်းနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ သဘောတူစာချုပ်တစ်ရပ်လက်မှတ် ရေးထိုးလိုက်ကြောင်း ယူကရိန်းနိုင်ငံက ကြာသပတေးနေ့ (ဒီဇင်ဘာလ ၇ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

ရုရှားကျူးကျော်စစ် စတင်ကတည်းက ရုရှားတပ်တွေကို ခုခံတိုက်ခိုက်ဖို့အတွက် ယူကရိန်းနိုင်ငံဟာ အနောက် နိုင်ငံတွေဆီက လက်နက်ခဲယမ်းတွေကို အားကိုးခဲ့ရပါတယ်။

 

ဒါပေမဲ့ စစ်ပွဲကာလ နှစ်နှစ်နီးပါးကြာမြင့်လာတဲ့အချိန်မှာတော့ ယူကရိန်းအတွက် ဘဏ္ဍာရေးအကူအညီတွေနဲ့ စစ်ရေးအကူအညီတွေထောက်ပံ့ရာမှာ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုဟာ အားအင်ကုန်ခမ်းလာ တဲ့လက္ခဏာတွေ ပြသလာကြပါတယ်။

 

“သဘောတူစာချုပ်မူကြမ်းမှာ ထိပ်တန်းဦစားပေးသဘောတူညီချက်တစ်ရပ်အဖြစ် စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးစက်ရုံကို ယူကရိန်းနိုင်ငံထဲမှာတည်ဆောက်သွားမှာဖြစ်ပါတယ်။” လို့ ယူကရိန်းသမ္မတရုံးရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“ဒီသဘောတူစာချုပ်အရ ကျွန်တော်တို့တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းတွေ အထူးသဖြင့် လေ ကြောင်းရန်ကာကွယ်ရေးလက်နက်တွေ၊ အရေးကြီးတဲ့ခဲယမ်းတွေ ထုတ်လုပ်မှုတွေနဲ့ အရေးပေါ်ပြင်ဆင်မှု/ ပြုပြင်ထိန်းသိမ်းမှုတို့ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံထဲမှာ ထုတ်လုပ်မှုစက်ရုံတွေတည်ဆောက် ရေးကို ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

အခုသီတင်းပတ်အတွင်း ဝါရှင်တန်မှာကျင်းပခဲ့တဲ့ ယူကရိန်းနဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများအစည်းအဝေးအတွင်း အဲဒီစီမံချက်တွေကိုဆွေးနွေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

“အဲဒီအစည်းအဝေးကို အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပဒေသက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၃၅၀ နဲ့ အစိုးရအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အထောက်အပံ့တွေမရတော့ရင် တစ်ပတ်အတွင်း ပြိုလဲသွားမှာဖြစ်ကြောင်း အခုနှစ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။

 

ဥရောပအနေနဲ့ ယူကရိန်းအတွက် တစ်နှစ်အတွင်း အမြောက်ကျည် တစ်သန်းပို့ဆောင်ပေးမယ့် ရည်မှန်းချက် ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးက မကြာသေးခင်ကပဲ ဝန်ခံ ပြောကြားခဲ့ပါတယ်။

 

ဂျာမနီနိုင်ငံက Rheinmetall ကုမ္ပဏီ၊ ဗြိတိန်နိုင်ငံက BAE Systems အပါအဝင် အနောက်အုပ်စုစစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ လေးငါးခုဟာ ယူကရိန်းနိုင်ငံထဲမှာ ယူကရိန်းကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး စစ်လက် နက်ပစ္စည်းတွေထုတ်လုပ်သွားဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပြီးသားဖြစ်ပါတယ်။

 

Ref: Kyiv, US Aim to Move Arms Production to Ukraine: Statement

 

#PeopleMedia


Share this post