• Follow Us on

Home ယူကရိန်းနိုင်ငံထဲမှာ ဘယ်နိုင်ငံက စစ်စခန်းလာဆောက်ဆောက် ရုရှားနိုင်ငံက တိုက်ခိုက်မှာဖြစ်ကြောင်း မက်ဗီဒက်ဗ်ပြော

ယူကရိန်းနိုင်ငံထဲမှာ ဘယ်နိုင်ငံက စစ်စခန်းလာဆောက်ဆောက် ရုရှားနိုင်ငံက တိုက်ခိုက်မှာဖြစ်ကြောင်း မက်ဗီဒက်ဗ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

 

ယူကရိန်းနိုင်ငံထဲမှာ နိုင်ငံခြားတပ်တစ်ခုခု လာရောက်အခြေစိုက်မယ်ဆိုရင် ဘယ်နိုင်ငံခြားတပ်ပဲဖြစ်ဖြစ် ရုရှား နိုင်ငံက တိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်ဗ်က တယ်လီဂ ရမ်မှာ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ဥရောပသမဂ္ဂက ရေးဆွဲပေးထားတဲ့ လုံခြုံရေးအာမခံခြင်းကြေညာချက်ကို ရည်ညွှန်းပြီး အဲဒီကြေညာချက်ဟာ ဘာတန်ဖိုးမှမရှိတဲ့ “အသုံးမဝင်တဲ့စက္ကူအပိုင်းအစတစ်ရွက်” ဖြစ်ကြောင်း မက်ဗီဒက်ဗ်က ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီကြေညာချက်အရ ယူကရိန်းမြေပေါ်မှာ စစ်စခန်းလာရောက်တည်ဆောက်ခြင်းအပါအဝင် လက်နက် ထောက်ပံ့ရေး၊ တပ်ဖွဲ့ဝင်တွေ စစ်သင်တန်းပေးရေး၊ စစ်ရေးစီမံချက်တွေအတွက် ရန်ပုံငွေထောက်ပံ့ရေးနဲ့ အ ကြောင်းအရာများစွာအတွက် တခြားနိုင်ငံတွေနဲ့ သီးခြားသဘောတူစာချုပ်တွေ ချုပ်ဆိုဖို့ အခွင့်အလမ်းတွေပါ ယူကရိန်းနိုင်ငံကို ပေးထားတယ်လို့ ဆိုပါတယ်။

 

“ဒါဟာ ကစားပွဲအစီအစဉ်တစ်ခုပါပဲ။ ရုရှားနဲ့ စစ်မဖြစ်ချင်ဘူးဆိုရင် နေတိုးအဖွဲ့ဝင်ခွင့်ပြုလို့မရပါဘူး။ ဒါပေမဲ့ နေ တိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းနဲ့ ပေါင်းသင်းဆက်ဆံတာကိုတော့ ပိတ်ပင်တားဆီးထားတာလုံးဝမရှိပါဘူး။ တ တယ်တော့ လက်ရှိအချိန်မှာ မေးခွန်းက ဝါရှင်တန်စာချုပ်ရဲ့ အပိုဒ် ၅ ကို သူတို့ဘယ်လိုဘာသာပြန်ကြသလဲဆို တာပါပဲ။” လို့ မက်ဗီဒက်ဗ်က ပြောပါတယ်။

 

တခြားနည်းလမ်းနဲ့ ပြောရမယ်ဆိုရင် ရုရှားနိုင်ငံက (ရုရှားကို တိုက်ခိုက်ဖို့အတွက် မဖြစ်မနေ တပ်ဖွဲ့ဝင်တွေကို အခြေစိုက်ခွင့်ပေးထားတဲ့) အဲဒီလိုစခန်းတစ်ခုကို တိုက်ခိုက်လာပြီဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အခြေ ချထားတဲ့ အဲဒီစခန်းတစ်ခုကို တိုက်ခိုက်လာတဲ့အတွက် နေတိုးမဟာမိတ်နိုင်ငံတွေဟာ အားလုံးပြင်ဆင်ပြီး စု ပေါင်းကာကွယ်ကြမှာလား လို့ ၎င်းက မေးလိုက်ပါတယ်။

 

စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်တာဟာ “အဖွဲ့ဝင်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေကိုဖြစ်စေ၊ သင်္ဘောတွေကို ဖြစ်စေ၊ လေယာဉ်တွေကိုဖြစ်စေ လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြထားတဲ့” နေတိုးအဖွဲ့စာချုပ်ပါ အပိုဒ် ၆ ကို အသက်သွင်းဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်သွားမှာဖြစ်ကြောင်း မက်ဗီဒက်ဗ်က ပြော ပါတယ်။

 

“ဒါဟာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ တုံ့ပြန်မှုဟာ စစ်ရေးအရတုံ့ပြန်မှုဖြစ်စေ မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီးတိုက်ခိုက်တဲ့တုံ့ပြန်မှုဖြစ်စေဖြစ်ဖို့ မလိုအပ်ဘူးလို့ အပိုဒ် ၅ မှာ ဖော်ပြထားပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အဲဒီအပိုဒ်အရ အတူတကွစုပေါင်းတုံ့ပြန်နိုင်သလို ယူကရိန်းနယ်မြေထဲမှာရှိတဲ့ စစ်စခန်းကိုထားခဲ့ပြီးတော့ လည်းထွက်ခွာသွားနိုင်တယ်လု့ိ ယူဆနိုင်ပါတယ်။ တုံ့ပြန်မှုဟာ စစ်ရေးအရတုံ့ပြန်မှု ဖြစ်နိုင်သလို စစ်ရေးအသုံး မပြုတဲ့တုံ့ပြန်မှုလည်း ဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် ဘာမှအမြင်မှားမနေပါနဲ့။ ဒါဟာ ပျောက်ဆုံးနေတဲ့ ကယ်ပေါက် တစ်ခုဖြစ်ပါတယ်။ ဒါကို ယူကရိန်းအစိုးရ စွဲနေအောင်မှတ်ထားဖို့ လိုတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြောက်အတ္တလန်တိတ်စာချုပ်ခေါ် နေတိုးအဖွဲ့စာချုပ် အပိုဒ် ၅ မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရရင် ကျန် တဲ့အဖွဲ့ဝင်နိုင်ငံတွေအားလုံးက ပြန်လည်တိုက်ခိုက်ကြရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ပြဋ္ဌာန်းထားပါတယ်။

 

Ref: Russia ready to strike any foreign military base in Ukraine

 

#PeopleMedia


Share this post