ယူကရိန်းနဲ့ ဆွေးနွေးဖို့ ရုရှားဘက်က အသင့်ရှိကြောင်း ပူတင်ပြော
PUBLISHED - September 6, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၆
စေ့စပ်ညှိနှိုင်းဖို့ အကြံပြုချက်တွေကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ပြီးနောက် ယူကရိန်းတပ်တွေ ကာ့စ်ခ်ဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း ယူကရိန်းနိုင်ငံနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ရုရှားသမ္မတ ဗ လာဒီမာပူတင်က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ယူကရိန်းတပ်အများအပြားဟာ သြဂုတ်လအတွင်းက ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို နယ်စပ်ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်အင်အား ထောင်ပေါင်းများစွာပါဝင်ခဲ့ပြီး အဲဒီဒေသက ကျေးရွာတချို့ကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီအချိန်က ဘာစေ့စပ်ညှိနှိုင်းမှုမှ လုပ်စရာမရှိဘူးလို့ ပြောကြားခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပဲ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ဆွေးနွေးဖို့ အသင့်ရှိနေပေမဲ့ ၂၀၂၂ ခုနှစ်က အစ္စတန်ဘူလ်မှာ ရုရှားနဲ့ ယူကရိန်း စေ့စပ်ညှိ နှိုင်းရေးသမားတွေကြားက ပြန်လည်ဖျက်သိမ်းခဲ့ပြီး လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့တဲ့ သဘောတူညီ မှုကို အခြေခံဆွေးနွေးမှာဖြစ်ကြောင်း ပူတင်က ဗလာဒီဗော့စတော့ခ်မြို့မှာကျင်းပတဲ့ ရုရှားအရှေ့ဖျားစီးပွားရေး ဖိုရမ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
“စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိနေရဲ့လားလို့ မေးမယ်ဆိုပါတော့။ ကျွန်တော်တို့ ဘယ်တုန်းကမှ မငြင်းခဲ့ပါဘူး။ ဒါ ပေမဲ့ ရေတိုပေါ်ပင်တောင်းဆိုချက်တွေအပေါ် အခြေခံမှာတော့ မဟုတ်ဘူး။ အစ္စတန်ဘူလ်မှာ ကျွန်တော်တို့ သ ဘောတူညီခဲ့တဲ့အချက်အလက်တွေပေါ် အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။” လို့ ပူတင်က ပြောပါတယ်။
ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ပြီး အချိန်တိုအတွင်းမှာပဲ ၂၀၂၂ ခုနှစ် နွေဦးရာသီမှာ ရုရှားနဲ့ ယူက ရိန်းဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းနားကို ရောက်ခါနီးပါပြီလို့ ရုရှားအစိုးရက အကြိမ်ကြိမ်ပြောကြားခဲ့ဖူးပါ တယ်။
“ကျွန်တော်တို့ သဘာတူညီမှုတစ်ခု ရအောင် လုပ်နိုင်ခဲ့ပါတယ်။ အဓိကအချက်က ဒါပါပဲ။ အဲဒီစာချုပ်မှာ လက် မှတ်ရေးထိုးခဲ့တဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ရဲ့ လက်မှတ်က ဒီကိစ္စအတွက် သက်သေပြနေတာ ပါပဲ။ ဒါဟာ ရရှိထားတဲ့ သဘောတူညီချက်ကို ယေဘုယျအားဖြင့် ယူကရိန်းဘက်က သဘောတူကျေနပ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။” လို့ ပူတင်က ပြောပါတယ်။
“ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပ … ဥရောပနိုင်ငံတချို့က ရုရှားကို မဟာဗျူဟာမြောက်အနိုင်ရချင် တဲ့အတွက် သူတို့ (ယူကရိန်းတွေ) ကို အဲဒီလိုမလုပ်ဖို့ အမိန့်ပေးထားတာကြောင့်သာ အဲဒီစာချုပ်က အသက် ဝင်မလာခဲ့ပါဘူး။” လို့ ပူတင်က ပြောပါတယ်။
Ref: Putin Says Russia Ready for Talks with Ukraine
#PeopleMedia